ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ဗြဲ 9:9-23 Common Language Bible (BCL)

9. ဤ​အ​ရာ​အ​ပေါင်း​တို့​သည်​မျက်​မှောက်​ခေတ်​ကို ညွှန်​ပြ​နေ​သည့်​အ​မှတ်​လက္ခ​ဏာ​ဖြစ်​၏။ ပြ​ဌာန်း ထား​သည့်​ပူ​ဇော်​သကာ​နှင့်​ယဇ်​များ​သည် ဝတ်​ပြု သော​သူ​၏​စိတ်​နှ​လုံး​ကို​ဖြူ​စင်​သန့်​ရှင်း​အောင် ပြု​ပြင်​၍​မ​ပေး​နိုင်။-

10. ထို​အ​ရာ​တို့​သည်​အ​စား​အ​သောက်​များ၊ ဆေး ကြော​သန့်​စင်​ခြင်း​ဝတ်​အ​မျိုး​မျိုး​နှင့်​ဆိုင်​၏။ ယင်း​တို့​သည်​အ​ပြင်​အ​ပ​နှင့်​ဆိုင်​သည့်​စည်း မျဉ်း​များ​ဖြစ်​၍ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ဘု​ရား​သ​ခင်​အ​သစ်​ပြု​ပြင်​တော်​မူ​မည့် ကာ​လ​တိုင်​အောင်​သာ​လျှင်​တည်​ရှိ​နေ​ကြ​၏။

11. သို့​ရာ​တွင်​ခ​ရစ်​တော်​သည်​ယ​ခု​ငါ​တို့​ခံ​စား ရ​ကြ​သည့် ကောင်း​မြတ်​သည့်​အ​ရာ​များ​နှင့် သက်​ဆိုင်​သော​ယဇ်​ပု​ရော​ဟိတ်​မင်း​အ​ဖြစ် ဖြင့်​ကြွ​လာ​တော်​မူ​လေ​ပြီ။ ကိုယ်​တော်​အ​မှု တော်​ဆောင်​ရာ​တဲ​တော်​သည် ပို​မို​၍​ကြီး​မြတ် ပြီး​ပြည့်​စုံ​လင်​ပေ​သည်။ ထို​တဲ​တော်​ကား​လူ တို့​လက်​ဖြင့်​တည်​ဆောက်​သော​တဲ​တော်​မ​ဟုတ်။ ဤ​အ​ဖန်​ဆင်း​ခံ​လော​က​နှင့်​မ​သက်​ဆိုင်။-

12. ကိုယ်​တော်​သည်​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော် ထဲ​သို့ တစ်​ကြိမ်​တည်း​အ​ပြီး​အ​ပိုင်​ဝင်​တော်​မူ သော​အ​ခါ၊ ယဇ်​ပူ​ဇော်​ရန်​ဆိတ်​သွေး၊ နွား​သွေး နှင့်​ဝင်​တော်​မ​မူ။ မိ​မိ​ကိုယ်​တော်​တိုင်​၏​သွေး နှင့်​ဝင်​တော်​မူ​၍ ငါ​တို့​အား​ထာ​ဝ​ရ ကယ်​တင်​ခြင်း​ကို​ပေး​တော်​မူ​၏။-

13. ဆိတ်​သွေး၊ နွား​သွေး၊ နွား​မ​က​လေး​၏​ပြာ​တို့ ကို​ညစ်​ညမ်း​သူ​တို့​၏​အ​ပေါ်​ပက်​ဖျန်း​သ​ဖြင့် အ​ညစ်​အ​ကြေး​များ​ကို​ဆေး​ကြော​သုတ်​သင် ကာ​လူ​တို့​အား​သန့်​စင်​နိုင်​စွမ်း​ရှိ​ပါ​လျှင်၊-

14. ခ​ရစ်​တော်​၏​သွေး​တော်​သည်​ထို​အ​ရာ​တို့​ထက် အ​ဘယ်​မျှ​ပို​၍ သန့်​စင်​နိုင်​စွမ်း​ရှိ​လိမ့်​မည်​နည်း။ ခ​ရစ်​တော်​သည်​ထာ​ဝ​ရ​ဝိ​ညာဉ်​တော်​အား​ဖြင့် မိ​မိ​ကိုယ်​ကို​အ​ပြစ်​အ​နာ​အ​ဆာ​ကင်း​သည့် ယဇ်​ကောင်​အ​ဖြစ်​ဖြင့် ဘု​ရား​သ​ခင်​အား​ပူ​ဇော် ဆက်​သ​တော်​မူ​၏။ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​၏​အ​မှု​တော်​ကို​ငါ​တို့​ဆောင် ရွက်​နိုင်​ကြ​စေ​ရန် ခ​ရစ်​တော်​၏​သွေး​တော်​သည် အ​ကျိုး​မဲ့​သည့်​ထုံး​နည်း​များ​ကို​လိုက်​နာ​မှု ကြောင့် မ​ကြည်​လင်​သော​ငါ​တို့​၏​သြတ္တပ္ပ စိတ်​ကို​ကြည်​လင်​စေ​တော်​မူ​လိမ့်​မည်။

15. ထို​ကြောင့်​ဘု​ရား​သ​ခင်​ရွေး​ကောက်​တော်​မူ​ခြင်း ခံ​ရ​သူ​တို့​သည် ကိုယ်​တော်​က​တိ​ထား​တော်​မူ သော​ထာ​ဝ​ရ​ကောင်း​ချီး​မင်္ဂ​လာ​များ​ကို​ခံ စား​နိုင်​ကြ​စေ​ရန် ခ​ရစ်​တော်​သည်​ပ​ဋိ​ညာဉ် သစ်​ကို​စီ​မံ​ပေး​တော်​မူ​၏။ ယင်း​သို့​ခံ​စား နိုင်​ခွင့်​ရ​ခြင်း​မှာ​ပ​ထ​မ​ပ​ဋိ​ညာဉ်​၏​လက် အောက်​တွင်​ရှိ​စဉ်​အ​ခါ​က လူ​တို့​ကူး​လွန်​ခဲ့ သည့်​အ​ပြစ်​များ​ကို​ဖြေ​လွှတ်​ပေး​ရန်​အ​သေ ခံ​သူ​ပေါ်​ပေါက်​ခဲ့​ခြင်း​ကြောင့်​ဖြစ်​ပေ​သည်။

16. သေ​တမ်း​စာ​အ​တည်​ဖြစ်​နိုင်​ရန်​သေ​တမ်း​စာ​ကို ရေး​သား​ခဲ့​သူ​မှာ အ​မှန်​ပင်​သေ​ပြီ​ဖြစ်​ကြောင်း အ​ထောက်​အ​ထား​ပြ​ရ​ပေ​သည်။-

17. သေ​တမ်း​စာ​ရေး​သူ​အ​သက်​ရှင်​နေ​စဉ်​သူ​၏ သေ​တမ်း​စာ​သည်​အ​တည်​မ​ဖြစ်။ ထို​သူ​သေ လွန်​ပြီး​မှ​သာ​လျှင်​အ​တည်​ဖြစ်​၏။-

18. ထို​ကြောင့်​ပ​ထ​မ​ပ​ဋိ​ညာဉ်​ပင်​လျှင်​သွေး ဖြင့်​အ​တည်​ဖြစ်​၏။-

19. မော​ရှေ​သည်​ပညတ်​တ​ရား​တော်​တွင်​ပါ​ရှိ​သည့် ပ​ညတ်​ရှိ​သ​မျှ​တို့​ကို​လူ​အ​ပေါင်း​တို့​အား ကြေ​ညာ​ပြီး​သော​အ​ခါ သိုး​မွေး​နီ​နှင့်​ဟု​ဿုတ် ပင်​ခက်​ကို​အ​သုံး​ပြု​ကာ​ရေ​နှင့်​ရော​သော​နွား သွေး၊ ဆိတ်​သွေး​ဖြင့်​ပ​ညတ်​ကျမ်း​စာ​လိပ်​ကို လည်း​ကောင်း၊ လူ​အ​ပေါင်း​တို့​ကို​လည်း​ကောင်း ပက်​ဖျန်း​လေ​သည်။-

20. ထို​နောက်​မော​ရှေ​က``ဤ​သွေး​သည်​သင်​တို့​လိုက် နာ​ရန်​ဘု​ရား​သ​ခင်​ပေး​အပ်​တော်​မူ​သော ပ​ဋိ​ညာဉ်​ကို​အ​တည်​ဖြစ်​စေ​၏'' ဟု​ဆို​၏။-

21. ထို​နည်း​တူ​စွာ​မော​ရှေ​သည်​ပ​ဋိ​ညာဉ်​တဲ​တော် နှင့်​တ​ကွ​ဝတ်​ပြု​ကိုး​ကွယ်​ရာ​တွင်​အ​သုံး​ပြု သည့်​တန်​ဆာ​ရှိ​သ​မျှ​ကို​လည်း​သွေး​ဖြင့်​ပက် ဖျန်း​လေ​သည်။-

22. ပ​ညတ်​တ​ရား​အ​ရ​အ​ရာ​ခပ်​သိမ်း​လို​လို​ပင် သွေး​အား​ဖြင့်​သန့်​စင်​မှု​ကို​ရ​ရှိ​ကြ​၏။ သွေး သွန်း​မှု​ရှိ​မှ​သာ​အ​ပြစ်​ပြေ​နိုင်​၏။

23. အ​ဆို​ပါ​နည်း​အား​ဖြင့်​ကောင်း​ကင်​ဘုံ​တွင် ရှိ​သည့်​အ​ရာ​တို့​၏​ပုံ​တူ​များ​ကို​သန့်​စင် စေ​ရ​၏။ ကောင်း​ကင်​ဘုံ​တွင်​ရှိ​သည့်​အ​ရာ တို့​ကို​သန့်​စင်​စေ​ရန်​မှာ​မူ​သာ​လွန်​မွန်​မြတ် သော​ယဇ်​ကို​ပူ​ဇော်​ရန်​လို​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ဗြဲ 9