6. သို့ရာတွင်ဘုရားနှင့်လူအကြားတွင်သခင် ယေရှုစီစဉ်ပေးသည့်ပဋိညာဉ်တရားတော် သည် ပို၍ကောင်းမွန်သောအရာများဆိုင်ရာ ကတိတော်များအပေါ်တွင်အခြေခံသဖြင့် ပဋိညာဉ်တရားဟောင်းထက်ပိုမိုကောင်းမြတ် သကဲ့သို့ သခင်ယေရှုထမ်းဆောင်ရသည့်ယဇ် ပုရောဟိတ်တာဝန်ဝတ္တရားများသည်လည်း ထို ယဇ်ပုရောဟိတ်တို့၏တာဝန်ဝတ္တရားများ ထက်သာလွန်ကြီးမြတ်ပေသည်။
7. အကယ်၍ပထမပဋိညာဉ်တော်တွင်အပြစ် ဆိုစရာရှိပါမူ၊ ဒုတိယပဋိညာဉ်တော်ကို ပြုတော်မူရန်လိုမည်မဟုတ်။-
8. သို့ရာတွင်ဘုရားသခင်သည်မိမိ၏လူစု တော်အားအပြစ်တင်တော်မူလျက်၊``ဣသရေလအမျိုးသားနှင့်လည်းကောင်း၊ ယုဒအမျိုးသားများနှင့်လည်းကောင်းပဋိညာဉ်သစ်ကိုငါပြုရန်အချိန်ကျရောက် လိမ့်မည်။
9. ဤပဋိညာဉ်သည်သူတို့၏ဘိုးဘေးများအား လက်ဆွဲ၍အီဂျစ်ပြည်မှ၊ငါထုတ်ဆောင်လာစဉ်အခါကသူတို့နှင့်ပြုခဲ့သည့်ပဋိညာဉ်နှင့်တူလိမ့်မည် မဟုတ်။ထိုအခါကငါနှင့်ပြုခဲ့သည့်ပဋိညာဉ်ကိုသူတို့ချိုးဖောက်ကြသဖြင့်၊ငါသည်သူတို့အား ဂရုမစိုက်ဘဲနေခဲ့၏။
10. နောင်အခါ၌ဣသရေလအမျိုးသားတို့နှင့် ငါပြုမည့်ပဋိညာဉ်ဟူမူကား၊ငါထာဝရဘုရားသည်ငါ့ပညတ်များကို သူတို့၏စိတ်နှလုံးထဲသို့ထည့်သွင်းမည်။သူတို့၏နှလုံးသားပေါ်မှာရေးသားမည်။ ငါသည်သူတို့ဘုရားဖြစ်မည်။သူတို့သည်လည်းငါ၏လူစုဖြစ်ကြလိမ့်မည်။
11. အဘယ်သူမျှမိမိ၏အမျိုးသားချင်း ကိုသော်လည်းကောင်း၊မိမိ၏ညီအစ်ကိုအချင်းချင်းကိုသော်လည်း ကောင်းထာဝရဘုရားအားသိလော့ဟုသွန်သင်ပေးရန် လိုမည်မဟုတ်။အဘယ်ကြောင့်ဆိုသော်လူအပေါင်းတို့သည်အငယ်ဆုံးမှအကြီးဆုံးတိုင်အောင်ငါ့ကို သိကြလိမ့်မည်ဖြစ်သောကြောင့်တည်း။
12. ငါသည်သူတို့၏အပြစ်များကိုဖြေလွှတ်၍သူတို့၏ကူးလွန်မှုများကို သိမှတ်တော်မူမည်မဟုတ်''ဟုမိန့်တော်မူ၏။-
13. ကိုယ်တော်သည်ယင်းသို့ပဋိညာဉ်သစ်အကြောင်း ကိုမိန့်တော်မူသောအားဖြင့် ပထမပဋိညာဉ် ကိုဟောင်းနွမ်းစေတော်မူ၏။ ဟောင်းနွမ်းလာသော အရာသည်လည်းမကြာမီပျောက်ကွယ်သွား လိမ့်မည်။