7. ပလွေသို့မဟုတ်စောင်းကောက်ကဲ့သို့သော သက်မဲ့တူရိယာများကိုကြည့်လော့။ ထို တူရိယာများမှတေးသံများပီသစွာ ထွက်ပေါ်၍မလာပါမူအဘယ်သူသည် ထိုတူရိယာတို့၏တေးသွားကိုသိနိုင် မည်နည်း။-
8. တံပိုးခရာမှုတ်သံမပီသပါကအဘယ်သူ သည်စစ်ပွဲဝင်ရန်ပြင်ဆင်မည်နည်း။-
9. ထိုနည်းတူစွာထူးဆန်းသည့်ဘာသာစကား အမျိုးမျိုးဖြင့်သင်တို့ပြောသည့်စကားသည် အနက်အဋ္ဌိပ္ပါယ်မရှင်းပါမူ အဘယ်သူသည် နားလည်နိုင်မည်နည်း။ သင်တို့၏စကားများ သည်လေထဲတွင်ပျောက်ကွယ်သွားလိမ့်မည်။-
10. ကမ္ဘာပေါ်တွင်ဘာသာစကားအမျိုးပေါင်း များစွာရှိသော်လည်း မည်သည့်ဘာသာစကား မျှအဋ္ဌိပ္ပါယ်ကင်းမဲ့သည်မရှိ။-
11. သို့ရာတွင်ငါနားမလည်သည့်ဘာသာစကား ကိုပြောဆိုသူသည် ငါ့အဖို့လူမျိုးခြားဖြစ်၏။ ငါသည်လည်းသူ့အဖို့လူမျိုးခြားဖြစ်ပေမည်။-
12. သင်တို့သည်ဝိညာဉ်တော်ဆုကျေးဇူးများကို လိုလားတောင့်တကြသည့်အလျောက်အသင်း တော်ကြီးပွားတိုးတက်မှုကို အထောက်အကူ ပြုမည့်ဆုကျေးဇူးများကိုပို၍အသုံးပြု ရန်ကြိုးစားကြလော့။-
13. ထို့ကြောင့်ထူးဆန်းသောစကားအမျိုးမျိုး ဖြင့်ပြောသောသူသည် မိမိပြောသည့်စကား ၏အဋ္ဌိပ္ပါယ်ကိုဖော်ပြနိုင်သောတန်ခိုးစွမ်း ရည်ကိုရရှိရန်ဆုတောင်းပတ္ထနာပြုရမည်။-
14. ငါသည်ထူးဆန်းသောဘာသာစကားအမျိုးမျိုး ဖြင့်ဆုတောင်းပတ္ထနာပြုသောအခါ ငါ၏စိတ် နှလုံးသည်ဆုတောင်းပတ္ထနာပြုလျက်နေသော် လည်းငါ၏အသိဉာဏ်မူကားပါဝင်မှုမရှိ။-
15. သို့ဖြစ်၍အဘယ်သို့ငါပြုရမည်နည်း။ ငါသည် စိတ်နှလုံးအားဖြင့်သာမကအသိဉာဏ်အား ဖြင့်လည်းဆုတောင်းပတ္ထနာပြုမည်။ စိတ်နှလုံး အားဖြင့်သီချင်းဆိုသည်သာမကအသိ ဉာဏ်အားဖြင့်လည်းသီဆိုမည်။-
16. သင်တို့သည်စိတ်နှလုံးအားဖြင့်သာလျှင် ဘုရား သခင်၏ကျေးဇူးတော်ကိုချီးမွမ်း၍ဆုတောင်း ပတ္ထနာပြုကြပါမူ ပရိသတ်ဝတ်ပြုခြင်း၌သာမန် လူတစ်ယောက်သည် သင်တို့ပြောဆိုသမျှစကား များကိုနားမလည်နိုင်သဖြင့် အဘယ်သို့လျှင် သင်တို့၏ဆုတောင်းပတ္ထနာကို ``အာမင်'' ဟုဝန်ခံ နိုင်မည်နည်း။-
17. ကျေးဇူးတော်ချီးမွမ်းသည့်သင်တို့၏ဆုတောင်း ပတ္ထနာသည်ကောင်းမွန်စေကာမူသူတစ်ပါး အတွက်မည်သို့မျှအကျိုးမရှိ။