ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ဗြဲ 13:13-19 Common Language Bible (BCL)

13. သို့​ဖြစ်​၍​ငါ​တို့​သည်​ကိုယ်​တော်​ရှိ​ရာ​စ​ခန်း အ​ပြင်​သို့​သွား​၍ ကိုယ်​တော်​နှင့်​အ​တူ​ကဲ့​ရဲ့ ရှုတ်​ချ​ခြင်း​ကို​ခံ​ကြ​ကုန်​အံ့။-

14. အ​ဘယ်​ကြောင့်​ဆို​သော်​ဤ​လော​က​၌​ငါ​တို့ အ​တွက်​တည်​မြဲ​သော​မြို့​မ​ရှိ​သော​ကြောင့် ဖြစ်​၏။ ငါ​တို့​ကား​နောင်​အ​ခါ​ဖြစ်​ပေါ်​မည့် မြို့​ကို​စောင့်​မျှော်​လျက်​နေ​ကြ​ပေ​သည်။-

15. သို့​ဖြစ်​၍​ငါ​တို့​သည်​ကိုယ်​တော်​ကို​ငါ​တို့ ၏​အ​ရှင်​သ​ခင်​အ​ဖြစ်​ဝန်​ခံ​သော​နှုတ်​များ ဖြင့် ဂုဏ်​တော်​ချီး​မွမ်း​ခြင်း​ယဇ်​ကို​သ​ခင် ယေ​ရှု​အား​ဖြင့် ဘု​ရား​သ​ခင်​အား​အ​စဉ် မ​ပြတ်​ပူ​ဇော်​ကြ​ကုန်​အံ့။-

16. သင်​တို့​သည်​အ​ချင်း​ချင်း​အား​ကျေး​ဇူး​ပြု ရန်​နှင့်​ကူ​ညီ​မ​စ​ရန်​မ​မေ့​ကြ​နှင့်။ ထို​သို့ သော​ယဇ်​များ​ကို​ဘု​ရား​သ​ခင်​နှစ်​သက် တော်​မူ​၏။

17. သင်​တို့​ခေါင်း​ဆောင်​များ​၏​စ​ကား​ကို​နား ထောင်​ကြ​လော့။ သူ​တို့​ပြော​သည့်​အ​တိုင်း​ပြု ကြ​လော့။ သူ​တို့​သည်​မိ​မိ​တို့​ပြု​သည့်​အ​မှု ကို​ဘု​ရား​သ​ခင်​အား​အ​စီ​ရင်​ခံ​ရ​မည် ဖြစ်​၍ သင်​တို့​၏​စိတ်​ဝိ​ညာဉ်​ကို​နေ့​ရော​ည ပါ​ကြည့်​ရှု​စောင့်​ရှောက်​လျက်​နေ​ကြ​ပေ သည်။ သင်​တို့​သည်​သူ​တို့​စ​ကား​ကို​နား ထောင်​ပါ​လျှင် သူ​တို့​ရွှင်​လန်း​ဝမ်း​မြောက် စွာ​လုပ်​ဆောင်​ကြ​လိမ့်​မည်။ သို့​မ​ဟုတ်​လျှင် သူ​တို့​ဝမ်း​နည်း​ရ​ကြ​သ​ဖြင့်​သင်​တို့ တွင်​အ​ဘယ်​သို့​မျှ​အ​ကျိုး​ရှိ​လိမ့်​မည် မ​ဟုတ်။

18. ငါ​တို့​အ​တွက်​ဆက်​လက်​ဆု​တောင်း​နေ​ကြ လော့။ ငါ​တို့​သည်​မိ​မိ​တို့​၏​သြတ္တပ္ပ​စိတ် ကြည်​လင်​သည်​ကို​အ​သေ​အ​ချာ​သိ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​တို့​သည်​အ​ခါ ခပ်​သိမ်း​မှန်​ရာ​ကို​သာ​ပြု​လုပ်​ရန်​ဆန္ဒ​ရှိ ကြ​သော​ကြောင့်​ဖြစ်​၏။-

19. ဘု​ရား​သ​ခင်​သည်​မ​ကြာ​မီ​ငါ့​အား​သင် တို့​ထံ​သို့​ပြန်​လည်​ပို့​ဆောင်​ပေး​တော်​မူ​စေ ရန်​ဆု​တောင်း​ကြ​ပါ​လော့​ဟု​သင်​တို့​အား အ​ထူး​မေတ္တာ​ရပ်​ခံ​ပါ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ဗြဲ 13