ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ဗြဲ 11:2-17-18 Common Language Bible (BCL)

2. ယုံ​ကြည်​ခြင်း​ကြောင့်​ရှေး​ခေတ်​လူ​တို့​သည် ဘု​ရား​သ​ခင်​၏​ချီး​မွမ်း​တော်​မူ​ခြင်း​ကို ခံ​ရ​ကြ​၏။

3. မ​မြင်​နိုင်​သော​အ​ရာ​ထဲ​မှ​မြင်​ရ​သော​အ​ရာ ဖြစ်​ပေါ်​လာ​စေ​ရန်​ဘု​ရား​သ​ခင်​သည်​အ​မိန့် တော်​အား​ဖြင့် စ​ကြ​ဝ​ဠာ​ကို​ဖန်​ဆင်း​တော်​မူ ကြောင်း​ကို​ငါ​တို့​သိ​ကြ​ရ​သည်​မှာ​ယုံ​ကြည် ခြင်း​ကြောင့်​ဖြစ်​၏။

4. အာ​ဗေ​လ​သည်​ကာ​ဣ​န​ပူ​ဇော်​သော​ယဇ် ထက်​ပို​၍​မြတ်​သည့်​ယဇ်​ကို ဘု​ရား​သ​ခင် အား​ပူ​ဇော်​သည်​မှာ​ယုံ​ကြည်​ခြင်း​ကြောင့် ဖြစ်​၏။ သူ​၏​ယုံ​ကြည်​ခြင်း​ကို​ထောက်​၍ ဘု​ရား​သ​ခင်​သည် သူ့​အား​ဖြောင့်​မတ်​သူ အ​ဖြစ်​လက်​ခံ​တော်​မူ​၏။ အ​ဘယ်​ကြောင့် ဆို​သော် သူ​၏​ပူ​ဇော်​သ​ကာ​များ​ကို​နှစ် သက်​တော်​မူ​သော​ကြောင့်​ဖြစ်​၏။ အာ​ဗေ​လ သည်​သေ​လွန်​သော်​လည်း မိ​မိ​၏​ယုံ​ကြည် ခြင်း​အား​ဖြင့်​ယ​ခု​ပင်​ဟော​ပြော​သေး​၏။

5. ဧ​နောက်​သည်​အ​ရှင်​လတ်​လတ်​ကောင်း​ကင်​ဘုံ သို့​ယူ​ဆောင်​ခြင်း​ကို​ခံ​ရ​သည်​မှာ သူ​၏ ယုံ​ကြည်​ခြင်း​ကြောင့်​ဖြစ်​၏။ ဘု​ရား​သ​ခင် သည်​သူ့​ကို​ယူ​ဆောင်​သွား​တော်​မူ​သ​ဖြင့် သူ့​အား​မည်​သူ​မျှ​ရှာ​၍​မ​တွေ့​နိုင်။ ဘု​ရား သ​ခင်​ယူ​ဆောင်​တော်​မူ​ခြင်း​ကို​မ​ခံ​ရ​မီ အ​ခါ​က ဧ​နောက်​သည်​ဘု​ရား​သ​ခင်​၏ စိတ်​တော်​နှင့်​တွေ့​သူ​ဖြစ်​သည်​ဟူ​၍ ကျမ်း စာ​တော်​က​ဖော်​ပြ​ထား​၏။-

6. ယုံ​ကြည်​ခြင်း​မ​ရှိ​သူ​သည်​ဘုရား​သ​ခင် ၏​စိတ်​တော်​နှင့်​မ​တွေ့​နိုင်​ရာ။ အ​ဘယ်​ကြောင့် ဆို​သော် ဘု​ရား​သ​ခင်​ထံ​တော်​သို့​ချဉ်း​ကပ် သူ​သည်​ကိုယ်​တော်​ရှိ​တော်​မူ​ကြောင်း​ကို လည်း​ကောင်း၊ ကိုယ်​တော်​သည်​မိ​မိ​ကို​ရှာ သော​သူ​အား အ​ကျိုး​ပေး​တော်​မူ​ကြောင်း​ကို လည်း​ကောင်း​ယုံ​ကြည်​ရ​မည်​ဖြစ်​သော​ကြောင့် တည်း။

7. ယုံ​ကြည်​ခြင်း​ကြောင့်​နောင်​ကာ​လ​၌​ဖြစ်​လတ္တံ့ သော​မ​မြင်​နိုင်​သည့်​အ​မှု​အ​ရာ​များ​နှင့်​ပတ် သက်​၍ ဘု​ရား​သ​ခင်​သ​တိ​ပေး​တော်​မူ​ခြင်း ကို​နော​ဧ​သည်​ခံ​ရ​လေ​သည်။ သူ​သည်​ဘု​ရား သ​ခင်​၏​စ​ကား​တော်​ကို​နား​ထောင်​ကာ မိ​မိ ၏​အိမ်​ထောင်​စု​ကို​ကယ်​ဆယ်​ခဲ့​သော​သင်္ဘော ကို​တည်​ဆောက်​၏။ ထို့​ကြောင့်​ကမ္ဘာ​သူ​ကမ္ဘာ သား​တို့​သည် အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​ရ လေ​သည်။ နော​ဧ​သည်​ယုံ​ကြည်​ခြင်း​အား ဖြင့်​ဘု​ရား​သ​ခင်​ထံ​မှ​ဖြောင့်​မတ်​ခြင်း​ကို ရ​ရှိ​သ​တည်း။

8. အာ​ဗြ​ဟံ​သည်​ဘု​ရား​သ​ခင်​ခေါ်​တော်​မူ သော​အ​ခါ ကိုယ်​တော်​၏​စ​ကား​ကို​နား​ထောင်​၍ မိ​မိ​အား​က​တိ​ထား​တော်​မူ​သော​ပြည်​သို့ ယုံ​ကြည်​ခြင်း​အား​ဖြင့်​ထွက်​ခွာ​သွား​၏။ သူ သည်​အ​ဘယ်​အ​ရပ်​သို့​သွား​ရ​မည်​ကို မ​သိ​ဘဲ မိ​မိ​၏​ရပ်​ရွာ​ကို​စွန့်​ခဲ့​ပေ​သည်။-

9. ဘု​ရား​သ​ခင်​က​တိ​ထား​တော်​မူ​သော​ပြည် ၌ သူ​သည်​တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​အ​ဖြစ် ယုံ​ကြည်​ခြင်း​အား​ဖြင့်​နေ​ထိုင်​ခဲ့​၏။ သူ​သည် မိ​မိ​နည်း​တူ​က​တိ​တော်​ကို​ခံ​စား​ရ​သူ ဣ​ဇာက်၊ ယာ​ကုပ်​တို့​ကဲ့​သို့​တဲ​ရှင်​ထိုး​၍ နေ​လေ​သည်။-

10. အ​ဘယ်​ကြောင့်​ဆို​သော်​အာ​ဗြ​ဟံ​သည် ဘု​ရား​သ​ခင်​စီ​မံ​တည်​ဆောက်​တော်​မူ သော​ခိုင်​ခန့်​သည့်​အုတ်​မြစ်​ရှိ​သော​မြို့​ကို မျှော်​လင့်​စောင့်​စား​လျက်​နေ​သော​ကြောင့် တည်း။

11. အာ​ဗြ​ဟံ​သည်​အို​မင်း​လေ​ပြီ။ စာ​ရာ​သည် လည်း​သား​သ​မီး​မွေး​ဖွား​နိုင်​သော​အ​ရွယ် လွန်​လေ​ပြီ။ သို့​ရာ​တွင်​အာ​ဗြ​ဟံ​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့်​ဖ​ခင်​ဖြစ်​လာ​၏။ ဘု​ရား​သ​ခင်​သည်​က​တိ​ထား​တော်​မူ​သည် အ​တိုင်း​သစ္စာ​တည်​တော်​မူ​သည်​ဟု​ယုံ ကြည်​၏။-

12. အာ​ဗြ​ဟံ​သည်​သူ​သေ​နှင့်​မ​ထူး​ခြား သော်​လည်း သူ​တစ်​ယောက်​မှ​ပေါက်​ဖွား​လာ သော​သား​မြေး​များ​မှာ​ကောင်း​ကင်​ကြယ် များ​ကဲ့​သို့​လည်း​ကောင်း၊ မ​ရေ​မ​တွက်​နိုင် သော​ပင်​လယ်​ကမ်း​ခြေ​သဲ​လုံး​များ​ကဲ့​သို့ လည်း​ကောင်း​များ​ပြား​သ​တည်း။

13. ထို​သူ​အ​ပေါင်း​တို့​သည်​ယုံ​ကြည်​လျက် သေ​လွန်​ကြ​ကုန်​၏။ သူ​တို့​သည်​ဘု​ရား သ​ခင်​က​တိ​ထား​တော်​မူ​သော​အ​ရာ များ​ကို​မ​ခံ​စား​ကြ​ရ​သော်​လည်း အ​ဝေး မှ​မြင်​၍​ကြို​ဆို​ကြ​၏။ သူ​တို့​သည်​ကမ္ဘာ မြေ​ကြီး​ပေါ်​တွင်​တစ်​ကျွန်း​တစ်​နိုင်​ငံ​သား၊ ဧည့်​သည်​အာ​ဂန္တု​များ​သာ​ဖြစ်​ကြောင်း ကို​ပွင့်​လင်း​စွာ​ဝန်​ခံ​ကြ​ပေ​သည်။-

14. ယင်း​သို့​ဝန်​ခံ​သူ​တို့​သည် မိ​မိ​တို့​ကိုယ်​ပိုင် နိုင်​ငံ​တစ်​ခု​ကို​ရှာ​လျက်​နေ​ကြ​ကြောင်း အ​တိ​အ​လင်း​ပြော​ဆို​ကြ​၏။-

15. သူ​တို့​သည်​မိ​မိ​တို့​ထွက်​ခွာ​လာ​ခဲ့​သည့်​ပြည် ကို​တမ်း​တ​လျက်​နေ​ကြ​သည်​မ​ဟုတ်။ ထို ပြည်​ကို​တမ်း​တ​ပါ​က​ပြန်​နိုင်​ရန်​အ​ခွင့် ကို​ရ​ရှိ​ကြ​ပေ​သည်။-

16. သို့​ရာ​တွင်​သူ​တို့​သည်​ထို​ပြည်​ထက်​သာ​လွန် ကောင်း​မြတ်​သည့်​ကောင်း​ကင်​ရွှေ​ပြည်​ကို​တမ်း​တ ကြ​သည်​ဖြစ်​၍ ဘု​ရား​သ​ခင်​သည်​သူ​တို့​၏ ဘု​ရား​ဟူ​၍​ခေါ်​ဝေါ်​ခြင်း​ခံ​ရ​သည်​ကို​ရှက် တော်​မ​မူ။ ကိုယ်​တော်​သည်​သူ​တို့​နေ​ထိုင်​ရန် မြို့​ကို​ပြင်​ဆင်​တော်​မူ​ပြီး​ဖြစ်​သ​တည်း။

17-18. အာ​ဗြ​ဟံ​သည်​ဘု​ရား​၏​စမ်း​သပ်​စစ်​ဆေး​ခြင်း ကို​ခံ​ရ​သော​အ​ခါ​ယုံ​ကြည်​ခြင်း​အား​ဖြင့် သား ဣ​ဇာက်​ကို​ယဇ်​ကောင်​အ​ဖြစ်​ပူ​ဇော်​လေ​သည်။ ``သင်​၏​အ​မျိုး​အ​နွယ်​ကို​ဣ​ဇာက်​မှ​ဆင်း​သက် ပေါက်​ပွား​စေ​မည်'' ဟူ​သော​ဘု​ရား​သ​ခင်​၏ က​တိ​တော်​ကို သူ​သည်​ခံ​ယူ​ရ​ရှိ​ခဲ့​သော်​လည်း မိ​မိ​၏​တစ်​ဦး​တည်း​သော​သား​ကို​ပူ​ဇော်​ရန် အ​သင့်​ရှိ​ပေ​သည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ဗြဲ 11