1. ယုဒပြည်ရှိဘုရားသခင်၏လူစုတော်အား ထောက်ပံ့ရန်အတွက်အလှူငွေများနှင့်ပတ်သက် ၍ ဂလာတိပြည်ရှိအသင်းတော်များသို့ငါ ညွှန်ကြားခဲ့သည်အတိုင်းသင်တို့ပြုကြလော့။-
2. ငါရောက်ရှိလာသောအခါအလှူငွေကောက်ခံဖို့ မလိုစေရန် တနင်္ဂနွေနေ့တိုင်းသင်တို့တစ်ဦးစီ သည် မိမိ၏ဝင်ငွေနည်းများအလိုက်လှူဒါန်းရန် စုဆောင်းထားကြလော့။-
3. ငါရောက်ရှိလာသောအခါအမှာစာရေး၍ သင်တို့ရွေးချယ်သူများအား ထိုအလှူငွေကို ယေရုရှလင်မြို့သို့ယူဆောင်သွားစေမည်။-
4. အကယ်၍ငါသွားရန်လိုအပ်ပါလျှင် ထိုသူ တို့သည်ငါနှင့်အတူလိုက်ပါနိုင်ပါသည်။
5. ငါသည်မာကေဒေါနိပြည်လမ်းမှလာမည်ဖြစ် ၍ မာကေဒေါနိပြည်တစ်လျှောက်ခရီးပြုပြီး သောအခါသင်တို့ထံသို့လာခဲ့မည်။-
6. သင်တို့နှင့်အတူအတန်ကြာနေနိုင်မည်ထင် ပါသည်။ ဆောင်းရာသီတစ်ချိန်လုံးပင်သင်တို့ နှင့်အတူနေကောင်းနေပါမည်။ ထိုနောက်ငါ သွားလိုရာအရပ်သို့သွားနိုင်ရန်သင်တို့ ကူညီနိုင်လိမ့်မည်ဟုမျှော်လင့်ပါသည်။-
7. ငါသည်သင်တို့ထံတွင်ခေတ္တတည်းခိုရုံမျှသာ မလာလိုပါ။ သခင်ဘုရားခွင့်ပြုတော်မူပါ လျှင်အတန်ကြာသင်တို့နှင့်နေလိုပါသည်။