ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ကော 10:1-12 Common Language Bible (BCL)

1. ညီ​အစ်​ကို​တို့၊ မော​ရှေ​ဦး​ဆောင်​သော​ငါ​တို့​၏ ဘိုး​ဘေး​များ​အ​ကြောင်း​ကို​သ​တိ​ရ​စေ​လို​၏။ သူ​တို့​သည်​မိုး​တိမ်​၏​အ​ကွယ်​အ​ကာ​ရ​၍ ပင်​လယ်​နီ​ကို​ဘေး​မဲ့​လုံ​ခြုံ​စွာ​ဖြတ်​သန်း​ခဲ့ ကြ​၏။-

2. သူ​တို့​သည်​ထို​မိုး​တိမ်​နှင့်​ပင်​လယ်​ထဲ​၌​မော​ရှေ ၏​တ​ပည့်​များ​အ​ဖြစ်​ဗတ္တိ​ဇံ​မင်္ဂ​လာ​ခံ​ယူ ကြ​၏။-

3. သူ​တို့​အား​လုံး​ပင်​ဋ္ဌမ္မ​အ​စာ​တစ်​မျိုး​တည်း ကို​စား​ကြ​ရ​၏။-

4. ဋ္ဌမ္မ​ရေ​စာ​တစ်​မျိုး​တည်း​ကို​သောက်​ကြ​ရ​၏။ သူ တို့​အား​လုံး​ပင်​မိ​မိ​တို့​နှင့်​လိုက်​ပါ​လာ​သော ဋ္ဌမ္မ​ကျောက်​မှ​ရေ​ကို​သောက်​သုံး​ကြ​ရ​၏။ ထို ကျောက်​ကား​ခ​ရစ်​တော်​ပင်​ဖြစ်​သ​တည်း။-

5. သို့​ဖြစ်​စေ​ကာ​မူ​ထို​သူ​တို့​အ​နက်​လူ​အ​များ တို့​အား​ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မ​မူ။ ထို့ ကြောင့်​သူ​တို့​သည်​တော​ကန္တာ​ရ​၌​သေ​ကြေ ပျက်​စီး​ကြ​၏။

6-7. ဤ​သာ​ဋ္ဌ​က​ကား​ဆိုး​ညစ်​မှု​များ​ကို​ထို​သူ​တို့ ပြု​လုပ်​လို​သ​ကဲ့​သို့ ငါ​တို့​မ​ပြု​လုပ်​ကြ​စေ​ရန် လည်း​ကောင်း၊ ကျမ်း​စာ​တော်​တွင် ``လူ​တို့​သည်​ထိုင် ၍​စား​သောက်​ကြ​ပြီး​နောက်​အ​သောက်​ကြူး​လျက် မြူး​တူး​ပျော်​ပါး​ကြ​၏'' ဟု​ပါ​ရှိ​သည်​နှင့် အ​ညီ၊ အ​ချို့​တို့​သည်​ရုပ်​တု​ကို​ပူ​ဇော်​ပ​သ ကြ​သ​ကဲ့​သို့ ငါ​တို့​မ​ပူ​ဇော်​မ​ပ​သ​ကြ စေ​ရန်​လည်း​ကောင်း​သ​တိ​ပေး​ခြင်း​ပင်​ဖြစ်​၏။-

8. ငါ​တို့​သည်​ထို​သူ​အ​ချို့​တို့​ကဲ့​သို့​ကာ​မ ဂုဏ်​မ​လိုက်​စား​ကြ​ရ။ သူ​တို့​အ​နက်​တစ် ရက်​အ​တွင်း​လူ​နှစ်​သောင်း​သုံး​ထောင်​မျှ​သေ ကြ​၏။-

9. ငါ​တို့​သည်​ထို​သူ​အ​ချို့​တို့​ကဲ့​သို့​ထာ​ဝ​ရ ဘု​ရား​ရှင်​အား အ​ကဲ​မ​စမ်း​ကြ​နှင့်။ သူ​တို့ ကား​မြွေ​ကိုက်​၍​သေ​ခဲ့​ကြ​လေ​ပြီ။-

10. သင်​တို့​သည်​ထို​သူ​အ​ချို့​တို့​ကဲ့​သို့​မ​ညည်း မ​ညူ​ကြ​နှင့်။ သူ​တို့​သည်​သေ​မင်း​၏​တ​မန် လက်​ချက်​ဖြင့်​ဆုံး​ပါး​ပျက်​စီး​ရ​ကြ​၏။

11. ထို​သူ​တို့​၌​ဤ​သို့​ဖြစ်​ပျက်​ရ​ခြင်း​မှာ အ​ခြား သူ​တို့​သင်​ခန်း​စာ​ရ​ရှိ​ကြ​စေ​ရန်​ဖြစ်​ပေ​သည်။ ငါ​တို့​သည်​ကပ်​ကမ္ဘာ​ကုန်​ဆုံး​ရန်​နီး​ချိန်​၌ အ​သက်​ရှင်​ရ​ကြ​သူ​များ​ဖြစ်​သော​ကြောင့် ငါ တို့​အား​သ​တိ​ပေး​သည့်​အ​နေ​ဖြင့်​ထို​အ​ကြောင်း အ​ရာ​များ​ကို​ကျမ်း​စာ​တော်​တွင်​ရေး​သား​ထား သ​တည်း။

12. မိ​မိ​ခိုင်​မြဲ​စွာ​ရပ်​တည်​လျက်​နေ​သည်​ဟု​ထင် သော​သူ​သည်​မ​ယိုင်​မ​လဲ​စေ​ရန်​သ​တိ​ပြု ရ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ကော 10