ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ဗြဲ 13:1-9 Common Language Bible (BCL)

1. သင်​တို့​သည်​ခ​ရစ်​ယာန်​ညီ​အစ်​ကို​များ​အ​နေ ဖြင့် တစ်​ဦး​ကို​တစ်​ဦး​ချစ်​မြဲ​ချစ်​ကြ​လော့။-

2. ဧည့်​သည်​ဝတ်​ကို​ပြု​ရန်​မ​မေ့​ကြ​နှင့်။ ယင်း သို့​ဧည့်​ဝတ်​ကို​ပြု​သော​သူ​အ​ချို့​တို့​သည် ကောင်း​ကင်​တ​မန်​များ​ကို​အ​မှတ်​မ​ထင် ဧည့်​ခံ​ခဲ့​ကြ​ပေ​သည်။-

3. သင်​တို့​သည်​အ​ကျဉ်း​ခံ​ရ​သူ​များ​နှင့်​အ​တူ အ​ကျဉ်း​ခံ​နေ​ရ​သ​ကဲ့​သို့​မှတ်​ယူ​လျက် သူ​တို့ အား​သ​တိ​ရ​ကြ​လော့။ မိ​မိ​တို့​ကိုယ်​တိုင်​ပင် ဒုက္ခ​ဝေ​ဒ​နာ​ခံ​ရ​သ​ကဲ့​သို့​ဒုက္ခ​ဝေ​ဒ​နာ ခံ​ရ​သူ​များ​ကို​သ​တိ​ရ​ကြ​လော့။

4. ထိမ်း​မြား​မင်္ဂလာ​ပြု​ခြင်း​အ​မှု​ကို​လူ​တိုင်း လေး​စား​ကြ​ရ​မည်။ လင်​နှင့်​မ​ယား​သည် တစ်​ဦး​ကို​တစ်​ဦး​သစ္စာ​ရှိ​ရ​မည်။ ဘု​ရား သ​ခင်​သည်​အ​ကျင့်​ပျက်​သူ​များ​နှင့်​သူ တစ်​ပါး​အိမ်​ရာ​ပြစ်​မှား​သူ​များ​ကို​တ​ရား စီ​ရင်​တော်​မူ​လိမ့်​မည်။

5. သင်​တို့​သည်​ငွေ​အ​တွက်​အ​သက်​မ​ရှင်​နှင့်။ ရှိ​သ​မျှ​ဖြင့်​ရောင့်​ရဲ​လော့။ အ​ဘယ်​ကြောင့် ဆို​သော်​ဘု​ရား​သ​ခင်​က``ငါ​သည်​သင့်​ကို အ​ဘယ်​အ​ခါ​၌​မျှ​မ​စွန့်၊ အ​ဘယ်​အ​ခါ ၌​မျှ​ပစ်​၍​မ​ထား'' ဟု​မိန့်​တော်​မူ​သော ကြောင့်​ဖြစ်​၏။-

6. ထို့​ကြောင့်၊``ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို​မ​စ​တော်​မူ သော​အ​ရှင် ဖြစ်​တော်​မူ​သ​ဖြင့်ငါ​သည်​ကြောက်​လန့်​လိမ့်​မည်​မ​ဟုတ်။လူ​သည်​ငါ့​ကို​အ​ဘယ်​သို့​ပြု​နိုင်​သ​နည်း'' ဟုငါ​တို့​သည်​ရဲ​ရင့်​သော​စိတ်​နှင့်​ပြော​ဆို​ကြ စို့။

7. သင်​တို့​အား​ဘု​ရား​သ​ခင်​၏​တ​ရား​တော်​ကို ဟော​ပြော​ခဲ့​သော​သင်​တို့​၏​ခေါင်း​ဆောင်​များ ကို​သ​တိ​ရ​ကြ​လော့။ သူ​တို့​အ​ဘယ်​သို့​ပြု မူ​နေ​ထိုင်​ခဲ့​သည်၊ အ​ဘယ်​သို့​သေ​လွန်​သွား ကြ​သည်​ကို​ဆင်​ခြင်​စဉ်း​စား​ကြ​ပြီး​နောက် သူ​တို့​ယုံ​ကြည်​ခြင်း​ကို​အ​တု​ယူ​ကြ​လော့။-

8. ယေ​ရှု​ခ​ရစ်​သည်​မ​နေ့၊ ယ​နေ့၊ နောင်​ကာ​လ အ​စဉ်​အ​မြဲ​မ​ပြောင်း​မ​လဲ​နေ​တော်​မူ​၏။-

9. သင်​တို့​သည်​လမ်း​လွဲ​၍​ကွဲ​လွဲ​ထူး​ခြား​သော အ​ယူ​ဝါ​ဒ​အ​မျိုး​မျိုး​တို့​ဆွဲ​ဆောင်​ရာ​သို့ လိုက်​ပါ​မ​သွား​ကြ​နှင့်။ အ​စား​အ​စာ​နှင့် ဆိုင်​သော​ပ​ညတ်​များ​ကို​စောင့်​ထိန်း​ခြင်း မ​ဟုတ်​ဘဲ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် မှ​ငါ​တို့​ဝိ​ညာဉ်​ခွန်​အား​ရ​ရှိ​လျှင်​ကောင်း ပေ​၏။ ထို​ပ​ညတ်​များ​ကို​စောင့်​ထိန်း​သူ တို့​သည်​ကောင်း​ကျိုး​ကို​မ​ခံ​ရ​ကြ​ပေ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ဗြဲ 13