ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ တိ 5:7-16 Common Language Bible (BCL)

7. မု​ဆိုး​မ​များ​သည်​သူ​တစ်​ပါး​တို့​အ​ပြစ်​တင် ခြင်း​နှင့်​ကင်း​လွတ်​ကြ​စေ​ရန် ဤ​ညွှန်​ကြား​ချက် များ​ကို​သူ​တို့​အား​ပေး​လော့။-

8. မိ​မိ​၏​ဆွေ​မျိုး​သား​ချင်း၊ အ​ထူး​သ​ဖြင့် မိ​မိ အိမ်​ထောင်​စု​သား​တို့​အား​မ​ပြု​စု​ဘဲ​နေ​သော သူ​သည် ယုံ​ကြည်​ခြင်း​တ​ရား​တော်​ကို​ပစ်​ပယ် သူ​ဖြစ်​၍ မ​ယုံ​ကြည်​သူ​ထက်​ပို​၍​ပင်​ဆိုး​ရွား ပေ​သည်။

9. မု​ဆိုး​မ​တစ်​ယောက်​သည်​အ​သက်​ခြောက်​ဆယ် ကျော်​မှ​သာ​လျှင် မု​ဆိုး​မ​စာ​ရင်း​တွင်​နာ​မည် သွင်း​ပါ။ သူ​သည်​တစ်​ကြိမ်​သာ​လျှင်​ထိမ်း​မြား လက်​ထပ်​ခဲ့​သူ​ဖြစ်​ရ​မည်။-

10. ထို့​အ​ပြင်​ကောင်း​မှု​ကြောင့်​အ​သ​ရေ​ရှိ​သူ​ဖြစ် ရ​မည်။ မိ​မိ​၏​သား​သ​မီး​များ​ကို​ကောင်း​စွာ ပြု​စု​စောင့်​ရှောက်​ခဲ့​သူ၊ ဧည့်​ဝတ်​ကျေ​ပွန်​သူ၊ ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဝင်​တို့​ခြေ​ကို​ဆေး သူ၊ ဒုက္ခ​ရောက်​သူ​တို့​အား​ကူ​ညီ​မ​စ​သူ၊ ကောင်း မှု​အ​မျိုး​မျိုး​ကို​ကြိုး​စား​လုပ်​ဆောင်​ခဲ့​သူ ဖြစ်​ရ​မည်။

11. အ​သက်​အ​ရွယ်​ငယ်​သော​မု​ဆိုး​မ​တို့​အား မု​ဆိုး​မ​စာ​ရင်း​တွင်​မ​သွင်း​နှင့်။ အ​ဘယ်​ကြောင့် ဆို​သော်​သူ​တို့​သည်​မိ​မိ​တို့​အ​လို​ဆန္ဒ​ကို မ​ထိန်း​မ​သိမ်း​နိုင်​ကြ​သော​အ​ခါ အိမ်​ထောင် ပြု​လို​သ​ဖြင့်​ခ​ရစ်​တော်​ကို​ပစ်​ပယ်​တတ် ကြ​သော​ကြောင့်​ဖြစ်​၏။-

12. သို့​ဖြစ်​၍​သူ​တို့​သည်​မိ​မိ​တို့​အ​စ​က ကိုယ်​တော်​အား​ပေး​ခဲ့​သည့်​က​တိ​သစ္စာ​ကို ဖောက်​ဖျက်​ကြ​လေ​သည်။-

13. ထို​မှ​တစ်​ပါး​လည်း​သူ​တို့​သည် တစ်​အိမ်​တက် တစ်​အိမ်​ဆင်း​သွား​ရောက်​လည်​ပတ်​ကာ အ​ချိန် ဖြုန်း​တတ်​လေ​သည်။ ယင်း​သို့​အ​ချိန်​ဖြုန်း​ရုံ​မျှ မ​က​မ​ပြော​သင့်​သည့်​စ​ကား​များ​ကို​ပြော​ဆို လျက် အ​တင်း​ပြော​ကာ​မိ​မိ​တို့​နှင့်​မ​ဆိုင်​သည့် အ​မှု​ကိစ္စ​များ​တွင်​ဝင်​ရောက်​စွက်​ဖက်​၍​လာ တတ်​လေ​သည်။-

14. သို့​ဖြစ်​၍​ရန်​သူ​တို့​သည်​ငါ​တို့​အ​ကြောင်း မ​ကောင်း​မ​ပြော​နိုင်​စေ​ရန် အ​သက်​အ​ရွယ်​ငယ် သေး​သည့်​မု​ဆိုး​မ​တို့​သည် အိမ်​ထောင်​သား​မွေး မှု​ကို​ပြု​လျက် မိ​မိ​တို့​၏​အိမ်​မှု​ကိစ္စ​များ​ကို ကြည့်​ရှု​စောင့်​ထိန်း​ကြ​သည်​ကို​ငါ​လို​လား​၏။-

15. ယ​ခု​ပင်​လျှင်​အ​ချို့​သော​မု​ဆိုး​မ​များ​သည် လမ်း​လွဲ​၍​စာ​တန်​၏​နောက်​သို့​လိုက်​ကြ​လေ ကုန်​ပြီ။-

16. ယုံ​ကြည်​သူ​အ​မျိုး​သ​မီး​တစ်​စုံ​တစ်​ယောက် သည် မိ​မိ​၏​ဆွေ​မျိုး​သား​ချင်း​စု​တွင်​မု​ဆိုး​မ များ​ရှိ​ပါ​မူ​သူ​တို့​အား​ကျွေး​မွေး​ပြု​စု​ရ မည်။ သူ​တို့​အ​တွက်​အ​သင်း​တော်​ကို​ဝန်​မ​လေး စေ​သင့်။ သို့​မှ​သာ​လျှင်​အ​သင်း​တော်​သည်​ခို ကိုး​ရာ​မဲ့​သည့်​မု​ဆိုး​မ​များ​အား​ကျွေး​မွေး ပြု​စု​နိုင်​လိမ့်​မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ တိ 5