ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ကော 12:10-17 Common Language Bible (BCL)

10. ဝိ​ညာဉ်​တော်​သည်​တစ်​ယောက်​အား​နိ​မိတ်​လက္ခ ဏာ​များ​ပြ​နိုင်​သော​တန်​ခိုး​ကို​လည်း​ကောင်း၊ အ​ခြား​တစ်​ယောက်​အား​ဘု​ရား​သ​ခင်​၏ နှုတ်​က​ပတ်​တော်​ကို​ဟော​ပြော​နိုင်​သော​စွမ်း ရည်​ကို​လည်း​ကောင်း၊ နောက်​တစ်​ယောက်​အား ဝိ​ညာဉ်​တော်​ချ​ပေး​တော်​မူ​သည့်​ဆု​ကျေး​ဇူး များ​နှင့်​ချ​ပေး​တော်​မ​မူ​သည့်​ဆု​ကျေး​ဇူး များ​ကို​ပိုင်း​ခြား​သိ​ရှိ​နိုင်​သော​စွမ်း​ရည် ကို​လည်း​ကောင်း​ပေး​တော်​မူ​၏။ ကိုယ်​တော် သည်​တစ်​ယောက်​အား​ထူး​ဆန်း​သော​ဘာ​သာ စ​ကား​အ​မျိုး​မျိုး​ကို​အ​နက်​ပြန်​ဆို​နိုင် သော​စွမ်း​ရည်​ကို​လည်း​ကောင်း၊ အ​ခြား​တစ် ယောက်​အား​ထို​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး ကို​ပြော​ဆို​နိုင်​သော​စွမ်း​ရည်​ကို​လည်း​ကောင်း ပေး​တော်​မူ​၏။-

11. သို့​ရာ​တွင်​ဤ​တန်​ခိုး​စွမ်း​ရည်​အ​ပေါင်း​တို့ ကို​ချ​ပေး​တော်​မူ​သော​အ​ရှင်​ကား​ဝိ​ညာဉ် တော်​တစ်​ပါး​တည်း​ဖြစ်​၏။ ဝိ​ညာဉ်​တော်​သည် မိ​မိ​အ​လို​တော်​အ​တိုင်း​လူ​တစ်​ဦး​စီ​အား ထူး​ခြား​သည့်​ဆု​ကျေး​ဇူး​ကို​ချ​ပေး​တော် မူ​သ​တည်း။

12. ခ​ရစ်​တော်​သည်​အင်္ဂါ​အ​စိတ်​အ​ပိုင်း​များ​ရှိ သည့်​ကိုယ်​ခန္ဓာ​နှင့်​တူ​၏။ ကိုယ်​ခန္ဓာ​သည်​အင်္ဂါ အ​စိတ်​အ​ပိုင်း​များ​ရှိ​သော်​လည်း​တစ်​ကိုယ် တည်း​သာ​ဖြစ်​၏။-

13. ထို​နည်း​တူ​စွာ​ငါ​တို့​သည်​ယု​ဒ​လူ​မျိုး​ဖြစ် စေ၊ လူ​မျိုး​ခြား​ဖြစ်​စေ၊ ကျွန်​ဖြစ်​စေ၊ လွတ်​လပ် သူ​ဖြစ်​စေ၊ ဝိ​ညာဉ်​တော်​တစ်​ပါး​တည်း​အား ဖြင့်​ကိုယ်​ခန္ဓာ​တစ်​ခု​တည်း​ထဲ​သို့​ဗတ္တိ​ဇံ​ခံ ယူ​ကြ​၏။ ငါ​တို့​ရှိ​သ​မျှ​သည်​ဝိ​ညာဉ်​တော် တစ်​ပါး​တည်း​ကို​သောက်​ကြ​ရ​၏။

14. လူ​၏​ကိုယ်​ခန္ဓာ​တွင်​အင်္ဂါ​အ​စိတ်​အ​ပိုင်း​တစ် ခု​တည်း​ရှိ​သည်​မ​ဟုတ်။ အ​များ​ပင်​ရှိ​ပေ သည်။-

15. ခြေ​က ``ငါ​သည်​လက်​မ​ဟုတ်​သ​ဖြင့်​ကိုယ် ခန္ဓာ​နှင့်​မ​စပ်​ဆိုင်'' ဟု​ဆို​ပါ​က​ခြေ​သည် ကိုယ်​ခန္ဓာ​၏​အ​စိတ်​အ​ပိုင်း​ဖြစ်​သေး​၏။-

16. နား​က``ငါ​သည်​မျက်​စိ​မ​ဟုတ်​သ​ဖြင့်​ကိုယ် ခန္ဓာ​နှင့်​မ​စပ်​ဆိုင်'' ဟု​ဆို​ပါ​က​နား​သည် ကိုယ်​ခန္ဓာ​၏​အ​စိတ်​အ​ပိုင်း​ဖြစ်​သေး​၏။-

17. ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​သည်​မျက်​စိ​သာ​လျှင် ဖြစ်​ပါ​က​အ​ဘယ်​သို့​ကြား​နိုင်​မည်​နည်း။ ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​သည်​နား​သာ​လျှင် ဖြစ်​ပါ​မူ​အ​ဘယ်​သို့​အ​နံ့​ခံ​နိုင်​မည်​နည်း။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ကော 12