ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ဗြဲ 12:21-29 Common Language Bible (BCL)

21. ထို​မြင်​ကွင်း​တစ်​ခု​လုံး​သည်​အ​လွန်​ထိတ် လန့်​ဖွယ်​ကောင်း​သ​ဖြင့်​မော​ရှေ​က``ငါ​သည် ကြောက်​လန့်​တုန်​လှုပ်​လျက်​နေ​၏'' ဟု​ဆို​၏။

22. သင်​တို့​သည်​သိ​နာ​တောင်​အ​စား​ဇိ​အုန် တောင်​သို့​လည်း​ကောင်း၊ အ​တိုင်း​မ​သိ​များ​စွာ သော​ကောင်း​ကင်​တ​မန်​များ​ရှိ​ရာ​အ​သက် ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​မြို့​တော် တည်း​ဟူ​သော ကောင်း​ကင်​ယေ​ရု​ရှ​လင်​မြို့ သို့​လည်း​ကောင်း​ရောက်​ရှိ​နေ​ကြ​၏။-

23. သင်​တို့​သည်​ကောင်း​ကင်​ဘုံ​စာ​ရင်း​ဝင်​သား ဦး​များ​ပျော်​ရွှင်​စွာ​စု​ဝေး​ရာ​သို့​ရောက်​ရှိ နေ​ကြ​၏။ သင်​တို့​သည်​လူ​အ​ပေါင်း​တို့​ကို တ​ရား​စီ​ရင်​တော်​မူ​သော​အ​ရှင်​ဘု​ရား သ​ခင်​၏​ထံ​တော်​သို့​လည်း​ကောင်း၊ အြုပစ် ဆို​ဖွယ်​မ​ရှိ​သော​သူ​တော်​ကောင်း​တို့​၏ ဝိညာဉ်​များ​ထံ​သို့​လည်း​ကောင်း​ရောက်​ရှိ နေ​ကြ​၏။-

24. သင်​တို့​သည်​ပဋိညာဉ်​တော်​သစ်​ကို​စီ​ရင် တော်​မူ​သော​သ​ခင်​ယေ​ရှု​၏​ထံ​တော်​သို့ လည်း​ကောင်း၊ အာ​ဗေ​လ​၏​သွေး​ထက်​သာ ၍​မြတ်​သော​အ​ရာ​ကို​မျှော်​လင့်​ချက်​ပေး သည့်​ပက်​ဖျန်း​သော​သွေး​တော်​၏​ထံ​သို့ လည်း​ကောင်း​ရောက်​ရှိ​နေ​ကြ​၏။

25. ထို​ကြောင့်​သင်​တို့​သည်​မိန့်​တော်​မူ​သံ​ကို ကြား​နာ​ရန်​ငြင်း​ဆန်​သူ​များ​မ​ဖြစ်​စေ​ရန် သ​တိ​ပြု​ကြ​လော့။ ဗျာ​ဒိတ်​တော်​ကို​ဆင့် ဆို​သော​သူ​ကို​ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင်​နား ထောင်​ရန်​ငြင်း​ဆန်​သူ​တို့​သည်​အ​ပြစ်​ဒဏ် ခံ​ကြ​ရ​လျှင် ငါ​တို့​သည်​ကောင်း​ကင်​ဘုံ​မှ မိန့်​တော်​မူ​သော​အ​ရှင်​အား​ကျော​ခိုင်း​ကြ မည်​ဆို​ပါ​မူ​အ​ဘယ်​သို့​လျှင်​အ​ပြစ် ဒဏ်​မှ​လွတ်​မြောက်​နိုင်​ပါ​မည်​နည်း။-

26. ထို​စဉ်​အ​ခါ​က​ကိုယ်​တော်​၏​အ​သံ​တော် သည်​ကမ္ဘာ​မြေ​ကြီး​ကို​တုန်​လှုပ်​စေ​တော်​မူ​၏။ ကိုယ်​တော်​က``ငါ​သည်​နောက်​တစ်​ကြိမ်​ကမ္ဘာ မြေ​ကြီး​ကို​သာ​မ​က​ကောင်း​ကင်​ကို​လည်း တုန်​လှုပ်​စေ​ဦး​မည်'' ဟု​က​တိ​ထား​တော် မူ​လေ​ပြီ။-

27. ``နောက်​တစ်​ကြိမ်'' ဟူ​သော​စ​ကား​သည်​အ​ဖန် ဆင်း​ခံ​အ​ရာ​အ​ပေါင်း​တို့​ကို​တုန်​လှုပ်​ပယ် ဖျက်​တော်​မူ​မည်​ဖြစ်​သ​ဖြင့်​မ​တုန်​လှုပ်​နိုင် သော​အ​ရာ​တို့​သာ​လျှင်​ကျန်​ရစ်​တည်​ရှိ ကြ​လိမ့်​မည်​ဟု​ဆို​လို​သ​တည်း။

28. ထို့​ကြောင့်​ငါ​တို့​ရ​ရှိ​ကြ​သည့်​နိုင်​ငံ​တော် သည်​မ​တုန်​မ​လှုပ်​နိုင်​သည်​ဖြစ်​ရာ​ငါ​တို့ သည်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​စို့။ ငါ တို့​သည်​ကျေး​ဇူး​တင်​၍​ကြောက်​ရွံ့​ရို​သေ သော​သ​ဘော​နှင့်​ကိုယ်​တော်​အား နှစ်​သက် တော်​မူ​သော​နည်း​ဖြင့်​ဝတ်​ပြု​ကိုး​ကွယ် ကြ​ကုန်​အံ့။-

29. အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​တို့​၏​ဘု​ရား သ​ခင်​သည်​ကျွမ်း​လောင်​စေ​တတ်​သော​မီး သ​ဖွယ်​ဖြစ်​တော်​မူ​သော​ကြောင့်​တည်း။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ဗြဲ 12