8. မိမိ၏ဆွေမျိုးသားချင်း၊ အထူးသဖြင့် မိမိ အိမ်ထောင်စုသားတို့အားမပြုစုဘဲနေသော သူသည် ယုံကြည်ခြင်းတရားတော်ကိုပစ်ပယ် သူဖြစ်၍ မယုံကြည်သူထက်ပို၍ပင်ဆိုးရွား ပေသည်။
9. မုဆိုးမတစ်ယောက်သည်အသက်ခြောက်ဆယ် ကျော်မှသာလျှင် မုဆိုးမစာရင်းတွင်နာမည် သွင်းပါ။ သူသည်တစ်ကြိမ်သာလျှင်ထိမ်းမြား လက်ထပ်ခဲ့သူဖြစ်ရမည်။-
10. ထို့အပြင်ကောင်းမှုကြောင့်အသရေရှိသူဖြစ် ရမည်။ မိမိ၏သားသမီးများကိုကောင်းစွာ ပြုစုစောင့်ရှောက်ခဲ့သူ၊ ဧည့်ဝတ်ကျေပွန်သူ၊ ဘုရားသခင်၏လူစုတော်ဝင်တို့ခြေကိုဆေး သူ၊ ဒုက္ခရောက်သူတို့အားကူညီမစသူ၊ ကောင်း မှုအမျိုးမျိုးကိုကြိုးစားလုပ်ဆောင်ခဲ့သူ ဖြစ်ရမည်။
11. အသက်အရွယ်ငယ်သောမုဆိုးမတို့အား မုဆိုးမစာရင်းတွင်မသွင်းနှင့်။ အဘယ်ကြောင့် ဆိုသော်သူတို့သည်မိမိတို့အလိုဆန္ဒကို မထိန်းမသိမ်းနိုင်ကြသောအခါ အိမ်ထောင် ပြုလိုသဖြင့်ခရစ်တော်ကိုပစ်ပယ်တတ် ကြသောကြောင့်ဖြစ်၏။-
12. သို့ဖြစ်၍သူတို့သည်မိမိတို့အစက ကိုယ်တော်အားပေးခဲ့သည့်ကတိသစ္စာကို ဖောက်ဖျက်ကြလေသည်။-
13. ထိုမှတစ်ပါးလည်းသူတို့သည် တစ်အိမ်တက် တစ်အိမ်ဆင်းသွားရောက်လည်ပတ်ကာ အချိန် ဖြုန်းတတ်လေသည်။ ယင်းသို့အချိန်ဖြုန်းရုံမျှ မကမပြောသင့်သည့်စကားများကိုပြောဆို လျက် အတင်းပြောကာမိမိတို့နှင့်မဆိုင်သည့် အမှုကိစ္စများတွင်ဝင်ရောက်စွက်ဖက်၍လာ တတ်လေသည်။-
14. သို့ဖြစ်၍ရန်သူတို့သည်ငါတို့အကြောင်း မကောင်းမပြောနိုင်စေရန် အသက်အရွယ်ငယ် သေးသည့်မုဆိုးမတို့သည် အိမ်ထောင်သားမွေး မှုကိုပြုလျက် မိမိတို့၏အိမ်မှုကိစ္စများကို ကြည့်ရှုစောင့်ထိန်းကြသည်ကိုငါလိုလား၏။-
15. ယခုပင်လျှင်အချို့သောမုဆိုးမများသည် လမ်းလွဲ၍စာတန်၏နောက်သို့လိုက်ကြလေ ကုန်ပြီ။-
16. ယုံကြည်သူအမျိုးသမီးတစ်စုံတစ်ယောက် သည် မိမိ၏ဆွေမျိုးသားချင်းစုတွင်မုဆိုးမ များရှိပါမူသူတို့အားကျွေးမွေးပြုစုရ မည်။ သူတို့အတွက်အသင်းတော်ကိုဝန်မလေး စေသင့်။ သို့မှသာလျှင်အသင်းတော်သည်ခို ကိုးရာမဲ့သည့်မုဆိုးမများအားကျွေးမွေး ပြုစုနိုင်လိမ့်မည်။
17. သင်းအုပ်ဆရာအလုပ်ကိုကောင်းစွာလုပ်ဆောင် သူတို့သည် လစာငွေနှစ်ဆခံစားထိုက်သူများ ဖြစ်သည်ဟုမှတ်ယူအပ်၏။ အထူးသဖြင့် တရားဟောခြင်း၊ ဆုံးမသွန်သင်ခြင်းတို့ကို ကြိုးစား၍လုပ်ဆောင်သူများသည်ယင်းသို့ ခံစားထိုက်ပေသည်။-
18. အဘယ်ကြောင့်ဆိုသော်ကျမ်းစာတော်က``စပါး နယ်နေသောနွားကိုပါးချုပ်မတပ်ရ'' ဟူ၍ လည်းကောင်း၊ ``အလုပ်သမားသည်လုပ်အားခ ကိုခံထိုက်ပေ၏'' ဟူ၍လည်းကောင်းဖော်ပြ သောကြောင့်ဖြစ်၏။-
19. သက်သေခံသူအနည်းဆုံးနှစ်ဦးသုံးဦးမရှိ လျှင် သင်းအုပ်ဆရာအားပြစ်တင်စွပ်စွဲချက် ကိုနားမထောင်နှင့်။-
20. အခြားသူတို့ကြောက်စေရန်အပြစ်ကူး သူတို့အား လူအများရှေ့တွင်ဆုံးမလော့။
21. ဤညွှန်ကြားချက်များကိုလိုက်နာဆောင်ရွက်ရန် ဘုရားသခင်နှင့်ခရစ်တော်ယေရှု၏ရှေ့တော် ၌လည်းကောင်း၊ သန့်ရှင်းမြင့်မြတ်သောကောင်းကင် တမန်များရှေ့၌လည်းကောင်းသင့်အားငါသစ္စာ ပေး၏။ သင်သည်အဘယ်အခါ၌မျှကြိုတင် စီရင်ဆုံးဖြတ်မှုနှင့်ဘက်လိုက်မှုကိုမပြုနှင့်။-