ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

လုကာ 9:7-15 Common Language Bible (BCL)

7. ဂါ​လိ​လဲ​ဘု​ရင်​ခံ​မင်း​ကြီး​ဟေ​ရုဒ်​မင်း​သည် ကိုယ် တော်​ပြု​တော်​မူ​သော​အ​မှု​အ​ရာ​များ​အ​ကြောင်း ကို​ကြား​၏။ လူ​အ​ချို့​က ``ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန် သေ​ရာ​မှ​ရှင်​ပြန်​လေ​ပြီ'' ဟူ​၍​လည်း​ကောင်း၊-

8. အ​ချို့​က ``ဧ​လိ​ယ​ကြွ​လာ​လေ​ပြီ'' ဟူ​၍ လည်း​ကောင်း၊ အ​ချို့​က​မူ ``ရှေး​ပ​ရော​ဖက်​တစ် ပါး​အ​သက်​ပြန်​၍​ရှင်​လာ​လေ​ပြီ'' ဟူ​၍​လည်း ကောင်း​ပြော​ဆို​နေ​ကြ​သည်​ကို​ဟေ​ရုဒ်​သည် ကြား​သ​ဖြင့်​စိတ်​ရှုပ်​ထွေး​လျက်၊-

9. ``ငါ​သည်​ယော​ဟန်​၏​ဦး​ခေါင်း​ကို​ဖြတ်​ခဲ့​၏။ ငါ သ​တင်း​ကြား​နေ​ရ​သော​ဤ​သူ​ကား​အ​ဘယ်​သူ နည်း'' ဟု​ဆို​၍​သ​ခင်​ယေ​ရှု​ကို​တွေ့​မြင်​ရန်​ကြိုး စား​လျက်​နေ​၏။

10. တ​မန်​တော်​တို့​သည်​ကိုယ်​တော်​ထံ​သို့​ပြန်​လာ​ကြ လျက် မိ​မိ​တို့​လုပ်​ဆောင်​ခဲ့​သ​မျှ​တို့​ကို​လျှောက် ထား​ကြ​၏။ ကိုယ်​တော်​သည်​သူ​တို့​ကို​ခေါ်​၍ ဗက်​ဇဲ​ဒ​နာ​မည်​တွင်​သော​မြို့​သို့​ကြွ​တော်​မူ​၏။-

11. လူ​ပရိ​သတ်​တို့​သည်​ထို​သို့​ကြွ​သွား​ကြောင်း​ကို ကြား​သိ​ကြ​သော​အ​ခါ​နောက်​တော်​သို့​လိုက် ကြ​၏။ ကိုယ်​တော်​သည်​ထို​သူ​တို့​အား​ကြို​ဆို လက်​ခံ​ပြီး​လျှင် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော် အ​ကြောင်း​ကို​ဟော​ပြော​သွန်​သင်​တော်​မူ​၏။ မ​ကျန်း​မာ​သူ​ကို​လည်း​ကျန်းမာ​စေ​တော်​မူ​၏။

12. မိုး​ချုပ်​စ​ပြု​သော​အ​ခါ​တစ်​ကျိပ်​နှစ်​ပါး​သော တ​မန်​တော်​တို့​သည်​ကိုယ်​တော်​၏​ထံ​သို့​လာ​၍ ``ဤ လူ​ပ​ရိ​သတ်​ကို​ပတ်​ဝန်း​ကျင်​ကျေး​လက်​နှင့်​တော ရွာ​များ​သို့​သွား​၍ တည်း​ခို​ရန်​နေ​ရာ​နှင့်​အ​စား အ​စာ​ကို​ရှာ​စေ​တော်​မူ​ပါ။ ဤ​အ​ရပ်​သည်​လူ သူ​နှင့်​ဝေး​ရာ​အ​ရပ်​ဖြစ်​ပါ​၏'' ဟု​လျှောက် ထား​ကြ​၏။

13. ကိုယ်​တော်​က ``သင်​တို့​ပင်​ထို​သူ​တို့​အား​စား စ​ရာ​ကို​ကျွေး​မွေး​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။တ​ပည့်​တော်​တို့​က ``အ​ကျွန်ုပ်​တို့​သည်​ဤ​လူ​ထု အ​တွက်​အ​စား​အ​စာ​များ​ကို​သွား​၍​ဝယ်​ရ ပါ​မည်​လော။ အ​ကျွန်ုပ်​တို့​ထံ​မှာ​မုန့်​ငါး​လုံး နှင့်​ငါး​နှစ်​ကောင်​သာ​ရှိ​ပါ​၏'' ဟု​ပြန်​လည် လျှောက်​ထား​ကြ​၏။-

14. (အ​ဘယ်​ကြောင့်​ဤ​သို့​လျှောက်​ထား​ရ​သ​နည်း ဆို​သော်​လူ​ပ​ရိ​သတ်​ဦး​ရေ​ငါး​ထောင်​ခန့်​ရှိ သော​ကြောင့်​ဖြစ်​၏။)ကိုယ်​တော်​က ``ဤ​သူ​တို့​ကို​ငါး​ဆယ်​ခန့်​စီ အ​စု​လိုက်​ထိုင်​စေ​ကြ​လော့'' ဟု​မိန့်​တော်​မူ သည်။-

15. တ​ပည့်​တော်​တို့​သည်​အ​မိန့်​တော်​အ​တိုင်း ဆောင်​ရွက်​ကြ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ လုကာ 9