34. အမျိုးသမီးများသည်အစည်းအဝေးများတွင် ဆိတ်ဆိတ်နေကြစေ။ သူတို့မှာစကားပြောပိုင်ခွင့် မရှိ။ ယုဒပညတ်ကျမ်းတွင်ဖော်ပြသည့်အတိုင်း အမျိုးသမီးတို့သည်အစည်းအဝေးများတွင် ခေါင်းဆောင်များမဖြစ်စေရ။-
35. သူတို့သည်အကြောင်းတစ်စုံတစ်ရာကိုသိလို လျှင် မိမိတို့၏ခင်ပွန်းများကိုအိမ်တွင်မေးမြန်း စုံစမ်းကြစေ။ အသင်းတော်၏အစည်းအဝေး ၌အမျိုးသမီးများစကားပြောခြင်းသည် ရှက်ဖွယ်သောအမှုဖြစ်၏။
36. ဘုရားသခင်၏နှုတ်ကပတ်တရားတော်သည် သင်တို့ထံမှထွက်လာသလော။ သို့တည်းမဟုတ် သင်တို့ထံသို့သာလျှင်နှုတ်ကပတ်တရား တော်ရောက်ရှိလာသလော။-
37. မိမိကိုယ်ကိုဘုရားသခင်၏ဗျာဒိတ်တော် ပြန်ကြားသူဖြစ်သည်ဟူ၍လည်းကောင်း၊ ဝိညာဉ် ဆုကျေးဇူးရရှိသူဖြစ်သည်ဟူ၍လည်းကောင်း ယူဆသောသူသည် ယခုငါရေးလိုက်သော စကားတို့သည်သခင်ဘုရား၏ပညတ်ဖြစ် ကြောင်းသိမှတ်စေ။-
38. မသိမှတ်လျှင်သူ့ကိုလည်းအသိအမှတ်မပြု ကြနှင့်။
39. သို့ဖြစ်၍ညီအစ်ကိုတို့၊ သင်တို့သည်ဗျာဒိတ် တော်ကိုကြေညာဟောပြောခြင်းငှာလိုလား တောင့်တကြလော့။ သို့ရာတွင်ထူးဆန်းသော ဘာသာစကားအမျိုးမျိုးဖြင့်ပြောဆိုခြင်း ကိုမတားမြစ်ကြနှင့်။-
40. ခပ်သိမ်းသောအမှုတို့ကိုလျောက်ပတ်စွာစနစ် တကျလုပ်ဆောင်ကြလော့။