ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ကော 1:11-24 Common Language Bible (BCL)

11. ငါ့​ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​အ​ချင်း​ချင်း ခိုက်​ရန်​ဖြစ်​လျက်​ရှိ​ကြ​ကြောင်း​ကို က​လော​ဣ ၏​အိမ်​သူ​အိမ်​သား​များ​ထံ​မှ​ငါ​ကြား​သိ ရ​၏။-

12. သင်​တို့​တွင်​တစ်​ယောက်​တစ်​မျိုး​စီ​ပြော​နေ​ကြ ၏။ ``ငါ​သည်​ပေါ​လု​၏​တ​ပည့်​ဖြစ်​သည်။ ငါ​သည် အာ​ပေါ​လု​၏​တ​ပည့်​ဖြစ်​သည်။ ငါ​သည်​ကေ​ဖ ၏​တ​ပည့်​ဖြစ်​သည်။ ငါ​သည်​ခ​ရစ်​တော်​၏​တ​ပည့် ဖြစ်​သည်'' ဟု​အ​သီး​သီး​ပြော​ဆို​နေ​ကြ​၏။-

13. ခ​ရစ်​တော်​သည်​ကွဲ​ပြား​သ​လော။ ပေါ​လု​သည် သင်​တို့​အ​တွက်​လက်​ဝါး​ကပ်​တိုင်​ပေါ်​မှာ အ​သေ ခံ​ပါ​သ​လော။ သို့​တည်း​မ​ဟုတ်​သင်​တို့​သည် ပေါ​လု​၏​နာ​မ​ကို​အ​မှီ​ပြု​၍​ဗတ္တိ​ဇံ​ကို​ခံ ယူ​ခဲ့​ကြ​ပါ​သ​လော။

14. ကရိပ္ပု​နှင့်​ဂါ​ယု​မှ​လွဲ​၍​သင်​တို့​အ​ထဲ​မှ​မည်​သူ့ ကို​မျှ​ငါ​သည်​ဗတ္တိ​ဇံ​မ​ပေး​ခဲ့​ပါ။ ယင်း​သို့​မ​ပေး မိ​သည့်​အ​တွက်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် ကို​ချီး​မွမ်း​ပါ​၏။-

15. သို့​ဖြစ်​၍​သင်​တို့​သည်​ငါ​၏​နာ​မ​ကို​အ​မှီ​ပြု ၍​ဗတ္တိ​ဇံ​ခံ​ယူ​ကြ​သည်​ဟု​အ​ဘယ်​သူ​မျှ မ​ပြော​နိုင်။-

16. (သ​တေ​ဖန်​၏​အိမ်​သူ​အိမ်​သား​တို့​ကို​လည်း ငါ​ဗတ္တိ​ဇံ​ပေး​ခဲ့​သည်။ ထို​သူ​တို့​မှ​လွဲ​၍ အ​ခြား​မည်​သူ့​ကို​မျှ​ဗတ္တိ​ဇံ​ပေး​သည်​ကို ငါ​မ​မှတ်​မိ။-)

17. ခ​ရစ်​တော်​ငါ့​ကို​စေ​လွှတ်​တော်​မူ​သည်​မှာ ဗတ္တိ​ဇံ​ပေး​ရန်​မ​ဟုတ်။ ခ​ရစ်​တော်​လက်​ဝါး​ကပ် တိုင်​တွင်​အ​သေ​ခံ​ခြင်း​တန်​ခိုး​မ​ပျက်​မ​ပြယ် စေ​ရန် လူ​တို့​၏​ဉာဏ်​ပ​ညာ​နှင့်​ယှဉ်​သော​စ​ကား များ​ကို​အ​သုံး​မ​ပြု​ဘဲ​သ​တင်း​ကောင်း​ကို ကြေ​ညာ​ရန်​ဖြစ်​သည်။

18. လက်​ဝါး​ကပ်​တိုင်​တော်​တွင်​ခ​ရစ်​တော်​အ​သေ​ခံ တော်​မူ​ခြင်း​တည်း​ဟူ​သော​တ​ရား​သည်​ဆုံး​ရှုံး မည့်​သူ​များ​အ​တွက်​အ​နက်​အ​ဋ္ဌိပ္ပါယ်​မ​ရှိ​သည့် အ​ရာ​ဖြစ်​၏။ ကယ်​တင်​ခြင်း​ခံ​ကြ​ရ​သော​ငါ တို့​အ​တွက်​မူ​ကား​ဘု​ရား​သ​ခင်​၏​တန်​ခိုး တော်​ဖြစ်​၏။-

19. အ​ဘယ်​ကြောင့်​ဆို​သော်​ကျမ်း​စာ​တော်​တွင်``ပ​ညာ​ရှိ​တို့​၏​ဉာဏ်​ပ​ညာ​ကို​ငါ​ဖျက်​ဆီး​မည်။အ​သိ​ပ​ညာ​ရှင်​တို့​၏​အ​သိ​ပ​ညာ​ကို​လည်း ငါ​ပယ်​ရှား​မည်''ဟု​ရေး​သား​ဖော်​ပြ​ထား​သော​ကြောင့်​ဖြစ်​၏။-

20. သို့​ဖြစ်​၍​ပ​ညာ​ရှိ​များ၊ အ​သိ​ပ​ညာ​ရှင်​များ၊ ဤ​လော​က​တွင်​စ​ကား​စစ်​ထိုး​တတ်​သူ​များ ကား အ​ဘယ်​အ​ခြေ​အ​နေ​မှာ​ရှိ​ပါ​သ​နည်း။ ဘု​ရား​သ​ခင်​သည်​လော​ကီ​ဉာဏ်​ပ​ညာ​ကို အ​ချည်း​နှီး​ဖြစ်​စေ​တော်​မူ​လေ​ပြီ။

21. လူ​သည်​မိ​မိ​ကိုယ်​ပိုင်​ဉာဏ်​ဖြင့်​ဘု​ရား​သ​ခင် အား​မ​သိ​နိုင်​စေ​ရန် ကိုယ်​တော်​သည်​ရွှေ​ဉာဏ် တော်​ဖြင့်​စီ​မံ​ထား​တော်​မူ​၏။ အ​ချည်း​နှီး​သော တ​ရား​ဖြစ်​သည်​ဟု​လူ​တို့​ထင်​မှတ်​သော​ငါ တို့​ကြေ​ညာ​သည့်​သ​တင်း​ကောင်း​အား​ဖြင့် ဘု​ရား​သ​ခင်​သည်​မိ​မိ​ကို​ယုံ​ကြည်​သူ​တို့ အား​ကယ်​တင်​တော်​မူ​ရန်​စီ​မံ​တော်​မူ​ပေ​သည်။-

22. ယု​ဒ​အ​မျိုး​သား​တို့​က​နိ​မိတ်​လက္ခ​ဏာ​များ ကို​တောင်း​ခံ​ကြ​၏။ ဂ​ရိ​အ​မျိုး​သား​တို့​က ဉာဏ်​ပ​ညာ​ကို​ရှာ​ဖွေ​ကြ​၏။-

23. ငါ​တို့​က​မူ​လက်​ဝါး​ကပ်​တိုင်​တွင်​အ​သေ​ခံ တော်​မူ​သော​ခ​ရစ်​တော်​၏​အ​ကြောင်း​ကို​ဟော ပြော​ကြေ​ညာ​ကြ​၏။ ထို​အ​ကြောင်း​အ​ရာ​သည် ယု​ဒ​အ​မျိုး​သား​တို့​အ​တွက်​မ​နှစ်​မြို့​စ​ရာ၊ လူ​မျိုး​ခြား​တို့​အ​တွက်​အ​နက်​အ​ဋ္ဌိပ္ပါယ်​မ​ရှိ သည့်​အ​ရာ​ဖြစ်​၏။-

24. သို့​ရာ​တွင်​ယု​ဒ​အ​မျိုး​သား​ဖြစ်​စေ၊ လူ​မျိုး​ခြား ဖြစ်​စေ​ရွေး​ကောက်​တော်​မူ​ခြင်း​ခံ​ကြ​ရ​သူ​တို့ အ​တွက်​မူ​ကား ခ​ရစ်​တော်​သည်​ဘု​ရား​သ​ခင်​၏ တန်​ခိုး​တော်၊ ဘု​ရား​သ​ခင်​၏​ဉာဏ်​ပ​ညာ​တော် ဖြစ်​ပေ​သည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ကော 1