18. ငါ့သားတိမောသေ၊ အခါတစ်ပါးကသင့်ကို ရည်စူး၍ပရောဖက်တို့ဟောကြားကြသည့် အတိုင်း ငါသည်ဤအလုပ်တာဝန်ကိုသင့်အား ပေးအပ်၏။ ကောင်းစွာတိုက်ခိုက်ရန်ထိုပရောဖက် တို့ဟောကြားခဲ့သည့်စကားများကိုလက်နက် သဖွယ်အသုံးပြုလော့။-
19. သင်၌ယုံကြည်ခြင်းနှင့်ကြည်လင်သောသြတ္တပ္ပ စိတ်ရှိစေလော့။ အချို့သောသူတို့သည်သြတ္တပ္ပ စိတ်၏နှိုးဆော်မှုကိုနားမထောင်သဖြင့် မိမိ တို့၏ယုံကြည်ခြင်းကိုပျက်ပြယ်စေကြ၏။-
20. ထိုသူတို့အထဲတွင်ဟုမေနဲနှင့်အာလေ ဇန္ဒြုတို့လည်းပါကြ၏။ သူတို့သည်ဘုရား သခင်အားပြစ်မှားပြောဆိုမှုကိုမပြုရန် သင်ခန်းစာရစေအံ့ငှာ ငါသည်သူတို့ကို စာတန်၏လက်သို့ပေးအပ်လိုက်လေပြီ။