ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ဗြဲ 4:1-10 Common Language Bible (BCL)

1. ငြိမ်​ဝပ်​ချမ်း​သာ​ခံ​စား​ခွင့်​ကို​ငါ​တို့​အား ဘု​ရား​သ​ခင်​ပေး​တော်​မူ​မည်​ဟု​က​တိ တော်​ရှိ​၏။ သင်​တို့​အ​နက်​တစ်​စုံ​တစ်​ယောက် မျှ ယင်း​ငြိမ်​ဝပ်​ရာ​ချမ်း​သာ​ကို​လက်​မ​လွတ် စေ​ရန်​သ​တိ​ပြု​ကြ​လော့။-

2. ငါ​တို့​သည်​ရှေး​ခေတ်​လူ​တို့​နည်း​တူ​သ​တင်း ကောင်း​ကို​ကြား​ကြ​ရ​၏။ သို့​ရာ​တွင်​ထို​သူ တို့​ကြား​ရ​သည့်​သ​တင်း​ကောင်း​သည် သူ​တို့ အ​တွက်​အ​ကျိုး​မ​ရှိ​ချေ။ အ​ဘယ်​ကြောင့် ဆို​သော် သူ​တို့​သည်​သ​တင်း​ကောင်း​ကို​ကြား ရ​သော်​လည်း ယုံ​ကြည်​ခြင်း​ဖြင့်​လက်​မ​ခံ ကြ​သော​ကြောင့်​ဖြစ်​၏။-

3. သို့​ဖြစ်​၍​ယုံ​ကြည်​သူ​ငါ​တို့​သည် ဘု​ရား သ​ခင်​က​တိ​ထား​တော်​မူ​သော​ငြိမ်​ဝပ်​ရာ ချမ်း​သာ​ကို​ရ​ရှိ​ကြ​ပေ​သည်။``ငါ​သည်​အ​မျက်​ထွက်​၍​ကျိန်​ဆို​လျက် ထို​သူ​တို့​အားငြိမ်​ဝပ်​ရာ​ချမ်း​သာ​ရ​ရှိ​ရန်​ပြည်​တော်​သို့ ဝင်​ခွင့်​ကို အ​ဘယ်​အ​ခါ​၌​မျှ​ပေး​လိမ့်​မည်​မ​ဟုတ်''ဟု​ဘု​ရား​သ​ခင်​မိန့်​တော်​မူ​ခဲ့​သည့်​အ​တိုင်း ပင်​ဖြစ်​၏။ လော​က​ကို​ဖန်​ဆင်း​တော်​မူ​ချိန်​မှ စ​၍ ကိုယ်​တော်​သည်​မိ​မိ​လုပ်​ဆောင်​ရန်​အ​မှု ကိစ္စ​များ​ပြီး​ဆုံး​သွား​သော်​လည်း​ဤ​စ​ကား ကို​မိန့်​တော်​မူ​ပေ​သည်။-

4. ကျမ်း​စာ​တော်​တွင်​ခု​နစ်​ရက်​မြောက်​သော နေ့​နှင့်​ပတ်​သက်​၍``ဘု​ရား​သ​ခင်​သည်​သတ္တ​မ နေ့​၌ မိ​မိ​ပြု​စ​ရာ​ရှိ​သ​မျှ​သော​အ​မှု​ကိစ္စ များ​ပြီး​စီး​၍ ငြိမ်​ဝပ်​စွာ​နေ​တော်​မူ​၏။'' ဟု ဖော်​ပြ​ပါ​ရှိ​၏။-

5. တစ်​ဖန်​ဤ​အ​ကြောင်း​အ​ရာ​နှင့်​ပတ်​သက် ၍``ထို​သူ​တို့​သည်​ငြိမ်​ဝပ်​ရာ​ချမ်း​သာ​ရ​ရှိ ရန် ပြည်​တော်​သို့​အ​ဘယ်​အ​ခါ​၌​မျှ​ဝင် ကြ​ရ​လိမ့်​မည်​မ​ဟုတ်'' ဟု​ဆို​၏။-

6. သ​တင်း​ကောင်း​ကို​ဦး​စွာ​ပ​ထ​မ​ကြား​ရ သူ​တို့​သည် ထို​သ​တင်း​ကောင်း​ကို​မ​ယုံ​ကြည် သ​ဖြင့် ငြိမ်​ဝပ်​ရာ​ချမ်း​သာ​ခံ​စား​ခွင့်​မ​ရ ကြ။ သို့​ဖြစ်​၍​ထို​ငြိမ်​ဝပ်​ရာ​ချမ်း​သာ​ကို အ​ခြား​သူ​တို့​ရ​ရှိ​ကြ​ပေ​သည်။-

7. ယင်း​သို့​ရ​ရှိ​ကြ​ကြောင်း​ကို``ယ​နေ့'' ဟု နာ​မည်​တွင်​သော​နေ့​ရက်​တစ်​ရက်​ကို ဘု​ရား သ​ခင်​သတ်​မှတ်​ပေး​တော်​မူ​သည့်​အ​ချက်​က သက်​သေ​ပြ​၏။ ကိုယ်​တော်​သည်​ကျမ်း​စာ​တော် တွင်​ဖော်​ပြ​ပြီး​သည့်​အ​တိုင်း နှစ်​ပေါင်း​များ စွာ​ကြာ​သော​အ​ခါ​ဒါ​ဝိဒ်​မင်း​အား​ဖြင့် ထို​နေ့​ရက်​ကို​အ​ကြောင်း​ပြု​၍``သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​အ​သံ​တော်​ကို ယ​နေ့​ကြား​ရ​လျှင်​ခေါင်း​မ​မာ​ကြ​နှင့်''ဟု​မိန့်​တော်​မူ​သည်။

8. အ​ကယ်​၍​ယော​ရှု​ပေး​သည့်​ငြိမ်​ဝပ်​ရာ​ချမ်း သာ​မှာ ဘု​ရား​သ​ခင်​က​တိ​ထား​တော်​မူ​သည့် ငြိမ်​ဝပ်​ရာ​ချမ်း​သာ​ဖြစ်​ပါ​မူ ဘု​ရား​သ​ခင် သည်​အ​ခြား​နေ့​ရက်​တစ်​ရက်​အ​ကြောင်း​ကို မိန့်​ကြား​တော်​မူ​မည်​မ​ဟုတ်။-

9. သို့​ဖြစ်​၍​သတ္တ​မ​နေ့​၌​ဘု​ရား​သ​ခင်​ငြိမ် ဝပ်​စွာ​နေ​တော်​မူ​သ​ကဲ့​သို့ ကိုယ်​တော်​၏ လူ​စု​တော်​အ​တွက်​ငြိမ်​ဝပ်​စွာ​နေ​ရန်​နေ့ ရက်​တစ်​ရက်​ရှိ​သေး​၏။-

10. အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား​သ​ခင်​က​တိ ထား​တော်​မူ​သော​ငြိမ်​ဝပ်​ရာ​ချမ်း​သာ​ကို​ရ​ရှိ သူ​သည် ဘု​ရား​သ​ခင်​နည်း​တူ​မိ​မိ​အ​လုပ်​မှ ငြိမ်​ဝပ်​စွာ​နေ​မည်​ဖြစ်​သော​ကြောင့်​တည်း။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ဗြဲ 4