ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ တိ 5:1-4 Common Language Bible (BCL)

1. သင့်​ထက်​အ​သက်​ကြီး​သော​သူ​အား​ပြစ်​တင် ဆုံး​မ​ခြင်း​ကို​မ​ပြု​ဘဲ​သင်​၏​ဖ​ခင်​သ​ဖွယ် တောင်း​ပန်​ပြော​ဆို​လော့။ သင့်​ထက်​အ​သက်​ငယ် သော​သူ​တို့​အား​သင်​၏​ညီ​များ​ကဲ့​သို့​လည်း ကောင်း၊-

2. သင့်​ထက်​အ​သက်​ကြီး​သော​အ​မျိုး​သ​မီး​တို့ အား​သင်​၏​မိ​ခင်​ကဲ့​သို့​လည်း​ကောင်း၊ သင့်​ထက် အ​သက်​ငယ်​သော​အ​မျိုး​သ​မီး​တို့​အား​သင်​၏ နှ​မ​များ​ကဲ့​သို့​လည်း​ကောင်း​လုံး​ဝ​ဖြူ​စင် သော​စိတ်​နှင့်​ဆက်​ဆံ​လော့။

3. သင်​သည်​တစ်​ကိုယ်​ရေ​တစ်​ကာ​ယ​အ​မှန်​ဖြစ် သော​မု​ဆိုး​မ​တို့​အား ရို​သေ​သ​မှု​ကို​ပြု​လော့။-

4. သို့​ရာ​တွင်​မု​ဆိုး​မ​တစ်​စုံ​တစ်​ယောက်​တွင်​သား မြေး​ရှိ​လျှင် သူ​တို့​သည်​မိ​မိ​တို့​၏​အိမ်​ထောင်​စု ဆိုင်​ရာ​ဘာ​သာ​ရေး​တာ​ဝန်​ဝတ္တ​ရား​များ​ကို လည်း​ကောင်း၊ မိ​မိ​တို့​အား​ကျွေး​မွေး​ပြု​စု​ခဲ့​သူ မိ​ဘ​ဘိုး​ဘွား​တို့​၏​ကျေး​ဇူး​ကို​ပြန်​လည်​ဆပ် ပေး​မှု​ကို​လည်း​ကောင်း​ဦး​စွာ​သင်​ရ​ကြ​ပေ​မည်။ ဤ​သို့​သော​အ​မှု​ကို​ဘု​ရား​သခင်​နှစ်​သက် တော်​မူ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ တိ 5