ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ တိ 4:1-6 Common Language Bible (BCL)

1. နောင်​ကာ​လ​၌​လူ​အ​ချို့​တို့​သည်​မု​သား​ပြော ဆို​သည့်​ဝိ​ညာဉ်​များ​၏​စ​ကား​ကို​နာ​ခံ​လျက် နတ်​မိစ္ဆာ​တို့​၏​သြ​ဝါ​ဒ​ကို​လိုက်​နာ​ကာ မိ​မိ တို့​၏​ယုံ​ကြည်​ခြင်း​ကို​စွန့်​လွှတ်​ကြ​လိမ့်​မည် ဟု​ဝိ​ညာဉ်​တော်​က အ​တိ​အ​လင်း​ဖော်​ပြ တော်​မူ​၏။-

2. မိ​မိ​တို့​၏​သြတ္တပ္ပ​စိတ်​တွင်​သံ​ပူ​ခတ်​ခြင်း​ခံ​ရ သ​ကဲ့​သို့ သြတ္တပ္ပ​စိတ်​ကင်း​မဲ့​သော​လိမ်​လည် လှည့်​ဖြား​တတ်​သူ​တို့​သည်​ထို​သြ​ဝါ​ဒ များ​ကို​ပေး​ကြ​၏။-

3. ထို​သူ​တို့​က​လူ​တို့​အား​ထိမ်း​မြား​မင်္ဂ​လာ​မ ပြု​ရန်​နှင့်​အ​ချို့​သော​အ​စား​အ​စာ​များ​ကို ရှောင်​ကြဉ်​ကြ​စေ​ရန်​သွန်​သင်​ကြ​၏။ သို့​ရာ​တွင် ယုံ​ကြည်​၍​သမ္မာ​တ​ရား​တော်​ကို​သိ​ကျွမ်း​သူ တို့​သည်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​လျက် စား သောက်​နိုင်​ကြ​စေ​ရန်​ဤ​အ​စား​အ​စာ​များ ကို​ဘု​ရား​သ​ခင်​ဖန်​ဆင်း​ထား​တော်​မူ​၏။-

4. ဘု​ရား​သ​ခင်​ဖန်​ဆင်း​ထား​တော်​မူ​သော​အ​ရာ မှန်​သ​မျှ​သည်​သုံး​ဆောင်​ထိုက်​သည်​ဖြစ်​၍ အ​ဘယ်​အ​စား​အ​စာ​ကို​မျှ​ရှောင်​ကြဉ်​ရန် မ​လို​ပေ။ အ​စား​အ​စာ​မှန်​သ​မျှ​ကို​ကျေး​ဇူး တော်​ချီး​မွမ်း​လျက်​ခံ​ယူ​ရ​ကြ​မည်။-

5. အ​ဘယ်​ကြောင့်​ဆို​သော်​ထို​အ​ရာ​တို့​ကို ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​အား​ဖြင့် လည်း​ကောင်း၊ ဆု​တောင်း​ခြင်း​အား​ဖြင့်​လည်း ကောင်း၊ သန့်​စင်​စေ​ပြီး​ဖြစ်​သော​ကြောင့်​တည်း။

6. ဤ​ညွှန်​ကြား​ချက်​များ​ကို​ညီ​အစ်​ကို​တို့​အား ပေး​အပ်​မည်​ဆို​ပါ​မူ သင်​သည်​မိ​မိ​လိုက်​နာ သည့်​ယုံ​ကြည်​ချက်​နှင့်​မှန်​ကန်​သည့်​အ​ယူ ဝါ​ဒ​ကို​မှီ​ဝဲ​ကျင့်​သုံး​လျက် ခ​ရစ်​တော် ယေ​ရှု​၏​အ​စေ​ခံ​ကောင်း​ဖြစ်​လိမ့်​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ တိ 4