ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ဗြဲ 11:16-29 Common Language Bible (BCL)

16. သို့​ရာ​တွင်​သူ​တို့​သည်​ထို​ပြည်​ထက်​သာ​လွန် ကောင်း​မြတ်​သည့်​ကောင်း​ကင်​ရွှေ​ပြည်​ကို​တမ်း​တ ကြ​သည်​ဖြစ်​၍ ဘု​ရား​သ​ခင်​သည်​သူ​တို့​၏ ဘု​ရား​ဟူ​၍​ခေါ်​ဝေါ်​ခြင်း​ခံ​ရ​သည်​ကို​ရှက် တော်​မ​မူ။ ကိုယ်​တော်​သည်​သူ​တို့​နေ​ထိုင်​ရန် မြို့​ကို​ပြင်​ဆင်​တော်​မူ​ပြီး​ဖြစ်​သ​တည်း။

17-18. အာ​ဗြ​ဟံ​သည်​ဘု​ရား​၏​စမ်း​သပ်​စစ်​ဆေး​ခြင်း ကို​ခံ​ရ​သော​အ​ခါ​ယုံ​ကြည်​ခြင်း​အား​ဖြင့် သား ဣ​ဇာက်​ကို​ယဇ်​ကောင်​အ​ဖြစ်​ပူ​ဇော်​လေ​သည်။ ``သင်​၏​အ​မျိုး​အ​နွယ်​ကို​ဣ​ဇာက်​မှ​ဆင်း​သက် ပေါက်​ပွား​စေ​မည်'' ဟူ​သော​ဘု​ရား​သ​ခင်​၏ က​တိ​တော်​ကို သူ​သည်​ခံ​ယူ​ရ​ရှိ​ခဲ့​သော်​လည်း မိ​မိ​၏​တစ်​ဦး​တည်း​သော​သား​ကို​ပူ​ဇော်​ရန် အ​သင့်​ရှိ​ပေ​သည်။-

19. ဣ​ဇာက်​အား​သေ​ရာ​မှ​ဘု​ရား​သ​ခင်​ပြန်​၍ ရှင်​စေ​တော်​မူ​နိုင်​ကြောင်း​ကို​သူ​သည်​မှတ်​ယူ ၏။ အ​မှန်​စင်​စစ်​အား​ဖြင့်​သူ​သည်​မိ​မိ​၏ သား​ကို​သေ​ရာ​မှ​ပြန်​၍​ရ​သည်​ဟု​ဆို​နိုင် လေ​သည်။

20. ဣ​ဇာက်​သည်​ယုံ​ကြည်​ခြင်း​အား​ဖြင့်​အ​နာ​ဂတ် ကာ​လ​ကို​ရည်​မှန်း​၍​ယာ​ကုပ်​နှင့်​ဧ​သော​အား ကောင်း​ချီး​ပေး​၏။

21. ယာ​ကုပ်​သည်​သေ​ချိန်​နီး​သော​အ​ခါ​ယုံ​ကြည် ခြင်း​အား​ဖြင့် ယော​သပ်​၏​သား​နှစ်​ယောက်​ကို ကောင်း​ချီး​ပေး​လေ​သည်။ သူ​သည်​မိ​မိ​၏​တောင် ဝှေး​ထိပ်​ကို​မှီ​ပြီး​လျှင်​ဘု​ရား​သ​ခင်​အား ဆု​တောင်း​လေ​၏။

22. ယော​သပ်​သည်​သေ​ချိန်​နီး​သော​အ​ခါ​ယုံ​ကြည် ခြင်း​အား​ဖြင့် အီ​ဂျစ်​ပြည်​မှ​ဣသ​ရေ​လ​အ​မျိုး သား​တို့​လွတ်​မြောက်​လာ​မည့်​အ​ခြင်း​အ​ရာ ကို​ရည်​ညွှန်း​ပြော​ကြား​ကာ မိ​မိ​၏​အ​ရိုး များ​နှင့်​ပတ်​သက်​၍​မှာ​ကြား​၏။

23. မော​ရှေ​ကို​ဖွား​မြင်​ပြီး​နောက်​သူ​၏​မိ​ဘ​တို့​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့်​သူ့​အား​သုံး​လ​တိုင်​တိုင် ဝှက်​ထား​ကြ​၏။ မော​ရှေ​သည်​ချစ်​စ​ရာ​ကောင်း သော​သူ​ငယ်​ဖြစ်​သ​ဖြင့် သူ​တို့​သည်​ရှင်​ဘု​ရင် ၏​အ​မိန့်​တော်​ကို​ပင်​လွန်​ဆန်​ရန်​မ​ကြောက် ကြ။

24. မော​ရှေ​သည်​ကြီး​ပြင်း​လာ​သော​အ​ခါ​ယုံ​ကြည် ခြင်း​အား​ဖြင့် မိမိ​ကိုယ်​ကို​ဖာ​ရော​ဘု​ရင့်​သ​မီး တော်​၏​သား​ဟူ​၍​အ​ခေါ်​မ​ခံ​ဘဲ​နေ​၏။-

25. သူ​သည်​ခ​ဏ​တာ​မျှ​အ​ပြစ်​၌​ပျော်​မွေ့​ရ​သည် ထက် ဘု​ရား​သ​ခင်​၏​လူ​စု​တော်​နှင့်​အ​တူ ဆင်း​ရဲ​ဒုက္ခ​ခံ​ရ​သည်​ကို​ပို​မို​၍​လို​လား​၏။-

26. မေ​ရှိ​ယ​အ​ရှင်​၏​အ​တွက်​ခံ​ရ​သော​ကဲ့​ရဲ့​ခြင်း သည် အီ​ဂျစ်​ပြည်​၏​စည်း​စိမ်​ချမ်း​သာ​ရှိ​သ​မျှ တို့​ထက်​ပို​၍​တန်​ဖိုး​ရှိ​သည်​ဟု​ယူ​ဆ​၏။ အ​ဘယ် ကြောင့်​ဆို​သော်​သူ​သည်​အ​နာ​ဂတ်​ကာ​လ​တွင် ရ​ရှိ​မည့်​အ​ကျိုး​ကို အာ​ရုံ​စူး​စိုက်​လျက်​နေ သော​ကြောင့်​ဖြစ်​ပေ​သည်။

27. မော​ရှေ​သည်​ယုံ​ကြည်​ခြင်း​အား​ဖြင့်​ရှင်​ဘု​ရင် ၏​အ​မျက်​တော်​သင့်​မည်​ကို​မ​ကြောက်​ဘဲ​အီ​ဂျစ် ပြည်​မှ​ထွက်​ခွာ​ခဲ့​၏။ သူ​သည်​မျက်​စိ​ဖြင့်​မ​တွေ့ မ​မြင်​နိုင်​သော​ဘု​ရား​သ​ခင်​အား​တွေ့​မြင်​ရ ဘိ​သ​ကဲ့​သို့​နောက်​မ​ဆုတ်​ဘဲ​နေ​၏။-

28. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သား​ဦး​များ​ကို သေ​မင်း​တ​မန်​မ​သတ်​စေ​ရန် သူ​သည်​ယုံ​ကြည် ခြင်း​အား​ဖြင့်​ပ​သ​ခါ​ပွဲ​ကို​စီ​မံ​၍ တံ​ခါး တိုင်​များ​ကို​သွေး​ဖြင့်​ပက်​ဖျန်း​စေ​၏။

29. ယုံ​ကြည်​ခြင်း​အား​ဖြင့်​ဣသ​ရေ​လ​အ​မျိုး​သား တို့​သည်​ကုန်း​လမ်း​ခ​ရီး​ပြု​သည့်​အ​လား​ပင် လယ်​နီ​ကို​ဖြတ်​ကျော်​ကြ​၏။ အီ​ဂျစ်​အ​မျိုး​သား တို့ ယင်း​သို့​ဖြတ်​ကျော်​ကြ​သော​အ​ခါ​မူ​ရေ​နစ်​၍ သေ​ဆုံး​ကြ​ကုန်​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ဗြဲ 11