ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ တိ 5:11-19 Common Language Bible (BCL)

11. အ​သက်​အ​ရွယ်​ငယ်​သော​မု​ဆိုး​မ​တို့​အား မု​ဆိုး​မ​စာ​ရင်း​တွင်​မ​သွင်း​နှင့်။ အ​ဘယ်​ကြောင့် ဆို​သော်​သူ​တို့​သည်​မိ​မိ​တို့​အ​လို​ဆန္ဒ​ကို မ​ထိန်း​မ​သိမ်း​နိုင်​ကြ​သော​အ​ခါ အိမ်​ထောင် ပြု​လို​သ​ဖြင့်​ခ​ရစ်​တော်​ကို​ပစ်​ပယ်​တတ် ကြ​သော​ကြောင့်​ဖြစ်​၏။-

12. သို့​ဖြစ်​၍​သူ​တို့​သည်​မိ​မိ​တို့​အ​စ​က ကိုယ်​တော်​အား​ပေး​ခဲ့​သည့်​က​တိ​သစ္စာ​ကို ဖောက်​ဖျက်​ကြ​လေ​သည်။-

13. ထို​မှ​တစ်​ပါး​လည်း​သူ​တို့​သည် တစ်​အိမ်​တက် တစ်​အိမ်​ဆင်း​သွား​ရောက်​လည်​ပတ်​ကာ အ​ချိန် ဖြုန်း​တတ်​လေ​သည်။ ယင်း​သို့​အ​ချိန်​ဖြုန်း​ရုံ​မျှ မ​က​မ​ပြော​သင့်​သည့်​စ​ကား​များ​ကို​ပြော​ဆို လျက် အ​တင်း​ပြော​ကာ​မိ​မိ​တို့​နှင့်​မ​ဆိုင်​သည့် အ​မှု​ကိစ္စ​များ​တွင်​ဝင်​ရောက်​စွက်​ဖက်​၍​လာ တတ်​လေ​သည်။-

14. သို့​ဖြစ်​၍​ရန်​သူ​တို့​သည်​ငါ​တို့​အ​ကြောင်း မ​ကောင်း​မ​ပြော​နိုင်​စေ​ရန် အ​သက်​အ​ရွယ်​ငယ် သေး​သည့်​မု​ဆိုး​မ​တို့​သည် အိမ်​ထောင်​သား​မွေး မှု​ကို​ပြု​လျက် မိ​မိ​တို့​၏​အိမ်​မှု​ကိစ္စ​များ​ကို ကြည့်​ရှု​စောင့်​ထိန်း​ကြ​သည်​ကို​ငါ​လို​လား​၏။-

15. ယ​ခု​ပင်​လျှင်​အ​ချို့​သော​မု​ဆိုး​မ​များ​သည် လမ်း​လွဲ​၍​စာ​တန်​၏​နောက်​သို့​လိုက်​ကြ​လေ ကုန်​ပြီ။-

16. ယုံ​ကြည်​သူ​အ​မျိုး​သ​မီး​တစ်​စုံ​တစ်​ယောက် သည် မိ​မိ​၏​ဆွေ​မျိုး​သား​ချင်း​စု​တွင်​မု​ဆိုး​မ များ​ရှိ​ပါ​မူ​သူ​တို့​အား​ကျွေး​မွေး​ပြု​စု​ရ မည်။ သူ​တို့​အ​တွက်​အ​သင်း​တော်​ကို​ဝန်​မ​လေး စေ​သင့်။ သို့​မှ​သာ​လျှင်​အ​သင်း​တော်​သည်​ခို ကိုး​ရာ​မဲ့​သည့်​မု​ဆိုး​မ​များ​အား​ကျွေး​မွေး ပြု​စု​နိုင်​လိမ့်​မည်။

17. သင်း​အုပ်​ဆ​ရာ​အ​လုပ်​ကို​ကောင်း​စွာ​လုပ်​ဆောင် သူ​တို့​သည် လ​စာ​ငွေ​နှစ်​ဆ​ခံ​စား​ထိုက်​သူ​များ ဖြစ်​သည်​ဟု​မှတ်​ယူ​အပ်​၏။ အ​ထူး​သ​ဖြင့် တ​ရား​ဟော​ခြင်း၊ ဆုံး​မ​သွန်​သင်​ခြင်း​တို့​ကို ကြိုး​စား​၍​လုပ်​ဆောင်​သူ​များ​သည်​ယင်း​သို့ ခံ​စား​ထိုက်​ပေ​သည်။-

18. အ​ဘယ်​ကြောင့်​ဆို​သော်​ကျမ်း​စာ​တော်​က``စ​ပါး နယ်​နေ​သော​နွား​ကို​ပါး​ချုပ်​မ​တပ်​ရ'' ဟူ​၍ လည်း​ကောင်း၊ ``အ​လုပ်​သ​မား​သည်​လုပ်​အား​ခ ကို​ခံ​ထိုက်​ပေ​၏'' ဟူ​၍​လည်း​ကောင်း​ဖော်​ပြ သော​ကြောင့်​ဖြစ်​၏။-

19. သက်​သေ​ခံ​သူ​အ​နည်း​ဆုံး​နှစ်​ဦး​သုံး​ဦး​မ​ရှိ လျှင် သင်း​အုပ်​ဆ​ရာ​အား​ပြစ်​တင်​စွပ်​စွဲ​ချက် ကို​နား​မ​ထောင်​နှင့်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ တိ 5