ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ဗြဲ 2:1-7 Common Language Bible (BCL)

1. ထို့​ကြောင့်​လမ်း​မှား​တိမ်း​ချော်​မှု​မ​ဖြစ်​ကြ​စေ ရန် ငါ​တို့​သည်​ကြား​နာ​ခဲ့​ရ​သည့်​သမ္မာ​တ​ရား ကို​ပို​မို​၍​ပင်​စွဲ​မြဲ​စွာ​ဆုပ်​ကိုင်​ထား​ရ​မည်။-

2. ကောင်း​ကင်​တ​မန်​များ​မှ​တစ်​ဆင့်​ပေး​အပ် တော်​မူ​သော​တ​ရား​တော်​သည်​မှန်​ကန်​သော တ​ရား​တော်​ဖြစ်​သ​ဖြင့် ထို​တ​ရား​တော်​ကို မ​လိုက်​လျှောက်၊ မ​နာ​ခံ​သူ​မှန်​သ​မျှ​သည် ထိုက်​သင့်​သော​အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို ခံ​ကြ​ရ​သည်​မှန်​ပါ​က၊-

3. ဤ​မျှ​ထူး​မြတ်​သည့်​ကယ်​တင်​ခြင်း​တ​ရား တော်​ကို​ငါ​တို့​ဂ​ရု​မ​စိုက်​ဘဲ​နေ​ကြ​ပါ​မူ အ​ဘယ်​သို့​လျှင်​ငါ​တို့​သည်​အ​ပြစ်​ဒဏ် စီ​ရင်​ခြင်း​နှင့်​ကင်း​လွတ်​နိုင်​ကြ​ပါ​မည်​နည်း။ ထို​ကယ်​တင်​ခြင်း​တ​ရား​တော်​ကို​သ​ခင် ဘု​ရား​ကိုယ်​တော်​တိုင် ဦး​စွာ​ပ​ထ​မ​ဟော ကြား​တော်​မူ​၍​ကြား​နာ​ရ​သူ​တို့​က​ငါ တို့​အား ထို​တ​ရား​တော်​မှန်​ကန်​ကြောင်း​ကို သက်​သေ​ပြ​ခဲ့​ကြ​၏။-

4. တစ်​ချိန်​တည်း​မှာ​ပင်​ဘု​ရား​သ​ခင်​သည် နိ​မိတ်​လက္ခ​ဏာ​များ၊ အံ့​သြ​ဖွယ်​ရာ​များ​နှင့် ထူး​ဆန်း​သော​တန်​ခိုး​အ​မျိုး​မျိုး​တို့​ကို ပြ​တော်​မူ​ခြင်း​အား​ဖြင့်​လည်း​ကောင်း၊ သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​သည်​မိ​မိ​အ​လို​တော် အ​တိုင်း ဆု​ကျေး​ဇူး​များ​ကို​ဝေ​ငှ​တော်​မူ ခြင်း​အား​ဖြင့်​လည်း​ကောင်း​ထပ်​လောင်း သက်​သေ​ပြ​တော်​မူ​၏။

5. ငါ​တို့​ပြော​ဆို​သော​နောင်​အ​ခါ​တည်​ရှိ​မည့် ကမ္ဘာ​သစ်​ကို​အုပ်​စိုး​ရန်​ကောင်း​ကင်​တ​မန် များ​အား​ပေး​အပ်​တော်​မ​မူ။-

6. ကျမ်း​စာ​တော်​တစ်​နေ​ရာ​တွင်၊``လူ​သည်​အ​ဘယ်​သို့​သော​သူ​ဖြစ်​၍​ကိုယ်​တော် သည် သူ့​အား​သ​တိ​ရ​တော်​မူ​ပါ​သ​နည်း။သာ​မန်​လူ​သား​သည်​အ​ဘယ်​သို့​သော​သူ​ဖြစ်​၍ကိုယ်​တော်​သည်​သူ့​အား​ဂ​ရု​ပြု​တော်​မူ​ရ​ပါ သ​နည်း။

7. ကိုယ်​တော်​သည်​သူ့​အား​ကာ​လ​အ​နည်း​ငယ်​မျှ ကောင်း​ကင်​တ​မန်​တို့​ထက်​နိမ့်​ကျ​စေ​တော်​မူ​၍ဘုန်း​အ​သ​ရေ၊ဂုဏ်​ကျက်​သ​ရေ​နှင့် ပြည့်​ဝ​စေ​တော်​မူ​ပါ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ဗြဲ 2