ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

လုကာ 9:24-39 Common Language Bible (BCL)

24. မိ​မိ​အ​သက်​ကို​ကယ်​ဆယ်​လို​သူ​သည်​အ​သက် ဆုံး​ရှုံး​ရ​လိမ့်​မည်။ ငါ့​ကြောင့်​အ​သက်​ဆုံး​ရှုံး သူ​သည်​မိ​မိ​အ​သက်​ကို​ကယ်​ဆယ်​လိမ့်​မည်။-

25. လူ​သည်​တစ်​လော​က​လုံး​ကို​စိုး​ပိုင်​ခွင့်​ရ​သော် လည်း မိ​မိ​၏​အ​သက်​ဆုံး​ရှုံး​လျှင်​အ​ဘယ် အ​ကျိုး​ရှိ​မည်​နည်း။-

26. မည်​သူ​မ​ဆို​ငါ​နှင့်​ငါ​၏​သြ​ဝါဒ​ကြောင့်​ရှက် လျှင်​လူ​သား​သည်​မိ​မိ​၏​ဘုန်း​အ​သ​ရေ၊ ခ​မည်း တော်​၏​ဘုန်း​အ​သ​ရေ၊ သန့်​ရှင်း​သော​ကောင်း​ကင် တ​မန်​များ​၏​ဘုန်း​အ​သ​ရေ​ကို​ဆောင်​လျက် ကြွ​လာ​သော​အ​ခါ​ထို​သူ​ကြောင့်​ရှက်​တော်​မူ လတ္တံ့။-

27. သင်​တို့​အား​အ​မှန်​အ​ကန်​ငါ​ဆို​သည်​ကား ဤ အ​ရပ်​ရှိ​လူ​အ​ချို့​တို့​သည်​ဘု​ရား​သ​ခင်​၏ နိုင်​ငံ​တော်​ကို​မ​မြင်​မီ​မ​သေ​ရ​ကြ'' ဟု မိန့်​တော်​မူ​၏။

28. ဤ​သို့​မိန့်​တော်​မူ​ပြီး​နောက်​ရှစ်​ရက်​ခန့်​ကြာ​သော အ​ခါ​ကိုယ်​တော်​သည်​ပေ​တ​ရု၊ ယော​ဟန်၊ ယာ​ကုပ် တို့​ကို​ခေါ်​၍​ဆု​တောင်း​ပတ္ထ​နာ​ပြု​ရန်​တောင်​ပေါ် သို့​ကြွ​တော်​မူ​၏။-

29. ဆု​တောင်း​ပတ္ထ​နာ​ပြု​လျက်​နေ​တော်​မူ​စဉ်​မျက်​နှာ တော်​၏​အ​ဆင်း​အ​ရောင်​သည်​ထူး​ခြား​လာ​လျက်၊ အ​ဝတ်​တော်​သည်​ဖြူ​ဖွေး​တောက်​ပ​လာ​၏။-

30. လူ​နှစ်​ယောက်​တို့​သည်​ရုတ်​တ​ရက်​ပေါ်​လာ​၍ ကိုယ်​တော်​နှင့်​စ​ကား​ပြော​လျက်​နေ​၏။ ထို​သူ တို့​သည်​ကား​မော​ရှေ​နှင့်​ဧ​လိ​ယ​ဖြစ်​ကြ​၏။-

31. သူ​တို့​သည်​ဘုန်း​အ​သ​ရေ​နှင့်​တ​ကွ​ပေါ်​လာ ၍​ဘု​ရား​သ​ခင်​၏​အ​လို​တော်​အ​ရ​မ​ကြာ​မီ ယေ​ရု​ရှ​လင်​မြို့​တွင်​ကိုယ်​တော်​အ​သေ​ခံ​တော် မူ​ရ​မည့်​အ​ကြောင်း​ကို​ကိုယ်​တော်​နှင့်​ပြော​ဆို နေ​ကြ​သ​တည်း။-

32. ပေ​တ​ရု​နှင့်​အ​ဖော်​များ​သည်​ငိုက်​မြည်း အိပ်​ပျော်​လျက်​နေ​ကြ​၏။ သို့​ရာ​တွင်​သူ​တို့ နိုး​လာ​သော​အ​ခါ​ကိုယ်​တော်​၏​ဘုန်း​အ​သ ရေ​တော်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​နှင့်​အ​တူ ရပ်​နေ​သူ​နှစ်​ဦး​ကို​လည်း​ကောင်း​မြင်​ကြ​၏။-

33. ထို​သူ​နှစ်​ဦး​တို့​ကိုယ်​တော်​၏​ထံ​မှ​ထွက်​ခွာ​သွား နေ​ကြ​စဉ်​ပေ​တ​ရု​က ``အ​ရှင်​ဘု​ရား၊ ဤ​အ​ရပ် တွင်​နေ​ဖွယ်​ကောင်း​ပါ​၏။ ကိုယ်​တော်​အ​တွက်​တဲ တစ်​ဆောင်၊ မော​ရှေ​အ​တွက်​တဲ​တစ်​ဆောင်၊ ဧ​လိ​ယ အ​တွက်​တဲ​တစ်​ဆောင်၊ တဲ​သုံး​ဆောင်​ကို​အ​ကျွန်ုပ် တို့​ဆောက်​ပါ​ရ​စေ'' ဟု​ပြော​မိ​ပြော​ရာ​ပြော​ဆို လျှောက်​ထား​၏။

34. ဤ​သို့​လျှောက်​ထား​စဉ်​မိုး​တိမ်​တိုက်​တစ်​ခု​သည် ပေါ်​လာ​၍​သူ​တို့​အ​ပေါ်​မှာ​တိမ်​ရိပ်​ကျ​လေ​၏။-

35. မိုး​တိမ်​တိုက်​သူ​တို့​အ​ပေါ်​သို့​ရောက်​လာ​သော အ​ခါ​သူ​တို့​သည်​ကြောက်​လန့်​ကြ​၏။ မိုး​တိမ် ထဲ​က ``ဤ​သူ​ကား​ငါ​၏​သား​တော်​ဖြစ်​၏။ သူ့ အား​ငါ​ရွေး​ကောက်​တော်​မူ​ပြီ။ သူ​၏​စ​ကား ကို​နား​ထောင်​ကြ​လော့'' ဟု​အ​သံ​တော်​ထွက် ပေါ်​လာ​၏။

36. အ​သံ​တော်​ထွက်​ပေါ်​ပြီး​သည့်​နောက်​သ​ခင်​ယေ​ရှု တစ်​ပါး​တည်း​ကို​သာ​လျှင်​တ​ပည့်​တော်​တို့​မြင် ရ​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့​တွေ့​မြင်​ရ​သည့် အ​ကြောင်း​အ​ရာ​ကို​ထို​စဉ်​အ​ခါ​က​မည်​သူ့ ကို​မျှ​မ​ပြော​ဘဲ​ဆိတ်​ဆိတ်​နေ​ကြ​၏။

37. နောက်​တစ်​နေ့​၌​ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် တောင်​ပေါ်​မှ​ဆင်း​လာ​ကြ​၏။ ထို​အ​ခါ​များ​စွာ သော​လူ​ပ​ရိ​သတ်​တို့​သည်​ကိုယ်​တော်​ကို​ခ​ရီး​ဦး ကြို​ဆို​ကြ​၏။-

38. ပ​ရိ​သတ်​ထဲ​မှ​လူ​တစ်​ယောက်​က ``ဆ​ရာ​တော်၊ အ​ကျွန်ုပ်​၏​သား​ကို​ကြည့်​ရှု​တော်​မူ​ရန်​တောင်း ပန်​ပါ​၏။ သူ​သည်​အ​ကျွန်ုပ်​၏​တစ်​ဦး​တည်း​သော သား​ဖြစ်​ပါ​၏။-

39. နတ်​ပူး​ဝင်​သ​ဖြင့်​ရုတ်​တ​ရက်​အော်​ဟစ်​တတ် ပါ​၏။ နတ်​သည်​သူ့​ကို​တုန်​တက်​စေ​သ​ဖြင့်​သူ့ ပါး​စပ်​မှ​အ​မြှုပ်​ထွက်​တတ်​ပါ​၏။ နတ်​သည် သူ့​အား​ပင်​ပန်း​မော​ဟိုက်​နာ​ကျင်​စေ​ပြီး​မှ ခက်​ခက်​ခဲ​ခဲ​နှင့်​သာ​လျှင်​ထွက်​ခွာ​တတ်​ပါ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ လုကာ 9