ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ဗြဲ 7:4-17 Common Language Bible (BCL)

4. ငါ​တို့​လူ​မျိုး​တို့​၏​အ​ဖ​အာ​ဗြ​ဟံ​သည်​စစ် ပွဲ​မှ မိ​မိ​သိမ်း​ယူ​ရ​ရှိ​ခဲ့​သည့်​ဥစ္စာ​ပစ္စည်း​များ ၏​ဆယ်​ပုံ​တစ်​ပုံ​ကို မေ​လ​ခိ​ဇေ​ဒက်​အား​ပေး လှူ​ခဲ့​သည်​ဖြစ်​ရာ​ယင်း​သို့​ပေး​လှူ​ခြင်း​ခံ​ရ သူ​သည်​အ​ဘယ်​မျှ​ကြီး​မြတ်​မည်​ကို​ဆင် ခြင်​ကြ​လော့။-

5. လေ​ဝိ​အ​နွယ်​ဝင်​အ​နက်​ယဇ်​ပု​ရော​ဟိတ် အ​ရာ​ကို​ရ​ရှိ​ကြ​သော​သူ​တို့​သည် အာ​ဗြ​ဟံ မှ​ဆင်း​သက်​လာ​သူ မိ​မိ​တို့​၏​သား​ချင်း​များ ဖြစ်​သည့်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​မှ ဆယ်​ဖို့ တစ်​ဖို့​သော​အ​လှူ​ကို ပ​ညတ်​တ​ရား​အ​ရ ကောက်​ယူ​ခွင့်​ရှိ​ကြ​ပေ​သည်။-

6. မေ​လ​ခိ​ဇေ​ဒက်​သည်​လေ​ဝိ​အ​နွယ်​ဝင်​မ​ဟုတ် သော်​လည်း အာ​ဗြ​ဟံ​ထံ​မှ​ဆယ်​ဖို့​တစ်​ဖို့​အ​လှူ ကို​ခံ​ယူ​လျက် ဘု​ရား​သ​ခင်​၏​က​တိ​တော် များ​ရ​ရှိ​ထား​သူ​အာ​ဗြ​ဟံ​ကို​ကောင်း​ချီး ပေး​ခဲ့​၏။-

7. သိမ်​ငယ်​သူ​သည်​ကြီး​မြတ်​သူ​ထံ​မှ ကောင်း​ချီး မင်္ဂလာ​ခံ​ယူ​ရ​မြဲ​ဖြစ်​သည်​ကို​ငြင်း​ဆို​ဖွယ် မ​ရှိ။-

8. ထို​မှ​တစ်​ပါး​လည်း​ယဇ်​ပု​ရော​ဟိတ်​များ အ​နေ​ဖြင့် ဆယ်​ဖို့​တစ်​ဖို့​အ​လှူ​ကို​ခံ​ယူ​ခြင်း သည်​သေ​မျိုး​ဖြစ်​သော​လူ​သား​တို့​က​ခံ​ယူ ကြ​ခြင်း​ဖြစ်​၏။ မေ​လ​ခိ​ဇေ​ဒက်​မူ​ကား​ကျမ်း စာ​တော်​တွင်​ဖော်​ပြ​သည်​နှင့်​အ​ညီ အ​သက် ရှင်​သူ​အ​နေ​ဖြင့်​ဆယ်​ဖို့​တစ်​ဖို့​အ​လှူ​ကို ခံ​ယူ​ခြင်း​ဖြစ်​ပေ​သည်။-

9. ဆယ်​ဖို့​တစ်​ဖို့​အ​လှူ​ကို​ခံ​ယူ​သူ​လေ​ဝိ​သည် အာ​ဗြ​ဟံ​မှ​တစ်​ဆင့် မေ​လ​ခိ​ဇေ​ဒက်​အား ဆယ်​ဖို့​တစ်​ဖို့​ပေး​လှူ​သည်​ဟု​ပင်​ဆို​နိုင်​၏။-

10. အ​ဘယ်​ကြောင့်​ဆို​သော်​အာ​ဗြ​ဟံ​သည် မေ​လ​ခိ ဇေ​ဒက်​နှင့်​တွေ့​ဆုံ​စဉ်​အ​ခါ​က​လေ​ဝိ​သည် မ​မွေး ဖွား​သေး​ဘဲ အာ​ဗြ​ဟံ​၏​ကိုယ်​၌​ရှိ​နေ​သည်​ဟု ဆို​နိုင်​သော​ကြောင့်​ဖြစ်​သည်။

11. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ပ​ညတ်​တ​ရား ကို​ပေး​အပ်​ရာ​၌ လေ​ဝိ​အ​နွယ်​ဝင်​ယဇ်​ပု​ရော ဟိတ်​များ​ကို​အ​ခြေ​ခံ​၍​ပေး​အပ်​ခြင်း​ဖြစ်​၏။ အ​ကယ်​၍​လေ​ဝိ​အ​နွယ်​ဝင်​ယဇ်​ပု​ရော​ဟိတ် တို့​သည်​ပြီး​ပြည့်​စုံ​လင်​အောင်​ဆောင်​ရွက်​နိုင် ကြ​ပါ​မူ အာ​ရုန်​၏​အ​ရိုက်​အ​ရာ​အ​စား​မေ လ​ခိ​ဇေ​ဒက်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​သူ အ​ခြား​ယဇ်​ပု​ရော​ဟိတ်​တစ်​ပါး​ပေါ်​ထွန်း လာ​ရန်​မ​လို​ပေ။-

12. အ​ဘယ်​ကြောင့်​ဆို​သော်​ယဇ်​ပု​ရော​ဟိတ်​မျိုး​ရိုး ကို​ပြောင်း​လဲ​လိုက်​သော​အ​ခါ တ​ရား​ကို​လည်း ပြောင်း​လဲ​ရန်​လို​အပ်​၍​လာ​သော​ကြောင့်​ဖြစ် သည်။-

13. ဤ​အ​ကြောင်း​အ​ရာ​များ​က ဖော်​ပြ​နေ​သည့် ငါ​တို့​၏​သ​ခင်​ဘု​ရား​ကား လေ​ဝိ​အ​နွယ်​ဝင် မ​ဟုတ်။ အ​ခြား​တစ်​ပါး​သော​အ​မျိုး​အ​နွယ် မှ​ဆင်း​သက်​တော်​မူ​သော​သူ​ဖြစ်​ပေ​သည်။ ထို အ​မျိုး​အ​နွယ်​ဝင်​တစ်​ယောက်​မျှ​ယဇ်​ပု​ရော ဟိတ်​အ​ဖြစ်​မ​ဆောင်​ရွက်​ခဲ့။-

14. ကိုယ်​တော်​သည်​ယု​ဒ​အ​မျိုး​အ​နွယ်​မှ​ဆင်း​သက် တော်​မူ​သည်​မှာ​သိ​သာ​ထင်​ရှား​၏။ ယဇ်​ပု​ရော ဟိတ်​အ​ရာ​သည် ယု​ဒ​အ​မျိုး​အ​နွယ်​နှင့်​ပတ် သက်​ကြောင်း​ကို​မော​ရှေ​သည်​တစ်​ခွန်း​မျှ​မ​ပြော ပေ။

15. မေ​လ​ခိ​ဇေ​ဒက်​နှင့်​တူ​သော​ယဇ်​ပု​ရော​ဟိတ် တစ်​ပါး​ပေါ်​ထွန်း​လာ​သ​ဖြင့် ယဇ်​ပု​ရော​ဟိတ် မျိုး​ရိုး​ပြောင်း​လဲ​သည်​ဟု​ပို​မို​ထင်​ရှား​လာ​၏။-

16. ထို​သူ​သည်​ယဇ်​ပု​ရော​ဟိတ်​အ​ရိုက်​အ​ရာ​ကို လူ​တို့​ချ​မှတ်​ထား​သည့်​စည်း​မျဉ်း​ဥ​ပ​ဒေ​များ အ​ရ​ခံ​ယူ​ရ​ရှိ​ထား​သည်​မ​ဟုတ်။ အ​ဘယ် အ​ခါ​၌​မျှ မ​ကုန်​မ​ဆုံး​နိုင်​သည့်​အ​သက်​၏ တန်​ခိုး​အာ​နု​ဘော်​အ​ရ​ခံ​ယူ​ရ​ရှိ​ထား​ခြင်း ဖြစ်​၏။-

17. အ​ဘယ်​ကြောင့်​ဆို​သော်​ကျမ်း​စာ​တော်​က``သင် သည်​မေ​လ​ခိ​ဇေ​ဒက်​၏​အ​ရိုက်​အ​ရာ​ကို​ဆက် ခံ​သူ​ထာ​ဝ​ရ​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​လိမ့်​မည်'' ဟု​ဖော်​ပြ​သော​ကြောင့်​တည်း။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ဗြဲ 7