ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ တိ 2:1-7 Common Language Bible (BCL)

1. သို့​ဖြစ်​၍​ပ​ထ​မ​ဦး​စွာ​လူ​အ​ပေါင်း​တို့ အ​တွက် ဘု​ရား​သ​ခင်​အား​လျှောက်​ထား အ​သ​နား​ခံ​ခြင်း၊ ဆု​တောင်း​ပတ္ထ​နာ​ပြု​ခြင်း၊ တောင်း​ခံ​ခြင်း၊ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း ခြင်း​တို့​ကို​ပြု​ကြ​ရန်​ငါ​တိုက်​တွန်း​၏။-

2. ငါ​တို့​သည်​ဘု​ရား​ဝတ်​၌​မွေ့​လျော်​ကာ ငြိမ်း​ချမ်း​သာ​ယာ​စွာ​နေ​နိုင်​ကြ​မည် အ​ကြောင်း ရှင်​ဘု​ရင်​များ​နှင့်​အာ​ဏာ​ပိုင် အ​ပေါင်း​တို့​အ​တွက် ဆု​တောင်း​ပတ္ထ​နာ ပြု​ကြ​လော့။-

3. ဤ​အ​မှု​သည်​ကောင်း​မြတ်​သော​အ​မှု၊ ငါ​တို့ ၏​ကယ်​တင်​ရှင်​ဘု​ရား​သ​ခင်​နှစ်​သက်​တော် မူ​သော​အ​မှု​ဖြစ်​၏။-

4. လူ​အ​ပေါင်း​တို့​ကယ်​တင်​ခြင်း​ခံ​ရ​ကြ​စေ ရန်​နှင့်​သမ္မာ​တ​ရား​တော်​ကို​သိ​ရှိ​နား​လည် လာ​ကြ​စေ​ရန်​ကိုယ်​တော်​အ​လို​ရှိ​တော်​မူ​၏။-

5. ဘု​ရား​သည်​တစ်​ဆူ​တည်း​ရှိ​တော်​မူ​၍​ဘု​ရား နှင့်​လူ​အ​ကြား​တွင် စေ့​စပ်​ပေး​သူ​လူ​ခ​ရစ် တော်​ယေ​ရှု​တစ်​ပါး​တည်း​သာ​ရှိ​ပေ​သည်။-

6. ကိုယ်​တော်​သည်​လူ​အ​ပေါင်း​တို့​ကို​ကယ်​တင် တော်​မူ​ရန်​မိ​မိ​ကိုယ်​ကို​စွန့်​တော်​မူ​၏။ ဤ​ကား အ​ချိန်​သင့်​သော​အ​ခါ​လူ​အ​ပေါင်း​တို့​အား ကယ်​တင်​ရန်​ဘု​ရား​သ​ခင်​အ​လို​ရှိ​တော်​မူ ကြောင်း​သက်​သေ​ပြ​ခြင်း​ပင်​ဖြစ်​သ​တည်း။-

7. သို့​ဖြစ်​၍​ကိုယ်​တော်​သည်​ငါ့​အား​တ​မန်​တော် အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ လူ​မျိုး​ခြား​တို့​၏ ဆ​ရာ​အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ ယုံ​ကြည်​ခြင်း တ​ရား​နှင့်​သမ္မာ​တ​ရား​တော်​ကို​ဟော​ပြော သွန်​သင်​ရန်​ခန့်​ထား​တော်​မူ​၏။ ငါ​သည်​မု​သား စ​ကား​ကို​ပြော​နေ​သည်​မ​ဟုတ်။ မှန်​သော စ​ကား​ကို​ပြော​နေ​ခြင်း​ဖြစ်​သည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ တိ 2