ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

လုကာ 9:33-40 Common Language Bible (BCL)

33. ထို​သူ​နှစ်​ဦး​တို့​ကိုယ်​တော်​၏​ထံ​မှ​ထွက်​ခွာ​သွား နေ​ကြ​စဉ်​ပေ​တ​ရု​က ``အ​ရှင်​ဘု​ရား၊ ဤ​အ​ရပ် တွင်​နေ​ဖွယ်​ကောင်း​ပါ​၏။ ကိုယ်​တော်​အ​တွက်​တဲ တစ်​ဆောင်၊ မော​ရှေ​အ​တွက်​တဲ​တစ်​ဆောင်၊ ဧ​လိ​ယ အ​တွက်​တဲ​တစ်​ဆောင်၊ တဲ​သုံး​ဆောင်​ကို​အ​ကျွန်ုပ် တို့​ဆောက်​ပါ​ရ​စေ'' ဟု​ပြော​မိ​ပြော​ရာ​ပြော​ဆို လျှောက်​ထား​၏။

34. ဤ​သို့​လျှောက်​ထား​စဉ်​မိုး​တိမ်​တိုက်​တစ်​ခု​သည် ပေါ်​လာ​၍​သူ​တို့​အ​ပေါ်​မှာ​တိမ်​ရိပ်​ကျ​လေ​၏။-

35. မိုး​တိမ်​တိုက်​သူ​တို့​အ​ပေါ်​သို့​ရောက်​လာ​သော အ​ခါ​သူ​တို့​သည်​ကြောက်​လန့်​ကြ​၏။ မိုး​တိမ် ထဲ​က ``ဤ​သူ​ကား​ငါ​၏​သား​တော်​ဖြစ်​၏။ သူ့ အား​ငါ​ရွေး​ကောက်​တော်​မူ​ပြီ။ သူ​၏​စ​ကား ကို​နား​ထောင်​ကြ​လော့'' ဟု​အ​သံ​တော်​ထွက် ပေါ်​လာ​၏။

36. အ​သံ​တော်​ထွက်​ပေါ်​ပြီး​သည့်​နောက်​သ​ခင်​ယေ​ရှု တစ်​ပါး​တည်း​ကို​သာ​လျှင်​တ​ပည့်​တော်​တို့​မြင် ရ​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့​တွေ့​မြင်​ရ​သည့် အ​ကြောင်း​အ​ရာ​ကို​ထို​စဉ်​အ​ခါ​က​မည်​သူ့ ကို​မျှ​မ​ပြော​ဘဲ​ဆိတ်​ဆိတ်​နေ​ကြ​၏။

37. နောက်​တစ်​နေ့​၌​ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် တောင်​ပေါ်​မှ​ဆင်း​လာ​ကြ​၏။ ထို​အ​ခါ​များ​စွာ သော​လူ​ပ​ရိ​သတ်​တို့​သည်​ကိုယ်​တော်​ကို​ခ​ရီး​ဦး ကြို​ဆို​ကြ​၏။-

38. ပ​ရိ​သတ်​ထဲ​မှ​လူ​တစ်​ယောက်​က ``ဆ​ရာ​တော်၊ အ​ကျွန်ုပ်​၏​သား​ကို​ကြည့်​ရှု​တော်​မူ​ရန်​တောင်း ပန်​ပါ​၏။ သူ​သည်​အ​ကျွန်ုပ်​၏​တစ်​ဦး​တည်း​သော သား​ဖြစ်​ပါ​၏။-

39. နတ်​ပူး​ဝင်​သ​ဖြင့်​ရုတ်​တ​ရက်​အော်​ဟစ်​တတ် ပါ​၏။ နတ်​သည်​သူ့​ကို​တုန်​တက်​စေ​သ​ဖြင့်​သူ့ ပါး​စပ်​မှ​အ​မြှုပ်​ထွက်​တတ်​ပါ​၏။ နတ်​သည် သူ့​အား​ပင်​ပန်း​မော​ဟိုက်​နာ​ကျင်​စေ​ပြီး​မှ ခက်​ခက်​ခဲ​ခဲ​နှင့်​သာ​လျှင်​ထွက်​ခွာ​တတ်​ပါ​၏။-

40. အ​ကျွန်ုပ်​သည်​အ​ရှင်​၏​တ​ပည့်​များ​အား​ထို နတ်​ကို​နှင်​ထုတ်​ပေး​ရန်​တောင်း​ပန်​ပါ​သော် လည်း​သူ​တို့​သည်​မ​တတ်​နိုင်​ကြ​ပါ'' ဟု လျှောက်​ထား​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ လုကာ 9