ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ တိ 5:19-25 Common Language Bible (BCL)

19. သက်​သေ​ခံ​သူ​အ​နည်း​ဆုံး​နှစ်​ဦး​သုံး​ဦး​မ​ရှိ လျှင် သင်း​အုပ်​ဆ​ရာ​အား​ပြစ်​တင်​စွပ်​စွဲ​ချက် ကို​နား​မ​ထောင်​နှင့်။-

20. အ​ခြား​သူ​တို့​ကြောက်​စေ​ရန်​အ​ပြစ်​ကူး သူ​တို့​အား လူ​အ​များ​ရှေ့​တွင်​ဆုံး​မ​လော့။

21. ဤ​ညွှန်​ကြား​ချက်​များ​ကို​လိုက်​နာ​ဆောင်​ရွက်​ရန် ဘု​ရား​သ​ခင်​နှင့်​ခ​ရစ်​တော်​ယေ​ရှု​၏​ရှေ့​တော် ၌​လည်း​ကောင်း၊ သန့်​ရှင်း​မြင့်​မြတ်​သော​ကောင်း​ကင် တ​မန်​များ​ရှေ့​၌​လည်း​ကောင်း​သင့်​အား​ငါ​သစ္စာ ပေး​၏။ သင်​သည်​အ​ဘယ်​အ​ခါ​၌​မျှ​ကြို​တင် စီ​ရင်​ဆုံး​ဖြတ်​မှု​နှင့်​ဘက်​လိုက်​မှု​ကို​မ​ပြု​နှင့်။-

22. မည်​သူ့​ကို​မျှ​သိက္ခာ​တင်​မင်္ဂလာ​ပေး​ရန်​အ​လျင် စ​လို​မ​ရှိ​နှင့်။ အ​ခြား​သူ​တို့​အ​ပြစ်​ကူး​ရာ တွင်​သင်​မ​ပါ​စေ​နှင့်။ သင်​ကိုယ်​တိုင်​အ​ပြစ် ကင်း​အောင်​နေ​လော့။

23. သင်​သည်​မ​ကြာ​ခ​ဏ​ဖျား​နာ​တတ်​သည်​ဖြစ်​၍ ရေ​ကို​သာ​လျှင်​မ​သောက်​ဘဲ​အ​စာ​ကြေ​စေ​ရန် စ​ပျစ်​ရည်​အ​နည်း​ငယ်​ကို​သုံး​ဆောင်​လော့။

24. အ​ချို့​သော​သူ​တို့​၏​အ​ပြစ်​ဒု​စ​ရိုက်​များ​သည် သိ​သာ​ထင်​ရှား​၏။ သူ​တို့​၏​အြုပစ်​များ​သည် တ​ရား​ခွင်​သို့​အ​လျင်​သွား​တတ်​၏။ အ​ချို့​သော သူ​တို့​၏​အ​ပြစ်​ဒု​စ​ရိုက်​များ​မူ​ကား​နောင် အ​ခါ​မှ​သိ​သာ​ထင်​ရှား​၍​လာ​တတ်​၏။-

25. ထို​နည်း​တူ​စွာ​အ​ချို့​သော​သု​စ​ရိုက်​များ​သည် ထင်​ရှား​လျက်​နေ​ပေ​သည်။ မ​ထင်​ရှား​သေး​သည့် သု​စ​ရိုက်​များ​ကို​လည်း​ဖုံး​ကွယ်​၍​မ​ထား နိုင်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ တိ 5