ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ကော 12:1-15 Common Language Bible (BCL)

1. ညီ​အစ်​ကို​တို့၊ သင်​တို့​ရေး​သား​မေး​မြန်း သည့်​ဝိ​ညာဉ်​တော်​၏​ဆု​ကျေး​ဇူး​များ​နှင့် ပတ်​သက်​၍ သင်​တို့​အား​သိ​စေ​လို​သော အ​ချက်​များ​ရှိ​၏။-

2. သင်​တို့​သည်​ယုံ​ကြည်​သူ​မ​ဖြစ်​မီ​က စိတ် လှုပ်​ရှား​ရာ​သို့​လိုက်​ပါ​ကာ​လမ်း​လွဲ​လျက် သက်​မဲ့​ရုပ်​တု​များ​ကို​ကိုး​ကွယ်​ခဲ့​ကြ​ကြောင်း သင်​တို့​အ​သိ​ပင်​ဖြစ်​၏။-

3. အ​ဘယ်​သူ​မ​ဆို​ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ် တော်​ဦး​ဆောင်​မှု​ကို​ခံ​ယူ​ရ​ရှိ​လျှင် သ​ခင် ယေ​ရှု​အား​ကျိန်​စာ​မ​သင့်​စေ​နိုင်။ သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​၏​ရှေ့​ဆောင်​လမ်း​ပြ​မှု​ကို မ​ခံ​ယူ​မ​ရ​ရှိ​လျှင် ``ယေ​ရှု​သည်​အ​ရှင် သ​ခင်​ဖြစ်​ပါ​သည်'' ဟု​မည်​သူ​မျှ​ဝန်​မ​ခံ နိုင်​ကြောင်း​ကို​သင်​တို့​အား​သိ​စေ​လို​၏။

4. ဝိ​ညာဉ်​ဆု​ကျေး​ဇူး​ကား​အ​မျိုး​မျိုး​ရှိ​၏။ သို့ သော်​ထို​ဆု​ကျေး​ဇူး​များ​ကို​ချ​ပေး​တော် မူ​သော​ဝိ​ညာဉ်​တော်​တစ်​ပါး​တည်း​ရှိ​၏။-

5. အ​စေ​ခံ​ရန်​နည်း​အ​မျိုး​မျိုး​ရှိ​သော်​လည်း အ​စေ​ခံ​ရ​သည့်​သ​ခင်​ကား​တစ်​ပါး​တည်း​ရှိ​၏။-

6. အ​မှု​တော်​ဆောင်​ရန်​စွမ်း​ရည်​အ​မျိုး​မျိုး​ရှိ​သော် လည်း လူ​အ​သီး​သီး​၌​ရှိ​သော​စွမ်း​ရည်​များ​ကို ပေး​တော်​မူ​သော​အ​ရှင်​ကား​တစ်​ပါး​တည်း​ရှိ​၏။-

7. အ​များ​ကောင်း​ကျိုး​အ​တွက်​လူ​အ​သီး​သီး တို့​နှင့်​ဝိ​ညာဉ်​တော်​ပါ​ရှိ​ကြောင်း​တစ်​နည်း တစ်​ဖုံ​အား​ဖြင့်​ဖော်​ပြ​၏။-

8. ဝိ​ညာဉ်​တော်​သည်​လူ​တစ်​ယောက်​အား​ဉာဏ် ပ​ညာ​ဖြင့်​ပြော​ဆို​နိုင်​သော​စွမ်း​ရည်​ကို​ပေး တော်​မူ​၏။ အ​ခြား​တစ်​ယောက်​အား​အ​သိ ဉာဏ်​ဖြင့်​ခက်​ခဲ​သော​အ​ရာ​တို့​ကို​ထုတ်​ဖော် ပြော​ဆို​နိုင်​သော​စွမ်း​ရည်​ကို​ပေး​တော်​မူ​၏။-

9. ဝိ​ညာဉ်​တော်​က​ပင်​တစ်​ယောက်​အား​ယုံ​ကြည်​မှု ပါ​ရ​မီ​ကို​လည်း​ကောင်း၊ အ​ခြား​တစ်​ယောက် အား​အ​နာ​ရော​ဂါ​များ​ပျောက်​ကင်း​စေ​နိုင် သော​တန်​ခိုး​ကို​လည်း​ကောင်း​ပေး​တော်​မူ​၏။-

10. ဝိ​ညာဉ်​တော်​သည်​တစ်​ယောက်​အား​နိ​မိတ်​လက္ခ ဏာ​များ​ပြ​နိုင်​သော​တန်​ခိုး​ကို​လည်း​ကောင်း၊ အ​ခြား​တစ်​ယောက်​အား​ဘု​ရား​သ​ခင်​၏ နှုတ်​က​ပတ်​တော်​ကို​ဟော​ပြော​နိုင်​သော​စွမ်း ရည်​ကို​လည်း​ကောင်း၊ နောက်​တစ်​ယောက်​အား ဝိ​ညာဉ်​တော်​ချ​ပေး​တော်​မူ​သည့်​ဆု​ကျေး​ဇူး များ​နှင့်​ချ​ပေး​တော်​မ​မူ​သည့်​ဆု​ကျေး​ဇူး များ​ကို​ပိုင်း​ခြား​သိ​ရှိ​နိုင်​သော​စွမ်း​ရည် ကို​လည်း​ကောင်း​ပေး​တော်​မူ​၏။ ကိုယ်​တော် သည်​တစ်​ယောက်​အား​ထူး​ဆန်း​သော​ဘာ​သာ စ​ကား​အ​မျိုး​မျိုး​ကို​အ​နက်​ပြန်​ဆို​နိုင် သော​စွမ်း​ရည်​ကို​လည်း​ကောင်း၊ အ​ခြား​တစ် ယောက်​အား​ထို​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး ကို​ပြော​ဆို​နိုင်​သော​စွမ်း​ရည်​ကို​လည်း​ကောင်း ပေး​တော်​မူ​၏။-

11. သို့​ရာ​တွင်​ဤ​တန်​ခိုး​စွမ်း​ရည်​အ​ပေါင်း​တို့ ကို​ချ​ပေး​တော်​မူ​သော​အ​ရှင်​ကား​ဝိ​ညာဉ် တော်​တစ်​ပါး​တည်း​ဖြစ်​၏။ ဝိ​ညာဉ်​တော်​သည် မိ​မိ​အ​လို​တော်​အ​တိုင်း​လူ​တစ်​ဦး​စီ​အား ထူး​ခြား​သည့်​ဆု​ကျေး​ဇူး​ကို​ချ​ပေး​တော် မူ​သ​တည်း။

12. ခ​ရစ်​တော်​သည်​အင်္ဂါ​အ​စိတ်​အ​ပိုင်း​များ​ရှိ သည့်​ကိုယ်​ခန္ဓာ​နှင့်​တူ​၏။ ကိုယ်​ခန္ဓာ​သည်​အင်္ဂါ အ​စိတ်​အ​ပိုင်း​များ​ရှိ​သော်​လည်း​တစ်​ကိုယ် တည်း​သာ​ဖြစ်​၏။-

13. ထို​နည်း​တူ​စွာ​ငါ​တို့​သည်​ယု​ဒ​လူ​မျိုး​ဖြစ် စေ၊ လူ​မျိုး​ခြား​ဖြစ်​စေ၊ ကျွန်​ဖြစ်​စေ၊ လွတ်​လပ် သူ​ဖြစ်​စေ၊ ဝိ​ညာဉ်​တော်​တစ်​ပါး​တည်း​အား ဖြင့်​ကိုယ်​ခန္ဓာ​တစ်​ခု​တည်း​ထဲ​သို့​ဗတ္တိ​ဇံ​ခံ ယူ​ကြ​၏။ ငါ​တို့​ရှိ​သ​မျှ​သည်​ဝိ​ညာဉ်​တော် တစ်​ပါး​တည်း​ကို​သောက်​ကြ​ရ​၏။

14. လူ​၏​ကိုယ်​ခန္ဓာ​တွင်​အင်္ဂါ​အ​စိတ်​အ​ပိုင်း​တစ် ခု​တည်း​ရှိ​သည်​မ​ဟုတ်။ အ​များ​ပင်​ရှိ​ပေ သည်။-

15. ခြေ​က ``ငါ​သည်​လက်​မ​ဟုတ်​သ​ဖြင့်​ကိုယ် ခန္ဓာ​နှင့်​မ​စပ်​ဆိုင်'' ဟု​ဆို​ပါ​က​ခြေ​သည် ကိုယ်​ခန္ဓာ​၏​အ​စိတ်​အ​ပိုင်း​ဖြစ်​သေး​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ကော 12