ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

လုကာ 9:1-9 Common Language Bible (BCL)

1. သ​ခင်​ယေ​ရှု​သည်​တ​မန်​တော်​တစ်​ဆယ့်​နှစ်​ပါး​တို့ ကို​အ​ထံ​တော်​သို့​ခေါ်​တော်​မူ​ပြီး​လျှင် နတ်​မိစ္ဆာ အ​ပေါင်း​ကို​နှင်​ထုတ်​နိုင်​သော​တန်​ခိုး​အာ​ဏာ နှင့် အ​နာ​ရော​ဂါ​များ​ကို​ပျောက်​ကင်း​စေ​နိုင် သော​တန်​ခိုး​အာ​ဏာ​ကို​ပေး​အပ်​တော်​မူ​၏။-

2. ထို​နောက်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​အ​ကြောင်း ကို​ဟော​ပြော​ရန်​လည်း​ကောင်း၊ ဖျား​နာ​သူ​များ ကို​ကျန်း​မာ​အောင်​ကု​သ​ပေး​ရန်​လည်း​ကောင်း စေ​လွှတ်​တော်​မူ​၏။-

3. ကိုယ်​တော်​က ``လမ်း​ခ​ရီး​အ​တွက်​သင်​တို့​သည် အ​ဘယ်​အ​ရာ​ကို​မျှ​မ​ယူ​ကြ​နှင့်။ တောင်​ဝှေး၊ လွယ်​အိတ်၊ ရိက္ခာ၊ ကြေး​ငွေ​တို့​ကို​မ​ယူ​ရ​ကြ။ လူ​တစ်​ကိုယ်​လျှင်​အင်္ကျီ​အ​ပို​တစ်​ထည်​ပင် မ​ပါ​ရ။-

4. မည်​သည့်​အိမ်​မ​ဆို​သင်​တို့​ကို​ဝင်​ခွင့်​ပြု​လျှင် မြို့​မှ​ထွက်​ခွာ​သည်​တိုင်​အောင်​ထို​အိမ်​မှာ​ပင် တည်း​ခို​ကြ​လော့။-

5. သင်​တို့​အား​လက်​မ​ခံ​သူ​များ​ကို​မူ​သ​တိ ပေး​သည့်​အ​နေ​ဖြင့် ထို​မြို့​မှ​ထွက်​ခွာ​ချိန်​၌ သင်​တို့​ခြေ​ဖ​ဝါး​မှ​မြေ​မှုန့်​ကို​ခါ​ချ​ခဲ့​ကြ လော့'' ဟု​မိန့်​တော်​မူ​၏။

6. တ​မန်​တော်​တို့​သည်​အ​ထံ​တော်​မှ​ထွက်​သွား ပြီး​လျှင် အ​ရပ်​ရပ်​သို့​လှည့်​လည်​လျက်​သ​တင်း ကောင်း​ကို​ဟော​ပြော​ကြေ​ညာ​၍​အ​နာ​ရော​ဂါ များ​ကို​ပျောက်​ကင်း​စေ​ကြ​၏။

7. ဂါ​လိ​လဲ​ဘု​ရင်​ခံ​မင်း​ကြီး​ဟေ​ရုဒ်​မင်း​သည် ကိုယ် တော်​ပြု​တော်​မူ​သော​အ​မှု​အ​ရာ​များ​အ​ကြောင်း ကို​ကြား​၏။ လူ​အ​ချို့​က ``ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန် သေ​ရာ​မှ​ရှင်​ပြန်​လေ​ပြီ'' ဟူ​၍​လည်း​ကောင်း၊-

8. အ​ချို့​က ``ဧ​လိ​ယ​ကြွ​လာ​လေ​ပြီ'' ဟူ​၍ လည်း​ကောင်း၊ အ​ချို့​က​မူ ``ရှေး​ပ​ရော​ဖက်​တစ် ပါး​အ​သက်​ပြန်​၍​ရှင်​လာ​လေ​ပြီ'' ဟူ​၍​လည်း ကောင်း​ပြော​ဆို​နေ​ကြ​သည်​ကို​ဟေ​ရုဒ်​သည် ကြား​သ​ဖြင့်​စိတ်​ရှုပ်​ထွေး​လျက်၊-

9. ``ငါ​သည်​ယော​ဟန်​၏​ဦး​ခေါင်း​ကို​ဖြတ်​ခဲ့​၏။ ငါ သ​တင်း​ကြား​နေ​ရ​သော​ဤ​သူ​ကား​အ​ဘယ်​သူ နည်း'' ဟု​ဆို​၍​သ​ခင်​ယေ​ရှု​ကို​တွေ့​မြင်​ရန်​ကြိုး စား​လျက်​နေ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ လုကာ 9