ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ဗြဲ 9:1-12 Common Language Bible (BCL)

1. ပ​ထ​မ​ပ​ဋိ​ညာဉ်​တ​ရား​အ​တွက်​ဝတ်​ပြု ခြင်း​ဆိုင်​ရာ​ထုံး​နည်း​များ​နှင့်​လူ​တို့​တည် ဆောက်​သည့်​ဝတ်​ပြု​ရာ​ဌာ​န​တော်​ရှိ​၏။-

2. လူ​တို့​သည်​သန့်​ရှင်း​ရာ​ဌာ​န​တော်​ဟု​ခေါ်​သော အ​ပြင်​တဲ​တော်​အ​ဆောင်​ကို​တည်​ဆောက်​ကြ​၏။ ထို​တဲ​တွင်​မီး​တင်​ခုံ​ကို​လည်း​ကောင်း၊ ဘု​ရား သ​ခင်​အား​ဆက်​ကပ်​သော​မုန့်​နှင့်​စား​ပွဲ​ကို လည်း​ကောင်း​တွေ့​ရ​၏။-

3. ဒု​တိ​ယ​ကန့်​လန့်​ကာ​နောက်​၌​အ​လွန်​သန့်​ရှင်း ရာ​ဌာ​န​တော်​ဟု​ခေါ်​သော​တဲ​တော်​ရှိ​၏။-

4. ထို​ဌာ​န​တော်​တွင်​နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ရာ​ရွှေ ပလ္လင်​နှင့်​ရွှေ​ဖြင့်​မွမ်း​မံ​ထား​သည့်​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ရှိ​၏။ ထို​သေတ္တာ​တော်​အ​တွင်း​၌​မန္န​မုန့်​ထည့် ထား​သည့်​ရွှေ​အိုး၊ အ​ဖူး​အ​ညွှန့်​ထွက်​သည့်​အာ​ရုန် ၏​လှံ​တံ​နှင့်​ပ​ညတ်​တော်​များ​ရေး​ထား​သည့် ကျောက်​ပြား​နှစ်​ပြား​ရှိ​၏။-

5. သေတ္တာ​တော်​ပေါ်​တွင်​ခေ​ရု​ဗိမ်​ရုပ်​များ​ရှိ​၏။ ခေ​ရု ဗိမ်​တို့​သည်​ဘု​ရား​သ​ခင်​ကိန်း​ဝပ်​တော်​မူ​ခြင်း​ကို သ​ရုပ်​ဆောင်​ကြ​၏။ သူ​တို့​၏​အ​တောင်​များ​သည် အ​ပြစ်​ဖြေ​ရာ​ပလ္လင်​ကို​ဖြန့်​လျက်​နေ​၏။ ထို​အ​ရာ များ​ကို​ယ​ခု​အ​သေး​စိတ်​ဖော်​ပြ​ရန်​မ​လို​ပေ။

6. ဤ​ဝတ်​ပြု​ခြင်း​ထုံး​နည်း​ကို​ဖော်​ပြ​အံ့။ ယဇ် ပု​ရော​ဟိတ်​တို့​သည် မိ​မိ​တို့​၏​တာ​ဝန်​ဝတ္တ​ရား များ​ကို​ဆောင်​ရွက်​ရာ​တွင်​အ​ပြင်​တဲ​တော်​သို့ နေ့​စဉ်​ဝင်​ရ​ကြ​၏။-

7. သို့​ရာ​တွင်​ယဇ်​ပု​ရော​ဟိတ်​မင်း​တစ်​ပါး​တည်း သာ​လျှင် အ​တွင်း​တဲ​တော်​သို့​ဝင်​ရ​ပေ​သည်။ သူ သည်​ယင်း​သို့​ဝင်​ရ​သည်​မှာ​လည်း​တစ်​နှစ်​လျှင် တစ်​ကြိမ်​သာ​ဖြစ်​ပြီး​မိ​မိ​၏​အ​တွက်​သော် လည်း​ကောင်း၊ လူ​တို့​မ​သိ​ဘဲ​ကူး​လွန်​မိ​သည့် အ​ပြစ်​များ​အ​တွက်​သော်​လည်း​ကောင်း ပူ​ဇော် ရန်​သွေး​ကို​ယူ​ဆောင်​၍​ဝင်​ရ​လေ​သည်။-

8. ဤ​ထုံး​နည်း​အ​ရ​အ​ပြင်​တဲ​တော်​တည်​ရှိ​နေ သ​မျှ​ကာ​လ​ပတ်​လုံး​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န တော်​သို့​ဝင်​ရန် လမ်း​သည်​ပိတ်​လျက်​ပင်​ရှိ​မည် ဖြစ်​ကြောင်း​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​က​ရှင်း လင်း​စွာ​သွန်​သင်​ပေ​သည်။-

9. ဤ​အ​ရာ​အ​ပေါင်း​တို့​သည်​မျက်​မှောက်​ခေတ်​ကို ညွှန်​ပြ​နေ​သည့်​အ​မှတ်​လက္ခ​ဏာ​ဖြစ်​၏။ ပြ​ဌာန်း ထား​သည့်​ပူ​ဇော်​သကာ​နှင့်​ယဇ်​များ​သည် ဝတ်​ပြု သော​သူ​၏​စိတ်​နှ​လုံး​ကို​ဖြူ​စင်​သန့်​ရှင်း​အောင် ပြု​ပြင်​၍​မ​ပေး​နိုင်။-

10. ထို​အ​ရာ​တို့​သည်​အ​စား​အ​သောက်​များ၊ ဆေး ကြော​သန့်​စင်​ခြင်း​ဝတ်​အ​မျိုး​မျိုး​နှင့်​ဆိုင်​၏။ ယင်း​တို့​သည်​အ​ပြင်​အ​ပ​နှင့်​ဆိုင်​သည့်​စည်း မျဉ်း​များ​ဖြစ်​၍ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ဘု​ရား​သ​ခင်​အ​သစ်​ပြု​ပြင်​တော်​မူ​မည့် ကာ​လ​တိုင်​အောင်​သာ​လျှင်​တည်​ရှိ​နေ​ကြ​၏။

11. သို့​ရာ​တွင်​ခ​ရစ်​တော်​သည်​ယ​ခု​ငါ​တို့​ခံ​စား ရ​ကြ​သည့် ကောင်း​မြတ်​သည့်​အ​ရာ​များ​နှင့် သက်​ဆိုင်​သော​ယဇ်​ပု​ရော​ဟိတ်​မင်း​အ​ဖြစ် ဖြင့်​ကြွ​လာ​တော်​မူ​လေ​ပြီ။ ကိုယ်​တော်​အ​မှု တော်​ဆောင်​ရာ​တဲ​တော်​သည် ပို​မို​၍​ကြီး​မြတ် ပြီး​ပြည့်​စုံ​လင်​ပေ​သည်။ ထို​တဲ​တော်​ကား​လူ တို့​လက်​ဖြင့်​တည်​ဆောက်​သော​တဲ​တော်​မ​ဟုတ်။ ဤ​အ​ဖန်​ဆင်း​ခံ​လော​က​နှင့်​မ​သက်​ဆိုင်။-

12. ကိုယ်​တော်​သည်​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော် ထဲ​သို့ တစ်​ကြိမ်​တည်း​အ​ပြီး​အ​ပိုင်​ဝင်​တော်​မူ သော​အ​ခါ၊ ယဇ်​ပူ​ဇော်​ရန်​ဆိတ်​သွေး၊ နွား​သွေး နှင့်​ဝင်​တော်​မ​မူ။ မိ​မိ​ကိုယ်​တော်​တိုင်​၏​သွေး နှင့်​ဝင်​တော်​မူ​၍ ငါ​တို့​အား​ထာ​ဝ​ရ ကယ်​တင်​ခြင်း​ကို​ပေး​တော်​မူ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ဗြဲ 9