8. ထိုမှတစ်ပါးလည်းယဇ်ပုရောဟိတ်များ အနေဖြင့် ဆယ်ဖို့တစ်ဖို့အလှူကိုခံယူခြင်း သည်သေမျိုးဖြစ်သောလူသားတို့ကခံယူ ကြခြင်းဖြစ်၏။ မေလခိဇေဒက်မူကားကျမ်း စာတော်တွင်ဖော်ပြသည်နှင့်အညီ အသက် ရှင်သူအနေဖြင့်ဆယ်ဖို့တစ်ဖို့အလှူကို ခံယူခြင်းဖြစ်ပေသည်။-
9. ဆယ်ဖို့တစ်ဖို့အလှူကိုခံယူသူလေဝိသည် အာဗြဟံမှတစ်ဆင့် မေလခိဇေဒက်အား ဆယ်ဖို့တစ်ဖို့ပေးလှူသည်ဟုပင်ဆိုနိုင်၏။-
10. အဘယ်ကြောင့်ဆိုသော်အာဗြဟံသည် မေလခိ ဇေဒက်နှင့်တွေ့ဆုံစဉ်အခါကလေဝိသည် မမွေး ဖွားသေးဘဲ အာဗြဟံ၏ကိုယ်၌ရှိနေသည်ဟု ဆိုနိုင်သောကြောင့်ဖြစ်သည်။
11. ဣသရေလအမျိုးသားတို့၏ပညတ်တရား ကိုပေးအပ်ရာ၌ လေဝိအနွယ်ဝင်ယဇ်ပုရော ဟိတ်များကိုအခြေခံ၍ပေးအပ်ခြင်းဖြစ်၏။ အကယ်၍လေဝိအနွယ်ဝင်ယဇ်ပုရောဟိတ် တို့သည်ပြီးပြည့်စုံလင်အောင်ဆောင်ရွက်နိုင် ကြပါမူ အာရုန်၏အရိုက်အရာအစားမေ လခိဇေဒက်၏အရိုက်အရာကိုဆက်ခံသူ အခြားယဇ်ပုရောဟိတ်တစ်ပါးပေါ်ထွန်း လာရန်မလိုပေ။-
12. အဘယ်ကြောင့်ဆိုသော်ယဇ်ပုရောဟိတ်မျိုးရိုး ကိုပြောင်းလဲလိုက်သောအခါ တရားကိုလည်း ပြောင်းလဲရန်လိုအပ်၍လာသောကြောင့်ဖြစ် သည်။-
13. ဤအကြောင်းအရာများက ဖော်ပြနေသည့် ငါတို့၏သခင်ဘုရားကား လေဝိအနွယ်ဝင် မဟုတ်။ အခြားတစ်ပါးသောအမျိုးအနွယ် မှဆင်းသက်တော်မူသောသူဖြစ်ပေသည်။ ထို အမျိုးအနွယ်ဝင်တစ်ယောက်မျှယဇ်ပုရော ဟိတ်အဖြစ်မဆောင်ရွက်ခဲ့။-
14. ကိုယ်တော်သည်ယုဒအမျိုးအနွယ်မှဆင်းသက် တော်မူသည်မှာသိသာထင်ရှား၏။ ယဇ်ပုရော ဟိတ်အရာသည် ယုဒအမျိုးအနွယ်နှင့်ပတ် သက်ကြောင်းကိုမောရှေသည်တစ်ခွန်းမျှမပြော ပေ။