ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ဗြဲ 5:1-11 Common Language Bible (BCL)

1. ယဇ်​ပု​ရော​ဟိတ်​မင်း​မည်​သည်​ကား​အ​ပြစ် ဖြေ​ရာ​ယဇ်​နှင့် ပူ​ဇော်​သ​ကာ​များ​ကို​ဆက်​သ ရန်​အ​တွက် လူ​တို့​၏​ကိုယ်​စား​ဘု​ရား​သ​ခင် ၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​ရန် ရွေး​ချယ်​ခန့် ထား​ခြင်း​ခံ​ရ​သူ​ဖြစ်​၏။-

2. သူ​ကိုယ်​တိုင်​၌​ပင်​လျှင်​အား​နည်း​ချက်​အ​မျိုး မျိုး​ရှိ​သ​ဖြင့် အ​သိ​ပ​ညာ​ကင်း​မဲ့​၍​မှား​ယွင်း သူ​တို့​အား​ကိုယ်​ချင်း​စာ​တ​ရား​ထား​နိုင်​၏။-

3. သူ​ကိုယ်​တိုင်​အား​နည်း​ချက်​ရှိ​သော​ကြောင့် အ​ပြစ်​ဖြေ​ရာ​ယဇ်​ကို​လူ​တို့​၏​အ​တွက် သာ​မ​က မိ​မိ​၏​အ​တွက်​လည်း​ဆက်​သ ရ​ပေ​သည်။-

4. အ​ဘယ်​သူ​မျှ​မိ​မိ​ကိုယ်​ကို ယဇ်​ပု​ရော​ဟိတ် မင်း​အ​ဖြစ်​ဖြင့်​မ​ခန့်​ထား​နိုင်။ ဘု​ရား​သ​ခင် သည်​အာ​ရုန်​အား ယဇ်​ပု​ရော​ဟိတ်​မင်း​အ​ဖြစ် ခန့်​ထား​တော်​မူ​သ​ကဲ့​သို့ ကိုယ်​တော်​၏​ရွေး ကောက်​ခန့်​ထား​ခြင်း​ခံ​ရ​မှ​သာ​လျှင် ယဇ် ပု​ရော​ဟိတ်​မင်း​ဖြစ်​နိုင်​ပေ​သည်။

5. ထို​နည်း​တူ​စွာ​ခ​ရစ်​တော်​သည်​လည်း​ယဇ် ပု​ရော​ဟိတ်​မင်း​၏​ဂုဏ်​ပုဒ်​ကို မိ​မိ​အ​လို အ​လျောက်​ခံ​ယူ​တော်​မူ​သည်​မ​ဟုတ်။ ဘု​ရား သ​ခင်​က​ကိုယ်​တော်​အား၊``သင်​သည်​ငါ​၏​သား​ဖြစ်​၏။ ယ​နေ့​ပင်​လျှင် ငါ​သည်​သင်​၏​အ​ဖ​ဖြစ်​လာ​၏''ဟူ​၍​လည်း​ကောင်း၊

6. အ​ခြား​ကျမ်း​ချက်​တွင်​လည်း``သင်​သည်​မေ​လ​ခိ​ဇေ​ဒက်​၏​အ​ရိုက်​အ​ရာ​ကို ဆက်​ခံ​သူထာ​ဝ​ရ​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​လိမ့်​မည်''ဟူ​၍​လည်း​ကောင်း​မိန့်​တော်​မူ​ပေ​သည်။

7. ခ​ရစ်​တော်​သည်​လူ့​ဇာ​တိ​နှင့်​သက်​တော်​ထင်​ရှား ရှိ​စဉ်​အ​ခါ​က မိ​မိ​အား​သေ​ခြင်း​မှ​ကယ်​တင် တော်​မူ​နိုင်​သော​ဘု​ရား​သ​ခင်​၏​ထံ​တော်​သို့ ကြွေး​ကြော်​ကာ​မျက်​ရည်​ကျ​လျက်​ဆု​တောင်း ပတ္ထ​နာ​ပြု​တော်​မူ​၏။ ဘု​ရား​သ​ခင်​သည်​လည်း ကိုယ်​တော်​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း တော်​မူ​ပေ​သည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ် တော်​သည်​စိတ်​နှ​လုံး​နှိမ့်​ချ​လျက် ဘု​ရား သ​ခင်​၏​အ​လို​တော်​ကို​ဝန်​ခံ​တော်​မူ​သော ကြောင့်​တည်း။-

8. ကိုယ်​တော်​သည်​ဘု​ရား​သ​ခင်​၏​သား​တော် ပင်​ဖြစ်​သော်​လည်း ဆင်း​ရဲ​ဒုက္ခ​များ​ကို​ခံ​ခြင်း အား​ဖြင့်​နာ​ခံ​တတ်​ရန်​သင်​ယူ​တော်​မူ​၏။-

9. ကိုယ်​တော်​သည်​ပြီး​ပြည့်​စုံ​လင်​ခြင်း​သို့​ရောက် သော​အ​ခါ မိ​မိ​ကို​နာ​ခံ​သော​သူ​အ​ပေါင်း တို့​၏​ထာ​ဝ​ရ​ကယ်​တင်​ခြင်း​အ​ရှင်​ဖြစ် လာ​တော်​မူ​၍၊-

10. ကိုယ်​တော်​အား​မေ​လ​ခိ​ဇေ​ဒက်​၏​အ​ရိုက် အ​ရာ​ကို​ဆက်​ခံ​သူ ယဇ်​ပု​ရော​ဟိတ်​မင်း​ဟု အ​မည်​နာ​မ​ကို​ဘု​ရား​သ​ခင်​ပေး​တော်​မူ သ​တည်း။

11. ဤ​အ​ကြောင်း​အ​ရာ​နှင့်​ပတ်​သက်​၍ ငါ​တို့​ပြော ဆို​စ​ရာ​များ​စွာ​ရှိ​၏။ သို့​ရာ​တွင်​သင်​တို့​သည် ဉာဏ်​လေး​သူ​များ​ဖြစ်​သ​ဖြင့် သင်​တို့​အား ရှင်း​လင်း​ဖော်​ပြ​ရန်​ခက်​ပေ​သည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ဗြဲ 5