ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ဗြဲ 11:25-30 Common Language Bible (BCL)

25. သူ​သည်​ခ​ဏ​တာ​မျှ​အ​ပြစ်​၌​ပျော်​မွေ့​ရ​သည် ထက် ဘု​ရား​သ​ခင်​၏​လူ​စု​တော်​နှင့်​အ​တူ ဆင်း​ရဲ​ဒုက္ခ​ခံ​ရ​သည်​ကို​ပို​မို​၍​လို​လား​၏။-

26. မေ​ရှိ​ယ​အ​ရှင်​၏​အ​တွက်​ခံ​ရ​သော​ကဲ့​ရဲ့​ခြင်း သည် အီ​ဂျစ်​ပြည်​၏​စည်း​စိမ်​ချမ်း​သာ​ရှိ​သ​မျှ တို့​ထက်​ပို​၍​တန်​ဖိုး​ရှိ​သည်​ဟု​ယူ​ဆ​၏။ အ​ဘယ် ကြောင့်​ဆို​သော်​သူ​သည်​အ​နာ​ဂတ်​ကာ​လ​တွင် ရ​ရှိ​မည့်​အ​ကျိုး​ကို အာ​ရုံ​စူး​စိုက်​လျက်​နေ သော​ကြောင့်​ဖြစ်​ပေ​သည်။

27. မော​ရှေ​သည်​ယုံ​ကြည်​ခြင်း​အား​ဖြင့်​ရှင်​ဘု​ရင် ၏​အ​မျက်​တော်​သင့်​မည်​ကို​မ​ကြောက်​ဘဲ​အီ​ဂျစ် ပြည်​မှ​ထွက်​ခွာ​ခဲ့​၏။ သူ​သည်​မျက်​စိ​ဖြင့်​မ​တွေ့ မ​မြင်​နိုင်​သော​ဘု​ရား​သ​ခင်​အား​တွေ့​မြင်​ရ ဘိ​သ​ကဲ့​သို့​နောက်​မ​ဆုတ်​ဘဲ​နေ​၏။-

28. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သား​ဦး​များ​ကို သေ​မင်း​တ​မန်​မ​သတ်​စေ​ရန် သူ​သည်​ယုံ​ကြည် ခြင်း​အား​ဖြင့်​ပ​သ​ခါ​ပွဲ​ကို​စီ​မံ​၍ တံ​ခါး တိုင်​များ​ကို​သွေး​ဖြင့်​ပက်​ဖျန်း​စေ​၏။

29. ယုံ​ကြည်​ခြင်း​အား​ဖြင့်​ဣသ​ရေ​လ​အ​မျိုး​သား တို့​သည်​ကုန်း​လမ်း​ခ​ရီး​ပြု​သည့်​အ​လား​ပင် လယ်​နီ​ကို​ဖြတ်​ကျော်​ကြ​၏။ အီ​ဂျစ်​အ​မျိုး​သား တို့ ယင်း​သို့​ဖြတ်​ကျော်​ကြ​သော​အ​ခါ​မူ​ရေ​နစ်​၍ သေ​ဆုံး​ကြ​ကုန်​၏။

30. ယုံ​ကြည်​ခြင်း​အား​ဖြင့်​ဣသ​ရေ​လ​အ​မျိုး​သား တို့​သည်​ခု​နစ်​ရက်​တိုင်​တိုင်​ယေ​ရိ​ခေါ​မြို့​ကို လှည့်​ပတ်​ချီ​တက်​ကြ​ပြီး​နောက်​မြို့​ရိုး​များ ကို​ပြို​ကျ​စေ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ဗြဲ 11