1. ယုဒပြည်ရှိဘုရားသခင်၏လူစုတော်အား ထောက်ပံ့ရန်အတွက်အလှူငွေများနှင့်ပတ်သက် ၍ ဂလာတိပြည်ရှိအသင်းတော်များသို့ငါ ညွှန်ကြားခဲ့သည်အတိုင်းသင်တို့ပြုကြလော့။-
2. ငါရောက်ရှိလာသောအခါအလှူငွေကောက်ခံဖို့ မလိုစေရန် တနင်္ဂနွေနေ့တိုင်းသင်တို့တစ်ဦးစီ သည် မိမိ၏ဝင်ငွေနည်းများအလိုက်လှူဒါန်းရန် စုဆောင်းထားကြလော့။-
3. ငါရောက်ရှိလာသောအခါအမှာစာရေး၍ သင်တို့ရွေးချယ်သူများအား ထိုအလှူငွေကို ယေရုရှလင်မြို့သို့ယူဆောင်သွားစေမည်။-
4. အကယ်၍ငါသွားရန်လိုအပ်ပါလျှင် ထိုသူ တို့သည်ငါနှင့်အတူလိုက်ပါနိုင်ပါသည်။
5. ငါသည်မာကေဒေါနိပြည်လမ်းမှလာမည်ဖြစ် ၍ မာကေဒေါနိပြည်တစ်လျှောက်ခရီးပြုပြီး သောအခါသင်တို့ထံသို့လာခဲ့မည်။-