ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ကော 14:24-30 Common Language Bible (BCL)

24. သို့​သော်​ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော်​ကို​သင် တို့​အ​ပေါင်း​ကြေ​ညာ​ဟော​ပြော​လျက်​နေ​စဉ် မ​ယုံ​ကြည်​သူ​သို့​မ​ဟုတ်​သာ​မန်​လူ​တစ်​ယောက် ရောက်​ရှိ​လာ​ပါ​မူ သင်​တို့​ဟော​ပြော​သည့်​တ​ရား စ​ကား​ကြောင့် မိ​မိ​သည်​အ​ပြစ်​များ​ကူး​သူ ဖြစ်​ကြောင်း​ကောင်း​စွာ​သိ​မြင်​လာ​လိမ့်​မည်။-

25. သူ​၏​စိတ်​နှ​လုံး​စစ်​ကြော​စီ​ရင်​ခြင်း​ကို​ခံ​ရ လျက်​သူ​၏​လျှို့​ဝှက်​သော​အ​ကြံ​အ​စည်​များ သည်​ပေါ်​လွင်​သ​ဖြင့် ``သင်​တို့​နှင့်​အ​တူ​ဧ​ကန် အ​မှန်​ဤ​အ​ရပ်​တွင်​ဘု​ရား​သ​ခင်​ရှိ​တော်​မူ ပါ​သည်​တ​ကား'' ဟု​ထုတ်​ဖော်​ဝန်​ခံ​ကာ​ဘု​ရား သ​ခင်​ကို​ပျပ်​ဝပ်​ရှိ​ခိုး​လိမ့်​မည်။

26. ညီ​အစ်​ကို​တို့၊ ငါ​ဆို​လို​သည်​မှာ​ဤ​သို့​တည်း။ ကိုး​ကွယ်​ဝတ်​ပြု​ရန်​သင်​တို့​စု​ဝေး​ကြ​သော အ​ခါ​တစ်​ယောက်​က​သီ​ချင်း​ဆို​ခြင်း၊ နောက် တစ်​ယောက်​က​သွန်​သင်​ခြင်း၊ နောက်​တစ်​ယောက် က​ဗျာ​ဒိတ်​တော်​ကို​ပြန်​ကြား​ခြင်း၊ နောက် တစ်​ယောက်​က​ထူး​ဆန်း​သော​ဘာ​သာ​စ​ကား ဖြင့်​ပြော​ဆို​ခြင်း၊ နောက်​တစ်​ယောက်​က​အ​နက် အ​ဋ္ဌိပ္ပါယ်​ဖော်​ပြ​ခြင်း​တို့​ကို​ဆောင်​ရွက်​ကြ လော့။ သင်​တို့​ဆောင်​ရွက်​သ​မျှ​သော​အ​မှု​တို့ သည်​အ​သင်း​တော်​ဝင်​အ​ပေါင်း​အား​အ​ကျိုး ပြု​ရ​မည်။-

27. ထူး​ဆန်း​သော​ဘာ​သာ​စ​ကား​ဖြင့်​ပြော​မည် ဆို​ပါ​က​နှစ်​ယောက်​ဖြစ်​စေ၊ အ​များ​ဆုံး​သုံး ယောက်​ဖြစ်​စေ​အ​လှည့်​ကျ​ပြော​စေ​လော့။ ထို နောက်​လူ​တစ်​ယောက်​က​အ​နက်​အ​ဋ္ဌိပ္ပါယ် ပြန်​ပါ​စေ။-

28. အ​ကယ်​၍​စ​ကား​ပြန်​မ​ရှိ​ပါ​မူ​ထူး​ဆန်း​သော ဘာ​သာ​စ​ကား​ဖြင့်​ပြော​ဆို​လို​သော​သူ​သည် ဆိတ် ဆိတ်​နေ​၍​မိ​မိ​တစ်​ကိုယ်​တည်း​ပြော​လျက်​နေ​စေ။ ဘု​ရား​သ​ခင်​အား​လည်း​လျှောက်​ထား​လျက်​နေ စေ။-

29. ဗျာ​ဒိတ်​တော်​ကို​ခံ​ယူ​ရ​ရှိ​သူ​နှစ်​ယောက်​သုံး ယောက်​က​ဟော​ပြော​၍ ကျန်​သော​သူ​တို့​က​ထို သူ​တို့​၏​ဟော​ပြော​ချက်​များ​ကို​ဆင်​ခြင် သုံး​သပ်​ကြ​စေ။-

30. သို့​ရာ​တွင်​အ​ကယ်​၍​လူ​တစ်​ယောက်​ဟော​ပြော နေ​စဉ်​ထိုင်​နေ​သူ​များ​အ​ထဲ​မှ​တစ်​ယောက် သည် ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော်​ကို​ခံ​ယူ ရ​ရှိ​ပါ​က​ဟော​ပြော​နေ​သော​သူ​သည်​ရပ်​နား စေ။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ကော 14