ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ကော 10:22-27 Common Language Bible (BCL)

22. ငါ​တို့​သည်​သ​ခင်​ဘု​ရား​အား​ဆန့်​ကျင်​ဖက် ပြု​လို​ကြ​သ​လော။ ငါ​တို့​သည်​သ​ခင်​ဘု​ရား ထက်​ပို​၍​တန်​ခိုး​ကြီး​ကြ​သ​လော။

23. ``ငါ​တို့​တွင်​အ​ဘယ်​အ​မှု​ကို​မ​ဆို​ပြု​နိုင်​ခွင့် ရှိ​၏'' ဟု​ဆို​ကြ​သည်​အ​တိုင်း​မှန်​သော်​လည်း အ​ရာ​ခပ်​သိမ်း​သည်​ကောင်း​မွန်​သည်​မ​ဟုတ်။``ငါ တို့​တွင်​အ​ဘယ်​အ​မှု​ကို​မ​ဆို​ပြု​ပိုင်​ခွင့်​ရှိ​၏'' ဟု​ဆို​သော်​လည်း​အ​ရာ​ခပ်​သိမ်း​သည်​ငါ​တို့ အ​ကျိုး​ကို​ပြု​စု​ပေး​သည်​မ​ဟုတ်။-

24. အ​ဘယ်​သူ​မျှ​ကိုယ်​ကျိုး​ကို​မ​ရှာ​စေ​နှင့်။ သူ တစ်​ပါး​၏​အ​ကျိုး​ကို​သာ​လျှင်​ရှာ​စေ။

25. သင်​တို့​၏​သြတ္တ​ပ္ပ​စိတ်​ကို​ထောက်​၍ စျေး​တွင်​ရောင်း သည့်​အ​မဲ​သား​ကို​စစ်​ဆေး​မေး​မြန်း​ခြင်း​မ​ပြု ဘဲ​ဝယ်​၍​စား​ကြ​လော့။-

26. အ​ဘယ်​ကြောင့်​ဆို​သော်``ဤ​လော​က​နှင့်​တ​ကွ လော​က​၌​ရှိ​သ​မျှ​သော​အ​ရာ​တို့​ကို​ထာ​ဝ​ရ ဘု​ရား​ပိုင်​တော်​မူ​၏'' ဟု​ကျမ်း​စာ​တော်​က​ဆို​၏။

27. အ​ကယ်​၍​မ​ယုံ​ကြည်​သူ​လူ​တစ်​ယောက်​က သင်​တို့​အား ဧည့်​ခံ​ကျွေး​မွေး​ရန်​ခေါ်​ဖိတ်​သော အ​ခါ​သင်​တို့​သွား​လို​က​သွား​ကြ​လော့။ မိ​မိ တို့​၏​သြတ္တပ္ပ​စိတ်​ကို​ထောက်​၍​တည်​ခင်း​ကျွေး မွေး​သ​မျှ​တို့​ကို​စစ်​ဆေး​မေး​မြန်း​ခြင်း​မ​ပြု ဘဲ​စား​လော့။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ကော 10