ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ကော 14:5-16 Common Language Bible (BCL)

5. ငါ​သည်​သင်​တို့​အား​လုံး​ကို​ပင်​ထူး​ဆန်း​သော ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ဖြင့်​ပြော​ဆို​စေ​လို သော်​လည်း နှုတ်​က​ပတ်​တ​ရား​တော်​ဟော​ပြော နိုင်​သော​ဆု​ကျေး​ဇူး​ကို​ပို​၍​ရ​စေ​လို​၏။ ထူး ဆန်း​သော​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ဖြင့်​ပြော ဆို​သူ​သည် မိ​မိ​စ​ကား​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို ရှင်း​လင်း​ဖော်​ပြ​နိုင်​သူ​ရှိ​မှ​သာ​လျှင် အ​သင်း တော်​၏​အ​ကျိုး​ကို​ပြု​စု​၏။ သို့​မ​ဟုတ်​ပါ​မူ နှုတ်​က​ပတ်​တ​ရား​တော်​ကို​ဟော​ပြော​ခြင်း က​ပို​၍​တန်​ဖိုး​ရှိ​၏။-

6. သို့​ဖြစ်​၍​ညီ​အစ်​ကို​တို့၊ ငါ​သည်​သင်​တို့​ထံ သို့​လာ​၍​ထူး​ဆန်း​သော​ဘာ​သာ​စ​ကား အ​မျိုး​မျိုး​ဖြင့်​ပြော​ဆို​ပါ​လျှင် အ​ဘယ် အ​ကျိုး​ရှိ​မည်​နည်း။ ငါ​ဟော​ပြော​သော​စကား များ​သည် ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော် စ​ကား၊ အ​သိ​ပ​ညာ​နှင့်​ယှဉ်​သော​စ​ကား၊ ဝိ​ညာဉ်​တော်​တန်​ခိုး​အား​ဖြင့်​နှိုး​ဆော်​သော စ​ကား၊ ဆုံး​မ​သွန်​သင်​သည့်​စ​ကား​များ​မ​ဖြစ် ပါ​မူ​သင်​တို့​၌​အ​ဘယ်​အ​ကျိုး​ရှိ​မည်​နည်း။

7. ပ​လွေ​သို့​မ​ဟုတ်​စောင်း​ကောက်​ကဲ့​သို့​သော သက်​မဲ့​တူ​ရိ​ယာ​များ​ကို​ကြည့်​လော့။ ထို တူ​ရိ​ယာ​များ​မှ​တေး​သံ​များ​ပီ​သ​စွာ ထွက်​ပေါ်​၍​မ​လာ​ပါ​မူ​အ​ဘယ်​သူ​သည် ထို​တူ​ရိ​ယာ​တို့​၏​တေး​သွား​ကို​သိ​နိုင် မည်​နည်း။-

8. တံ​ပိုး​ခ​ရာ​မှုတ်​သံ​မ​ပီ​သ​ပါ​က​အ​ဘယ်​သူ သည်​စစ်​ပွဲ​ဝင်​ရန်​ပြင်​ဆင်​မည်​နည်း။-

9. ထို​နည်း​တူ​စွာ​ထူး​ဆန်း​သည့်​ဘာ​သာ​စ​ကား အ​မျိုး​မျိုး​ဖြင့်​သင်​တို့​ပြော​သည့်​စ​ကား​သည် အ​နက်​အ​ဋ္ဌိပ္ပါယ်​မ​ရှင်း​ပါ​မူ အ​ဘယ်​သူ​သည် နား​လည်​နိုင်​မည်​နည်း။ သင်​တို့​၏​စ​ကား​များ သည်​လေ​ထဲ​တွင်​ပျောက်​ကွယ်​သွား​လိမ့်​မည်။-

10. ကမ္ဘာ​ပေါ်​တွင်​ဘာ​သာ​စ​ကား​အ​မျိုး​ပေါင်း များ​စွာ​ရှိ​သော်​လည်း မည်​သည့်​ဘာ​သာ​စ​ကား မျှ​အ​ဋ္ဌိပ္ပါယ်​ကင်း​မဲ့​သည်​မ​ရှိ။-

11. သို့​ရာ​တွင်​ငါ​နား​မ​လည်​သည့်​ဘာ​သာ​စ​ကား ကို​ပြော​ဆို​သူ​သည် ငါ့​အ​ဖို့​လူ​မျိုး​ခြား​ဖြစ်​၏။ ငါ​သည်​လည်း​သူ့​အ​ဖို့​လူ​မျိုး​ခြား​ဖြစ်​ပေ​မည်။-

12. သင်​တို့​သည်​ဝိ​ညာဉ်​တော်​ဆု​ကျေး​ဇူး​များ​ကို လို​လား​တောင့်​တ​ကြ​သည့်​အ​လျောက်​အ​သင်း တော်​ကြီး​ပွား​တိုး​တက်​မှု​ကို အ​ထောက်​အ​ကူ ပြု​မည့်​ဆု​ကျေး​ဇူး​များ​ကို​ပို​၍​အ​သုံး​ပြု ရန်​ကြိုး​စား​ကြ​လော့။-

13. ထို့​ကြောင့်​ထူး​ဆန်း​သော​စ​ကား​အ​မျိုး​မျိုး ဖြင့်​ပြော​သော​သူ​သည် မိ​မိ​ပြော​သည့်​စ​ကား ၏​အ​ဋ္ဌိပ္ပါယ်​ကို​ဖော်​ပြ​နိုင်​သော​တန်​ခိုး​စွမ်း ရည်​ကို​ရ​ရှိ​ရန်​ဆု​တောင်း​ပတ္ထ​နာ​ပြု​ရ​မည်။-

14. ငါ​သည်​ထူး​ဆန်း​သော​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး ဖြင့်​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော​အ​ခါ ငါ​၏​စိတ် နှ​လုံး​သည်​ဆု​တောင်း​ပတ္ထ​နာ​ပြု​လျက်​နေ​သော် လည်း​ငါ​၏​အ​သိ​ဉာဏ်​မူ​ကား​ပါ​ဝင်​မှု​မ​ရှိ။-

15. သို့​ဖြစ်​၍​အ​ဘယ်​သို့​ငါ​ပြု​ရ​မည်​နည်း။ ငါ​သည် စိတ်​နှ​လုံး​အား​ဖြင့်​သာ​မ​က​အ​သိ​ဉာဏ်​အား ဖြင့်​လည်း​ဆု​တောင်း​ပတ္ထနာ​ပြု​မည်။ စိတ်​နှ​လုံး အား​ဖြင့်​သီ​ချင်း​ဆို​သည်​သာ​မ​က​အ​သိ ဉာဏ်​အား​ဖြင့်​လည်း​သီ​ဆို​မည်။-

16. သင်​တို့​သည်​စိတ်​နှ​လုံး​အား​ဖြင့်​သာ​လျှင် ဘု​ရား သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​၍​ဆု​တောင်း ပတ္ထနာ​ပြု​ကြ​ပါ​မူ ပ​ရိ​သတ်​ဝတ်​ပြု​ခြင်း​၌​သာ​မန် လူ​တစ်​ယောက်​သည် သင်​တို့​ပြော​ဆို​သ​မျှ​စကား များ​ကို​နား​မ​လည်​နိုင်​သ​ဖြင့် အ​ဘယ်​သို့​လျှင် သင်​တို့​၏​ဆု​တောင်း​ပတ္ထနာ​ကို ``အာ​မင်'' ဟု​ဝန်​ခံ နိုင်​မည်​နည်း။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ကော 14