7. အမိန့်တော်ကိုသာပေးတော်မူပါလျှင် အကျွန်ုပ် ၏အစေခံသည်ကျန်းမာလာပါလိမ့်မည်။-
8. အကျွန်ုပ်ကိုယ်တိုင်ပင်အထက်အရာရှိအောက် တွင်အမှုထမ်းသူဖြစ်၍ အကျွန်ုပ်၏လက်အောက် တွင်လည်းစစ်သားများရှိပါ၏။ စစ်သားတစ် ယောက်အား `သွားလော့' ဟုဆိုလျှင်သူသည်သွား ပါ၏။ အခြားတစ်ယောက်အား `လာခဲ့' ဟုဆိုလျှင် လာပါ၏။ အကျွန်ုပ်၏ကျွန်အား `ဤအမှုကိုပြု လော့' ဟုဆိုလျှင်သူသည်ပြုပါ၏'' ဟုလျှောက် ထားစေ၏။ ဤစကားကိုသခင်ယေရှုကြား တော်မူလျှင်အံ့သြတော်မူ၏။
9. ကိုယ်တော်သည်နောက်တော်ကလိုက်လာကြ သော လူပရိသတ်တို့ကိုလှည့်ကြည့်တော်မူ လျက် ``ငါဆိုသည်ကားဤကဲ့သို့သောယုံကြည် ခြင်းကို ဣသရေလအမျိုးသားတို့အထဲမှာ ပင် ငါမတွေ့မကြုံဖူးသေး'' ဟုမိန့်တော်မူ၏။
10. တပ်ခွဲမှူးစေလွှတ်လိုက်သောသူများသည်အိမ် သို့ပြန်ရောက်ကြသောအခါထိုအစေခံသည် ကျန်းမာလျက်ရှိသည်ကိုတွေ့ကြ၏။
11. ထိုနောက်ကိုယ်တော်သည်နာဣနမြို့သို့ကြွတော် မူသောအခါ တပည့်တော်တို့နှင့်လူပရိသတ် ကြီးသည်လိုက်ပါလာကြ၏။-
12. မြို့တံခါးအနီးသို့ကိုယ်တော်ရောက်ချိန်၌ လူတို့ သည်မုဆိုးမတစ်ယောက်၏တစ်ဦးတည်းသော သား၏အလောင်းကိုသင်္ဂြိုဟ်ရန် မြို့ပြင်သို့ထုတ် ဆောင်လာကြ၏။ ထိုမုဆိုးမနှင့်အတူမြို့သူ မြို့သားတို့သည်လိုက်ပို့ကြ၏။-
13. ကိုယ်တော်သည်ထိုအမျိုးသမီးကိုမြင်သော အခါသနားတော်မူသဖြင့် ``မငိုနှင့်'' ဟု သူ့အားမိန့်တော်မူ၏။-
14. ထို့နောက်အနီးသို့ကြွတော်မူပြီးလျှင် အလောင်း စင်ကိုလက်တော်ဖြင့်တို့ထိတော်မူ၏။ ထိုအခါ အလောင်းစင်ထမ်းသူတို့သည်ရပ်တန့်ကြ၏။ ကိုယ် တော်က ``အချင်းလူငယ်၊ ထလော့၊ သင့်အားငါ အမိန့်ပေး၏'' ဟုမိန့်တော်မူရာ၊-
15. သူသေသည်ထိုင်ပြီးလျှင်စကားပြောလေ၏။ ထိုနောက်ကိုယ်တော်သည်သူ့ကိုမိခင်အားအပ် ပေးတော်မူ၏။
16. လူအပေါင်းတို့သည်ကြောက်ရွံ့လျက်ဘုရားသခင် ၏ဂုဏ်ကျေးဇူးတော်ကိုချီးကူးကြ၏။ သူတို့ က ``ငါတို့တွင်ပရောဖက်ကြီးတစ်ပါးပေါ်ထွန်း လေပြီ။ ဘုရားသခင်သည်မိမိလူစုတော်အား ကယ်တင်ရန်ကြွလာတော်မူပြီ'' ဟုဂုဏ်ကျေးဇူး တော်ကိုချီးကူးကြ၏။
17. ကိုယ်တော်၏သတင်းတော်သည်ယုဒပြည်တစ် လျှောက်လုံးနှင့်ပတ်ဝန်းကျင်တွင်ပျံ့နှံ့သွားတော့ ၏။
18. ယောဟန်အားတပည့်များကဤအကြောင်း အရာအလုံးစုံတို့ကိုပြောကြားကြ၏။ ထို အခါသူသည်တပည့်နှစ်ယောက်ကိုခေါ်ပြီး လျှင်သခင်ယေရှုထံသို့စေလွှတ်လျက်၊-
19. ``ကိုယ်တော်သည်ကြွလာတော်မူမည်ဟုဆို သောအရှင်ပေလော။ သို့တည်းမဟုတ်အခြား ပ္ဂိုလ်တစ်ဦးကိုစောင့်မျှော်ရပါမည်လော'' ဟု မေးလျှောက်စေ၏။
20. ထိုသူနှစ်ယောက်တို့သည်ကိုယ်တော်၏ထံသို့လာ ကြပြီးနောက် ``ကိုယ်တော်သည်ကြွလာတော်မူ မည်ဟုဆိုသောအရှင်ပေလော။ သို့တည်းမဟုတ် အခြားပ္ဂိုလ်တစ်ဦးကိုစောင့်မျှော်ရပါမည် လော။ ဤသို့မေးလျှောက်ရန်ဗတ္တိဇံဆရာယောဟန် ကအကျွန်ုပ်တို့ကိုစေလွှတ်လိုက်ပါသည်'' ဟု လျှောက်ထားကြ၏။
21. ထိုအခါ၌ကိုယ်တော်သည်လူတို့၏ရောဂါ ဝေဒနာများကိုပျောက်ကင်းစေတော်မူ၏။ နတ် မိစ္ဆာများကိုနှင်ထုတ်၍မျက်မမြင်များကို မျက်စိမြင်စေတော်မူ၏။-