26. အဘယ်ကြောင့်ဆိုသော်``ဤလောကနှင့်တကွ လောက၌ရှိသမျှသောအရာတို့ကိုထာဝရ ဘုရားပိုင်တော်မူ၏'' ဟုကျမ်းစာတော်ကဆို၏။
27. အကယ်၍မယုံကြည်သူလူတစ်ယောက်က သင်တို့အား ဧည့်ခံကျွေးမွေးရန်ခေါ်ဖိတ်သော အခါသင်တို့သွားလိုကသွားကြလော့။ မိမိ တို့၏သြတ္တပ္ပစိတ်ကိုထောက်၍တည်ခင်းကျွေး မွေးသမျှတို့ကိုစစ်ဆေးမေးမြန်းခြင်းမပြု ဘဲစားလော့။-
28. သို့ရာတွင်လူတစ်စုံတစ်ယောက်က``ဤအရာ သည်ယဇ်ပူဇော်သောအသားဖြစ်သည်'' ဟု ဆိုပါမူယင်းသို့ပြောဆိုသူကိုလည်းကောင်း၊ သြတ္တပ္ပစိတ်ကိုလည်းကောင်းထောက်၍ထို အသားကိုမစားကြနှင့်။-
29. သြတ္တပ္ပစိတ်ဆိုရာ၌သင်တို့၏သြတ္တပ္ပစိတ်ကို မဆိုလို။ လာပြောသူ၏သြတ္တပ္ပစိတ်ကိုဆို လို၏။သင်တို့တွင်လူတစ်စုံတစ်ယောက်က``ငါ၏ လွတ်လပ်မှုကိုအဘယ်ကြောင့်သူတစ်ပါး ၏သြတ္တပ္ပစိတ်ကချုပ်ချယ်ရပါသနည်း။-
30. အကယ်၍ငါသည်မိမိစားသောက်သည့်အစား အစာအတွက်ဘုရားသခင်၏ကျေးဇူးတော် ကိုချီးမွမ်း၏။ ထိုသို့ကျေးဇူးတော်ကိုချီးမွမ်း ၍စားသောက်သည့်အစားအစာနှင့်ပတ်သက်၍ ငါ့အားသူတစ်ပါးကအဘယ်ကြောင့်ဝေဖန် ရပါမည်နည်း'' ဟုမေးလိုပေလိမ့်မည်။
31. သင်တို့သည်စားသည်ဖြစ်စေ၊ အဘယ်အမှု ကိုပြုသည်ဖြစ်စေ ဘုရားသခင်၏ဘုန်း အသရေတော်အတွက်ပြုကြလော့။-
32. ယုဒအမျိုးသားတို့ကသော်လည်းကောင်း၊ လူမျိုးခြားတို့ကသော်လည်းကောင်း ဘုရား သခင်၏အသင်းတော်ဝင်တို့ကသော်လည်း ကောင်း ကဲ့ရဲ့စရာအကြောင်းမဖြစ်စေရန် နေထိုင်ကြလော့။-
33. သင်တို့သည်လည်းငါကဲ့သို့ပြုကြလော့။ ငါ သည်လူတို့ကယ်တင်ခြင်းခံရစေရန်မိမိပြု သမျှသောအမှုတို့တွင် ကိုယ်ကျိုးကိုမငဲ့ ဘဲလူအပေါင်းတို့၏အကျိုးကိုငဲ့၍သူ တို့နှစ်သက်အောင်ပြု၏။