ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ဗြဲ 11:1-7 Common Language Bible (BCL)

1. ယုံ​ကြည်​ခြင်း​ဆို​သည်​မှာ​မျှော်​လင့်​သည့် အ​ရာ​များ​ကို​စိတ်​ချ​ခြင်း၊ မ​မြင်​နိုင်​သော အ​ရာ​များ​ကို​သေ​ချာ​ခြင်း​ဖြစ်​၏။-

2. ယုံ​ကြည်​ခြင်း​ကြောင့်​ရှေး​ခေတ်​လူ​တို့​သည် ဘု​ရား​သ​ခင်​၏​ချီး​မွမ်း​တော်​မူ​ခြင်း​ကို ခံ​ရ​ကြ​၏။

3. မ​မြင်​နိုင်​သော​အ​ရာ​ထဲ​မှ​မြင်​ရ​သော​အ​ရာ ဖြစ်​ပေါ်​လာ​စေ​ရန်​ဘု​ရား​သ​ခင်​သည်​အ​မိန့် တော်​အား​ဖြင့် စ​ကြ​ဝ​ဠာ​ကို​ဖန်​ဆင်း​တော်​မူ ကြောင်း​ကို​ငါ​တို့​သိ​ကြ​ရ​သည်​မှာ​ယုံ​ကြည် ခြင်း​ကြောင့်​ဖြစ်​၏။

4. အာ​ဗေ​လ​သည်​ကာ​ဣ​န​ပူ​ဇော်​သော​ယဇ် ထက်​ပို​၍​မြတ်​သည့်​ယဇ်​ကို ဘု​ရား​သ​ခင် အား​ပူ​ဇော်​သည်​မှာ​ယုံ​ကြည်​ခြင်း​ကြောင့် ဖြစ်​၏။ သူ​၏​ယုံ​ကြည်​ခြင်း​ကို​ထောက်​၍ ဘု​ရား​သ​ခင်​သည် သူ့​အား​ဖြောင့်​မတ်​သူ အ​ဖြစ်​လက်​ခံ​တော်​မူ​၏။ အ​ဘယ်​ကြောင့် ဆို​သော် သူ​၏​ပူ​ဇော်​သ​ကာ​များ​ကို​နှစ် သက်​တော်​မူ​သော​ကြောင့်​ဖြစ်​၏။ အာ​ဗေ​လ သည်​သေ​လွန်​သော်​လည်း မိ​မိ​၏​ယုံ​ကြည် ခြင်း​အား​ဖြင့်​ယ​ခု​ပင်​ဟော​ပြော​သေး​၏။

5. ဧ​နောက်​သည်​အ​ရှင်​လတ်​လတ်​ကောင်း​ကင်​ဘုံ သို့​ယူ​ဆောင်​ခြင်း​ကို​ခံ​ရ​သည်​မှာ သူ​၏ ယုံ​ကြည်​ခြင်း​ကြောင့်​ဖြစ်​၏။ ဘု​ရား​သ​ခင် သည်​သူ့​ကို​ယူ​ဆောင်​သွား​တော်​မူ​သ​ဖြင့် သူ့​အား​မည်​သူ​မျှ​ရှာ​၍​မ​တွေ့​နိုင်။ ဘု​ရား သ​ခင်​ယူ​ဆောင်​တော်​မူ​ခြင်း​ကို​မ​ခံ​ရ​မီ အ​ခါ​က ဧ​နောက်​သည်​ဘု​ရား​သ​ခင်​၏ စိတ်​တော်​နှင့်​တွေ့​သူ​ဖြစ်​သည်​ဟူ​၍ ကျမ်း စာ​တော်​က​ဖော်​ပြ​ထား​၏။-

6. ယုံ​ကြည်​ခြင်း​မ​ရှိ​သူ​သည်​ဘုရား​သ​ခင် ၏​စိတ်​တော်​နှင့်​မ​တွေ့​နိုင်​ရာ။ အ​ဘယ်​ကြောင့် ဆို​သော် ဘု​ရား​သ​ခင်​ထံ​တော်​သို့​ချဉ်း​ကပ် သူ​သည်​ကိုယ်​တော်​ရှိ​တော်​မူ​ကြောင်း​ကို လည်း​ကောင်း၊ ကိုယ်​တော်​သည်​မိ​မိ​ကို​ရှာ သော​သူ​အား အ​ကျိုး​ပေး​တော်​မူ​ကြောင်း​ကို လည်း​ကောင်း​ယုံ​ကြည်​ရ​မည်​ဖြစ်​သော​ကြောင့် တည်း။

7. ယုံ​ကြည်​ခြင်း​ကြောင့်​နောင်​ကာ​လ​၌​ဖြစ်​လတ္တံ့ သော​မ​မြင်​နိုင်​သည့်​အ​မှု​အ​ရာ​များ​နှင့်​ပတ် သက်​၍ ဘု​ရား​သ​ခင်​သ​တိ​ပေး​တော်​မူ​ခြင်း ကို​နော​ဧ​သည်​ခံ​ရ​လေ​သည်။ သူ​သည်​ဘု​ရား သ​ခင်​၏​စ​ကား​တော်​ကို​နား​ထောင်​ကာ မိ​မိ ၏​အိမ်​ထောင်​စု​ကို​ကယ်​ဆယ်​ခဲ့​သော​သင်္ဘော ကို​တည်​ဆောက်​၏။ ထို့​ကြောင့်​ကမ္ဘာ​သူ​ကမ္ဘာ သား​တို့​သည် အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​ရ လေ​သည်။ နော​ဧ​သည်​ယုံ​ကြည်​ခြင်း​အား ဖြင့်​ဘု​ရား​သ​ခင်​ထံ​မှ​ဖြောင့်​မတ်​ခြင်း​ကို ရ​ရှိ​သ​တည်း။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ဗြဲ 11