ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ကော 16:1-9 Common Language Bible (BCL)

1. ယု​ဒ​ပြည်​ရှိ​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​အား ထောက်​ပံ့​ရန်​အ​တွက်​အ​လှူ​ငွေ​များ​နှင့်​ပတ်​သက် ၍ ဂ​လာ​တိ​ပြည်​ရှိ​အ​သင်း​တော်​များ​သို့​ငါ ညွှန်​ကြား​ခဲ့​သည်​အ​တိုင်း​သင်​တို့​ပြု​ကြ​လော့။-

2. ငါ​ရောက်​ရှိ​လာ​သော​အ​ခါ​အ​လှူ​ငွေ​ကောက်​ခံ​ဖို့ မ​လို​စေ​ရန် တ​နင်္ဂ​နွေ​နေ့​တိုင်း​သင်​တို့​တစ်​ဦး​စီ သည် မိ​မိ​၏​ဝင်​ငွေ​နည်း​များ​အ​လိုက်​လှူ​ဒါန်း​ရန် စု​ဆောင်း​ထား​ကြ​လော့။-

3. ငါ​ရောက်​ရှိ​လာ​သော​အ​ခါ​အ​မှာ​စာ​ရေး​၍ သင်​တို့​ရွေး​ချယ်​သူ​များ​အား ထို​အ​လှူ​ငွေ​ကို ယေ​ရု​ရှ​လင်​မြို့​သို့​ယူ​ဆောင်​သွား​စေ​မည်။-

4. အ​ကယ်​၍​ငါ​သွား​ရန်​လို​အပ်​ပါ​လျှင် ထို​သူ တို့​သည်​ငါ​နှင့်​အ​တူ​လိုက်​ပါ​နိုင်​ပါ​သည်။

5. ငါ​သည်​မာ​ကေ​ဒေါ​နိ​ပြည်​လမ်း​မှ​လာ​မည်​ဖြစ် ၍ မာ​ကေ​ဒေါ​နိ​ပြည်​တစ်​လျှောက်​ခ​ရီး​ပြု​ပြီး သော​အ​ခါ​သင်​တို့​ထံ​သို့​လာ​ခဲ့​မည်။-

6. သင်​တို့​နှင့်​အ​တူ​အ​တန်​ကြာ​နေ​နိုင်​မည်​ထင် ပါ​သည်။ ဆောင်း​ရာ​သီ​တစ်​ချိန်​လုံး​ပင်​သင်​တို့ နှင့်​အ​တူ​နေ​ကောင်း​နေ​ပါ​မည်။ ထို​နောက်​ငါ သွား​လို​ရာ​အ​ရပ်​သို့​သွား​နိုင်​ရန်​သင်​တို့ ကူ​ညီ​နိုင်​လိမ့်​မည်​ဟု​မျှော်​လင့်​ပါ​သည်။-

7. ငါ​သည်​သင်​တို့​ထံ​တွင်​ခေတ္တ​တည်း​ခို​ရုံ​မျှ​သာ မ​လာ​လို​ပါ။ သ​ခင်​ဘု​ရား​ခွင့်​ပြု​တော်​မူ​ပါ လျှင်​အ​တန်​ကြာ​သင်​တို့​နှင့်​နေ​လို​ပါ​သည်။

8. ပင်​တေ​ကုတ္တေ​ပွဲ​နေ့​အ​ထိ​ဧ​ဖက်​မြို့​တွင်​ငါ​နေ ပါ​မည်။

9. ထို​မြို့​တွင်​ငါ့​ကို​ဆန့်​ကျင်​ဖက်​ပြု​သူ​များ​ပင်​ရှိ သော်​လည်း အ​မှု​တော်​ဆောင်​ရန်​အ​ခွင့်​ကောင်း အ​မှန်​ပင်​ရှိ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ကော 16