ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ကော 10:23-32 Common Language Bible (BCL)

23. ``ငါ​တို့​တွင်​အ​ဘယ်​အ​မှု​ကို​မ​ဆို​ပြု​နိုင်​ခွင့် ရှိ​၏'' ဟု​ဆို​ကြ​သည်​အ​တိုင်း​မှန်​သော်​လည်း အ​ရာ​ခပ်​သိမ်း​သည်​ကောင်း​မွန်​သည်​မ​ဟုတ်။``ငါ တို့​တွင်​အ​ဘယ်​အ​မှု​ကို​မ​ဆို​ပြု​ပိုင်​ခွင့်​ရှိ​၏'' ဟု​ဆို​သော်​လည်း​အ​ရာ​ခပ်​သိမ်း​သည်​ငါ​တို့ အ​ကျိုး​ကို​ပြု​စု​ပေး​သည်​မ​ဟုတ်။-

24. အ​ဘယ်​သူ​မျှ​ကိုယ်​ကျိုး​ကို​မ​ရှာ​စေ​နှင့်။ သူ တစ်​ပါး​၏​အ​ကျိုး​ကို​သာ​လျှင်​ရှာ​စေ။

25. သင်​တို့​၏​သြတ္တ​ပ္ပ​စိတ်​ကို​ထောက်​၍ စျေး​တွင်​ရောင်း သည့်​အ​မဲ​သား​ကို​စစ်​ဆေး​မေး​မြန်း​ခြင်း​မ​ပြု ဘဲ​ဝယ်​၍​စား​ကြ​လော့။-

26. အ​ဘယ်​ကြောင့်​ဆို​သော်``ဤ​လော​က​နှင့်​တ​ကွ လော​က​၌​ရှိ​သ​မျှ​သော​အ​ရာ​တို့​ကို​ထာ​ဝ​ရ ဘု​ရား​ပိုင်​တော်​မူ​၏'' ဟု​ကျမ်း​စာ​တော်​က​ဆို​၏။

27. အ​ကယ်​၍​မ​ယုံ​ကြည်​သူ​လူ​တစ်​ယောက်​က သင်​တို့​အား ဧည့်​ခံ​ကျွေး​မွေး​ရန်​ခေါ်​ဖိတ်​သော အ​ခါ​သင်​တို့​သွား​လို​က​သွား​ကြ​လော့။ မိ​မိ တို့​၏​သြတ္တပ္ပ​စိတ်​ကို​ထောက်​၍​တည်​ခင်း​ကျွေး မွေး​သ​မျှ​တို့​ကို​စစ်​ဆေး​မေး​မြန်း​ခြင်း​မ​ပြု ဘဲ​စား​လော့။-

28. သို့​ရာ​တွင်​လူ​တစ်​စုံ​တစ်​ယောက်​က``ဤ​အ​ရာ သည်​ယဇ်​ပူ​ဇော်​သော​အ​သား​ဖြစ်​သည်'' ဟု ဆို​ပါ​မူ​ယင်း​သို့​ပြော​ဆို​သူ​ကို​လည်း​ကောင်း၊ သြတ္တ​ပ္ပ​စိတ်​ကို​လည်း​ကောင်း​ထောက်​၍​ထို အ​သား​ကို​မ​စား​ကြ​နှင့်။-

29. သြတ္တပ္ပ​စိတ်​ဆို​ရာ​၌​သင်​တို့​၏​သြတ္တပ္ပ​စိတ်​ကို မ​ဆို​လို။ လာ​ပြော​သူ​၏​သြတ္တပ္ပ​စိတ်​ကို​ဆို လို​၏။သင်​တို့​တွင်​လူ​တစ်​စုံ​တစ်​ယောက်​က``ငါ​၏ လွတ်​လပ်​မှု​ကို​အ​ဘယ်​ကြောင့်​သူ​တစ်​ပါး ၏​သြတ္တပ္ပ​စိတ်​က​ချုပ်​ချယ်​ရ​ပါ​သ​နည်း။-

30. အ​ကယ်​၍​ငါ​သည်​မိ​မိ​စား​သောက်​သည့်​အ​စား အ​စာ​အ​တွက်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် ကို​ချီး​မွမ်း​၏။ ထို​သို့​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း ၍​စား​သောက်​သည့်​အ​စား​အ​စာ​နှင့်​ပတ်​သက်​၍ ငါ့​အား​သူ​တစ်​ပါး​က​အ​ဘယ်​ကြောင့်​ဝေ​ဖန် ရ​ပါ​မည်​နည်း'' ဟု​မေး​လို​ပေ​လိမ့်​မည်။

31. သင်​တို့​သည်​စား​သည်​ဖြစ်​စေ၊ အ​ဘယ်​အ​မှု ကို​ပြု​သည်​ဖြစ်​စေ ဘု​ရား​သ​ခင်​၏​ဘုန်း အ​သ​ရေ​တော်​အ​တွက်​ပြု​ကြ​လော့။-

32. ယု​ဒ​အ​မျိုး​သား​တို့​က​သော်​လည်း​ကောင်း၊ လူ​မျိုး​ခြား​တို့​က​သော်​လည်း​ကောင်း ဘု​ရား သ​ခင်​၏​အ​သင်း​တော်​ဝင်​တို့​က​သော်​လည်း ကောင်း ကဲ့​ရဲ့​စ​ရာ​အ​ကြောင်း​မ​ဖြစ်​စေ​ရန် နေ​ထိုင်​ကြ​လော့။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ကော 10