ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ဗြဲ 11:27-32 Common Language Bible (BCL)

27. မော​ရှေ​သည်​ယုံ​ကြည်​ခြင်း​အား​ဖြင့်​ရှင်​ဘု​ရင် ၏​အ​မျက်​တော်​သင့်​မည်​ကို​မ​ကြောက်​ဘဲ​အီ​ဂျစ် ပြည်​မှ​ထွက်​ခွာ​ခဲ့​၏။ သူ​သည်​မျက်​စိ​ဖြင့်​မ​တွေ့ မ​မြင်​နိုင်​သော​ဘု​ရား​သ​ခင်​အား​တွေ့​မြင်​ရ ဘိ​သ​ကဲ့​သို့​နောက်​မ​ဆုတ်​ဘဲ​နေ​၏။-

28. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သား​ဦး​များ​ကို သေ​မင်း​တ​မန်​မ​သတ်​စေ​ရန် သူ​သည်​ယုံ​ကြည် ခြင်း​အား​ဖြင့်​ပ​သ​ခါ​ပွဲ​ကို​စီ​မံ​၍ တံ​ခါး တိုင်​များ​ကို​သွေး​ဖြင့်​ပက်​ဖျန်း​စေ​၏။

29. ယုံ​ကြည်​ခြင်း​အား​ဖြင့်​ဣသ​ရေ​လ​အ​မျိုး​သား တို့​သည်​ကုန်း​လမ်း​ခ​ရီး​ပြု​သည့်​အ​လား​ပင် လယ်​နီ​ကို​ဖြတ်​ကျော်​ကြ​၏။ အီ​ဂျစ်​အ​မျိုး​သား တို့ ယင်း​သို့​ဖြတ်​ကျော်​ကြ​သော​အ​ခါ​မူ​ရေ​နစ်​၍ သေ​ဆုံး​ကြ​ကုန်​၏။

30. ယုံ​ကြည်​ခြင်း​အား​ဖြင့်​ဣသ​ရေ​လ​အ​မျိုး​သား တို့​သည်​ခု​နစ်​ရက်​တိုင်​တိုင်​ယေ​ရိ​ခေါ​မြို့​ကို လှည့်​ပတ်​ချီ​တက်​ကြ​ပြီး​နောက်​မြို့​ရိုး​များ ကို​ပြို​ကျ​စေ​၏။-

31. ပြည့်​တန်​ဆာ​ရာ​ခပ်​သည်​ဣသ​ရေ​လ​သူ​လျှို​တို့ အား​ဖော်​ရွေ​စွာ​လက်​ခံ​ခဲ့​သည့်​အ​တွက် ဘု​ရား သ​ခင်​၏​စ​ကား​ကို​နား​မ​ထောင်​သူ​တို့​နှင့် အ​တူ​အ​သတ်​မ​ခံ​ရ​ပေ။

32. ဆက်​လက်​ဖော်​ပြ​ရန်​လို​သေး​သ​လော။ ဂိ​ဒေါင်၊ ဗာ​ရက်၊ ရှံ​ဆုံ၊ ယေ​ဖ​သ၊ ဒါ​ဝိဒ်၊ ရှ​မွေ​လ​နှင့် ပ​ရော​ဖက်​များ​အ​ကြောင်း​ကို​ဖော်​ပြ​ရန် အ​ချိန်​လောက်​မည်​မ​ဟုတ်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ဗြဲ 11