ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ တိ 4:3-10 Common Language Bible (BCL)

3. ထို​သူ​တို့​က​လူ​တို့​အား​ထိမ်း​မြား​မင်္ဂ​လာ​မ ပြု​ရန်​နှင့်​အ​ချို့​သော​အ​စား​အ​စာ​များ​ကို ရှောင်​ကြဉ်​ကြ​စေ​ရန်​သွန်​သင်​ကြ​၏။ သို့​ရာ​တွင် ယုံ​ကြည်​၍​သမ္မာ​တ​ရား​တော်​ကို​သိ​ကျွမ်း​သူ တို့​သည်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​လျက် စား သောက်​နိုင်​ကြ​စေ​ရန်​ဤ​အ​စား​အ​စာ​များ ကို​ဘု​ရား​သ​ခင်​ဖန်​ဆင်း​ထား​တော်​မူ​၏။-

4. ဘု​ရား​သ​ခင်​ဖန်​ဆင်း​ထား​တော်​မူ​သော​အ​ရာ မှန်​သ​မျှ​သည်​သုံး​ဆောင်​ထိုက်​သည်​ဖြစ်​၍ အ​ဘယ်​အ​စား​အ​စာ​ကို​မျှ​ရှောင်​ကြဉ်​ရန် မ​လို​ပေ။ အ​စား​အ​စာ​မှန်​သ​မျှ​ကို​ကျေး​ဇူး တော်​ချီး​မွမ်း​လျက်​ခံ​ယူ​ရ​ကြ​မည်။-

5. အ​ဘယ်​ကြောင့်​ဆို​သော်​ထို​အ​ရာ​တို့​ကို ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​အား​ဖြင့် လည်း​ကောင်း၊ ဆု​တောင်း​ခြင်း​အား​ဖြင့်​လည်း ကောင်း၊ သန့်​စင်​စေ​ပြီး​ဖြစ်​သော​ကြောင့်​တည်း။

6. ဤ​ညွှန်​ကြား​ချက်​များ​ကို​ညီ​အစ်​ကို​တို့​အား ပေး​အပ်​မည်​ဆို​ပါ​မူ သင်​သည်​မိ​မိ​လိုက်​နာ သည့်​ယုံ​ကြည်​ချက်​နှင့်​မှန်​ကန်​သည့်​အ​ယူ ဝါ​ဒ​ကို​မှီ​ဝဲ​ကျင့်​သုံး​လျက် ခ​ရစ်​တော် ယေ​ရှု​၏​အ​စေ​ခံ​ကောင်း​ဖြစ်​လိမ့်​မည်။-

7. တ​ရား​မဲ့​ဖြစ်​၍​ပြော​ကြား​ရန်​ပင်​မ​သင့်​လျော် သည့်​ဒဏ္ဍာ​ရီ​များ​ကို​ရှောင်​လော့။ ဘု​ရား​ဝတ်​၌ မွေ့​လျော်​တတ်​ရန်​မိ​မိ​ကိုယ်​ကို​လေ့​ကျင့်​ပေး လော့။-

8. ကာ​ယ​ဆိုင်​ရာ​လေ့​ကျင့်​မှု​သည်​အ​ကျိုး​ပေး​သင့် သ​လောက်​ပေး​၏။ ဝိ​ညာဉ်​ရေး​ဆိုင်​ရာ​လေ့​ကျင့်​မှု သည်​ကား​ယ​ခု​ဘ​ဝ​နောင်​ဘ​ဝ​အ​တွက်​အ​ရာ ရာ​၌​အ​ကျိုး​ကို​ပေး​၏။-

9. ဤ​စ​ကား​သည်​သစ္စာ​စ​ကား​ဖြစ်​သ​ဖြင့် အ​ကြွင်း​မဲ့​လက်​ခံ​ယုံ​ကြည်​ရ​ပေ​မည်။-

10. ငါ​တို့​သည်​ကြိုး​စား​အား​ထုတ်​လုပ်​ဆောင်​လျက် နေ​ကြ​ခြင်း​မှာ လူ​အ​ပေါင်း​တို့​၏​ကယ်​တင်​ရှင် အ​ထူး​သ​ဖြင့်​ယုံ​ကြည်​သူ​တို့​၏​ကယ်​တင်​ရှင် ဖြစ်​တော်​မူ​၍ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား သ​ခင်​ကို​ကိုး​စား​ကြ​သော​ကြောင့်​ဖြစ်​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ တိ 4