ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ဗြဲ 11:15-21 Common Language Bible (BCL)

15. သူ​တို့​သည်​မိ​မိ​တို့​ထွက်​ခွာ​လာ​ခဲ့​သည့်​ပြည် ကို​တမ်း​တ​လျက်​နေ​ကြ​သည်​မ​ဟုတ်။ ထို ပြည်​ကို​တမ်း​တ​ပါ​က​ပြန်​နိုင်​ရန်​အ​ခွင့် ကို​ရ​ရှိ​ကြ​ပေ​သည်။-

16. သို့​ရာ​တွင်​သူ​တို့​သည်​ထို​ပြည်​ထက်​သာ​လွန် ကောင်း​မြတ်​သည့်​ကောင်း​ကင်​ရွှေ​ပြည်​ကို​တမ်း​တ ကြ​သည်​ဖြစ်​၍ ဘု​ရား​သ​ခင်​သည်​သူ​တို့​၏ ဘု​ရား​ဟူ​၍​ခေါ်​ဝေါ်​ခြင်း​ခံ​ရ​သည်​ကို​ရှက် တော်​မ​မူ။ ကိုယ်​တော်​သည်​သူ​တို့​နေ​ထိုင်​ရန် မြို့​ကို​ပြင်​ဆင်​တော်​မူ​ပြီး​ဖြစ်​သ​တည်း။

17-18. အာ​ဗြ​ဟံ​သည်​ဘု​ရား​၏​စမ်း​သပ်​စစ်​ဆေး​ခြင်း ကို​ခံ​ရ​သော​အ​ခါ​ယုံ​ကြည်​ခြင်း​အား​ဖြင့် သား ဣ​ဇာက်​ကို​ယဇ်​ကောင်​အ​ဖြစ်​ပူ​ဇော်​လေ​သည်။ ``သင်​၏​အ​မျိုး​အ​နွယ်​ကို​ဣ​ဇာက်​မှ​ဆင်း​သက် ပေါက်​ပွား​စေ​မည်'' ဟူ​သော​ဘု​ရား​သ​ခင်​၏ က​တိ​တော်​ကို သူ​သည်​ခံ​ယူ​ရ​ရှိ​ခဲ့​သော်​လည်း မိ​မိ​၏​တစ်​ဦး​တည်း​သော​သား​ကို​ပူ​ဇော်​ရန် အ​သင့်​ရှိ​ပေ​သည်။-

19. ဣ​ဇာက်​အား​သေ​ရာ​မှ​ဘု​ရား​သ​ခင်​ပြန်​၍ ရှင်​စေ​တော်​မူ​နိုင်​ကြောင်း​ကို​သူ​သည်​မှတ်​ယူ ၏။ အ​မှန်​စင်​စစ်​အား​ဖြင့်​သူ​သည်​မိ​မိ​၏ သား​ကို​သေ​ရာ​မှ​ပြန်​၍​ရ​သည်​ဟု​ဆို​နိုင် လေ​သည်။

20. ဣ​ဇာက်​သည်​ယုံ​ကြည်​ခြင်း​အား​ဖြင့်​အ​နာ​ဂတ် ကာ​လ​ကို​ရည်​မှန်း​၍​ယာ​ကုပ်​နှင့်​ဧ​သော​အား ကောင်း​ချီး​ပေး​၏။

21. ယာ​ကုပ်​သည်​သေ​ချိန်​နီး​သော​အ​ခါ​ယုံ​ကြည် ခြင်း​အား​ဖြင့် ယော​သပ်​၏​သား​နှစ်​ယောက်​ကို ကောင်း​ချီး​ပေး​လေ​သည်။ သူ​သည်​မိ​မိ​၏​တောင် ဝှေး​ထိပ်​ကို​မှီ​ပြီး​လျှင်​ဘု​ရား​သ​ခင်​အား ဆု​တောင်း​လေ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ဗြဲ 11