ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ကော 8:1-9 Common Language Bible (BCL)

1. သင်​တို့​ရေး​သား​မေး​မြန်း​သည့်​ရုပ်​တု​များ ကို​ပူ​ဇော်​ရာ​အ​စား​အ​စာ​ကိစ္စ​နှင့်​ပတ်​သက် ၍ ငါ​ဖြေ​ပေး​ပါ​မည်။ ငါ​တို့​အား​လုံး​ပင် အ​သိ​ပ​ညာ​ရှိ​သူ​များ​ဖြစ်​သည်​ဟု​ဆို သည့်​စ​ကား​မှာ​မှန်​ပေ​၏။ သို့​ရာ​တွင်​အ​သိ ပ​ညာ​သည်​လူ​တို့​ကို​မာန်​မာ​န​ထောင် လွှား​စေ​တတ်​၏။ မေတ္တာ​မူ​ကား​ဆောက်​တည် မှု​ကို​ပြု​တတ်​၏။-

2. မိ​မိ​ကိုယ်​ကို​အ​သိ​ပ​ညာ​ရှိ​သည်​ဟု​ထင် မှတ်​သူ​သည် အ​မှန်​ပင်​အ​သိ​ပ​ညာ​မ​ရှိ။-

3. သို့​သော်​ဘု​ရား​သ​ခင်​ကို​ချစ်​မြတ်​နိုး​သူ​သည် ဘု​ရား​သ​ခင်​သိ​မှတ်​တော်​မူ​ခြင်း​ကို​ခံ​ရ​၏။

4. ထို့​ကြောင့်​ရုပ်​တု​ကို​ပူ​ဇော်​သည့်​အ​စား​အ​စာ နှင့်​ပတ်​သက်​၍​ပြော​ရ​သော် ရုပ်​တု​ဟူ​သည်​မှာ သက်​ရှင်​လှုပ်​ရှား​မှု​မ​ရှိ​ကြောင်း​ကို​လည်း ကောင်း၊ တစ်​ဆူ​တည်း​သော​ဘု​ရား​မှ​တစ်​ပါး အ​ခြား​ဘု​ရား​မ​ရှိ​ကြောင်း​ကို​လည်း​ကောင်း ငါ​တို့​သိ​ကြ​၏။-

5. အ​ကယ်​၍​ကောင်း​ကင်​နှင့်​ကမ္ဘာ​မြေ​ကြီး​ပေါ် ၌ နာ​မည်​ခံ​ဘု​ရား​များ​နှင့်​အ​ရှင်​သ​ခင် အ​မြောက်​အ​မြား​ပင်​ရှိ​စေ​ကာ​မူ-

6. ငါ​တို့​အ​ဖို့​မှာ​အ​ဖ​ခ​မည်း​တော်​ဘု​ရား တစ်​ပါး​တည်း​သာ​လျှင်​ရှိ​တော်​မူ​၏။ ကိုယ် တော်​သည်​ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​ဖန်​ဆင်း တော်​မူ​၏။ ကိုယ်​တော်​၏​အ​ဖို့​ငါ​တို့​အ​သက် ရှင်​ကြ​၏။ ငါ​တို့​မှာ​အ​ရှင်​သ​ခင်​တစ်​ပါး တည်း​သာ​လျှင်​ရှိ​၏။ ထို​အ​ရှင်​သ​ခင်​ကား ယေ​ရှု​ခ​ရစ်​ပေ​တည်း။ ထို​အ​ရှင်​အား​ဖြင့် ခပ်​သိမ်း​သော​အ​ရာ​တို့​သည်​ဖန်​ဆင်း​ခြင်း ကို​ခံ​ကြ​ရ​၏။ ထို​အ​ရှင်​အား​ဖြင့်​ငါ​တို့ သည်​အ​သက်​ရှင်​ကြ​၏။

7. သို့​ရာ​တွင်​လူ​တိုင်း​ဤ​သစ္စာ​တ​ရား​ကို​သိ​ရှိ ကြ​သည်​မ​ဟုတ်။ အ​ချို့​သော​သူ​တို့​သည် ရုပ်​တု​ကို​ကိုး​ကွယ်​ခဲ့​သည့်​အ​တွက် ယ​ခု တိုင်​အောင်​ပင်​ရုပ်​တု​အား​ပူ​ဇော်​ပြီး​သော အ​စား​အ​စာ​ကို​စား​သော​အ​ခါ ရုပ်​တု​၏ အ​စား​အ​စာ​ဟု​မှတ်​ယူ​လျက်​စား​နေ​ကြ ၏။ ထို့​ကြောင့်​သူ​တို့​သည်​စိတ်​မ​သိုး​မ​သန့် ဖြစ်​ကာ ထို​အ​စား​အ​စာ​က​မိ​မိ​တို့​အား ညစ်​ညမ်း​စေ​သည်​ဟု​ထင်​မှတ်​ကြ​၏။-

8. အ​စား​အ​စာ​သည်​ဘု​ရား​သ​ခင်​၏​ရှေ့​တော် တွင်​အ​ဋ္ဌိ​က​မ​ဟုတ်။ အ​စား​အ​စာ​ကို​မ​စား ဘဲ​နေ​လျှင်​ငါ​တို့​မှာ​အ​ရှုံး​မ​ရှိ။ စား​လျှင် လည်း​အ​မြတ်​မ​ရ။

9. သို့​ရာ​တွင်​သင်​တို့​ဤ​သို့​လွတ်​လပ်​စွာ​စား သောက်​နိုင်​ခွင့်​သည် ယုံ​ကြည်​မှု​အား​နည်း​သူ များ​အ​တွက်​မှောက်​မှား​စ​ရာ​မ​ဖြစ်​စေ​ရန် သ​တိ​ပြု​ကြ​လော့။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ကော 8