ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ပေ 2:13-25 Common Language Bible (BCL)

13. သ​ခင်​ဘု​ရား​၏​မျက်​နှာ​တော်​ကို​ထောက်​၍ လူ​အာ​ဏာ​ပိုင်​ရှိ​သ​မျှ​တို့​၏​အုပ်​စိုး​ခြင်း ကို​ဝန်​ခံ​ကြ​လော့။ ဘု​ရင်​ဧ​က​ရာဇ်​မင်း​အား အ​ချုပ်​အ​ခြာ​အာ​ဏာ​ပိုင်​အ​ဖြစ်​ဖြင့်​လည်း ကောင်း၊-

14. ဘု​ရင်​ခံ​များ​အား​လူ​ဆိုး​တို့​ကို​အ​ပြစ်​ပေး ရန်​နှင့်၊ လူ​ကောင်း​တို့​ကို​ချီး​မြှင့်​ရန်​ဘု​ရင် ဧ​က​ရာဇ်​ခန့်​ထား​သော​သူ​များ​အ​ဖြစ်​ဖြင့် လည်း​ကောင်း​လက်​ခံ​ကြ​လော့။-

15. သင်​တို့​သည်​မိ​မိ​တို့​၏​အ​ကျင့်​ကောင်း​အား​ဖြင့် အ​သိ​ဉာဏ်​ကင်း​မဲ့​သည့်​လူ​မိုက်​တို့​၏​နှုတ်​ကို ပိတ်​ရန်​ဘု​ရား​သ​ခင်​အ​လို​တော်​ရှိ​တော်​မူ​၏။-

16. သင်​တို့​သည်​လွတ်​လပ်​သူ​များ​အ​နေ​ဖြင့်​ပြု​မူ နေ​ထိုင်​ကြ​လော့။ သို့​ရာ​တွင်​ဆိုး​ညစ်​မှု၊ တစ်​စုံ တစ်​ရာ​ကို​ဖုံး​ကွယ်​ရန်​အ​တွက်​မိ​မိ​တို့​၏ လွတ်​လပ်​မှု​ကို​အ​သုံး​မ​ပြု​ကြ​နှင့်။ သို့​ရာ တွင်​သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​ကျွန်​များ အ​ဖြစ်​ဖြင့်​ပြု​မူ​နေ​ထိုင်​ကြ​လော့။-

17. ခပ်​သိမ်း​သော​သူ​တို့​ကို​လေး​စား​ကြ​လော့။ ယုံ​ကြည် သူ​တို့​ကို​ချစ်​ကြ​လော့။ ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့ ကြ​လော့။ ဘု​ရင်​ဧ​က​ရာဇ်​မင်း​အား​ရို​သေ​ကြ​လော့။

18. အ​စေ​ခံ​တို့၊ သင်​တို့​သည်​မိ​မိ​တို့​သ​ခင်​များ​၏ အုပ်​စိုး​ခြင်း​ကို​ဝန်​ခံ​ရ​ကြ​မည်။ စိတ်​ကောင်း​ရှိ​၍ ညှာ​တာ​ထောက်​ထား​တတ်​သော​သ​ခင်​များ​ကို သာ​မ​ဟုတ်၊ ကြမ်း​ယုတ်​သော​သ​ခင်​တို့​ကို လည်း​အ​လွန်​ကြောက်​ရွံ့​ရို​သေ​ကြ​လော့။-

19. သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​အ​လို​တော်​ကို သိ​သ​ဖြင့် မိ​မိ​တို့​မ​ခံ​ထိုက်​သော​ဆင်း​ရဲ​ဒုက္ခ များ​ကို​မ​ညည်း​မ​ညူ​ဘဲ​ခံ​ကြ​ပါ​မူ ဘု​ရား သ​ခင်​သည်​သင်​တို့​အား​ကောင်း​ချီး​ပေး​တော် မူ​လိမ့်​မည်။-

20. သင်​တို့​သည်​မိ​မိ​တို့​ပြု​မိ​သည့်​အ​မှား​များ အ​တွက်​ခံ​ထိုက်​သော​အ​ပြစ်​များ​ကို​မ​ညည်း မ​ညူ​ဘဲ​ခံ​ကြ​ပါ​မူ သင်​တို့​အား​အ​ဘယ်​သို့ လျှင်​ချီး​မွမ်း​စ​ရာ​ရှိ​မည်​နည်း။ သို့​ရာ​တွင် အ​မှန်​ကို​ပြု​လျက်​ဒုက္ခ​ဆင်း​ရဲ​ကို​ခံ​ရ​သော အ​ခါ မ​ညည်း​မ​ညူ​ဘဲ​ခံ​ကြ​လျှင်​မူ​ကား ဘု​ရား​သ​ခင်​သည်​သင်​တို့​အား​ကောင်း​ချီး ပေး​တော်​မူ​လိမ့်​မည်။-

21. ဤ​နည်း​အ​တိုင်း​ပြု​မူ​စေ​ရန်​သင်​တို့​အား ကိုယ်​တော်​ရွေး​ကောက်​တော်​မူ​ခြင်း​ဖြစ်​ပေ သည်။ ခ​ရစ်​တော်​ကိုယ်​တိုင်​ပင်​လျှင်​သင်​တို့ အ​တွက်​ဒုက္ခ​ဝေ​ဒ​နာ​ခံ​တော်​မူ​၍ ခြေ​တော် ရာ​ကို​သင်​တို့​လိုက်​လျှောက်​နိုင်​စေ​ရန်​စံ​န​မူ နာ​ထား​ခဲ့​ပြီ။-

22. ကိုယ်​တော်​သည်​အ​ပြစ်​မ​ကူး၊ မု​သား​ကို လည်း​အ​ဘယ်​အ​ခါ​၌​မျှ​သုံး​တော်​မ​မူ။-

23. မိ​မိ​အား​ပုတ်​ခတ်​ပြော​ဆို​သော​အ​ခါ​တုံ့​ပြန် ပုတ်​ခတ်​ပြော​ဆို​မှု​ပြု​တော်​မ​မူ။ ဝေ​ဒ​နာ​ခံ တော်​မူ​ရ​သော​အ​ခါ​ခြိမ်း​ခြောက်​တော်​မ​မူ​ဘဲ ဖြောင့်​မှန်​စွာ​တ​ရား​စီ​ရင်​တော်​မူ​သော​ဘု​ရား သ​ခင်​၏​လက်​တော်​သို့​မိ​မိ​၏​အ​မှု​ကို​အပ် တော်​မူ​၏။-

24. ငါ​တို့​သည်​အ​ပြစ်​ဒု​စ​ရိုက်​ကို​အ​မြစ်​ဖြတ် ၍​ဖြောင့်​မတ်​ခြင်း​အ​တွက်​အ​သက်​ရှင်​နိုင် ကြ​စေ​ရန် ကိုယ်​တော်​တိုင်​ပင်​လျှင်​ငါ​တို့​၏ အ​ပြစ်​များ​ကို​ကိုယ်​ခန္ဓာ​တော်​ပေါ်​တွင်​ယူ ဆောင်​ကာ​လက်​ဝါး​ကပ်​တိုင်​၌​ဒုက္ခ​ဝေ​ဒ​နာ ခံ​တော်​မူ​၏။ ငါ​တို့​သည်​ကိုယ်​တော်​၏​ဒဏ်​ရာ ဒဏ်​ချက်​များ​အား​ဖြင့်​အ​နာ​ပျောက်​လျက် ရှိ​ကြ​၏။-

25. သင်​တို့​သည်​သိုး​များ​ကဲ့​သို့​လမ်း​လွဲ​ခဲ့​ကြ သော်​လည်း ယ​ခု​အ​ခါ​၌​သင်​တို့​၏​ဝိ​ညာဉ် တို့​ကို​ထိန်း​သိမ်း​စောင့်​ရှောက်​တော်​မူ​သော အ​ရှင့်​သိုး​ထိန်း​ကြီး​ထံ​သို့​ပြန်​လည်​ရောက် ရှိ​ကြ​လေ​ပြီ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ပေ 2