ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

လုကာ 7:24-38 Common Language Bible (BCL)

24. ယော​ဟန်​တ​ပည့်​များ​အ​ထံ​တော်​မှ​ထွက်​သွား ကြ​သော​အ​ခါ သ​ခင်​ယေ​ရှု​သည်​ယော​ဟန် အ​ကြောင်း​နှင့်​ပတ်​သက်​၍​လူ​ပ​ရိ​သတ်​တို့ အား ``သင်​တို့​သည်​အ​ဘယ်​အ​ရာ​ကို​ကြည့်​ရှု ရန်​တော​ကန္တာ​ရ​သို့​သွား​ကြ​သ​နည်း။ လေ​တိုက် ၍​လှုပ်​သော​ကူ​ပင်​ကို​ကြည့်​ရှု​ကြ​ရန်​လော။-

25. ထို​သို့​မ​ဟုတ်​ပါ​မူ​ဝတ်​ကောင်း​စား​လှ​ဝတ်​ဆင် ထား​သူ​ကို​ကြည့်​ရှု​ကြ​ရန်​လော။ ဝတ်​ကောင်း​စား လှ​ဝတ်​ဆင်​ကာ​စည်း​စိမ်​ခံ​သူ​များ​ကား​မင်း အိမ်​စိုး​အိမ်​များ​တွင်​နေ​ထိုင်​ကြ​၏။-

26. ထို​သို့​မ​ဟုတ်​ပါ​မူ​ပ​ရော​ဖက်​ကို​ကြည့်​ရှု​ရန် လော။ မှန်​ပေ​၏။ ပ​ရော​ဖက်​ထက်​ကြီး​မြတ်​သူ ကို​ကြည့်​ရှု​ရန်​ဖြစ်​၏။-

27. ကျမ်း​စာ​တော်​တွင် `နား​ထောင်​လော့၊ သင်​၏​လမ်း ကို​အ​သင့်​ဖြစ်​စေ​ရန် ငါ​၏​စေ​တ​မန်​ကို​သင့် အ​လျင်​စေ​လွှတ်​မည်' ဟု​ဖော်​ပြ​ထား​၏။ ယော​ဟန်​ကား​ထို​စေ​တ​မန်​ပင်​ဖြစ်​၏။-

28. အ​မျိုး​သ​မီး​များ​မှ​ဖွား​မြင်​သူ​များ​အ​နက် ယော​ဟန်​ထက်​ကြီး​မြတ်​သူ​တစ်​ယောက်​မျှ​မ​ရှိ ဟု​သင်​တို့​အား​ငါ​ဆို​၏။ သို့​ရာ​တွင်​ဘု​ရား သ​ခင်​၏​အုပ်​စိုး​ခြင်း​ကို​ဝန်​ခံ​သူ​တို့​တွင် အ​သိမ်​ငယ်​ဆုံး​သော​သူ​သည်​ယော​ဟန်​ထက် ကြီး​မြတ်​၏'' ဟု​မိန့်​တော်​မူ​၏။

29. လူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​၏​စ​ကား​တော် ကို​ကြား​ကြ​၏။ ထို​သူ​တို့​အ​နက်​အ​ထူး​သ​ဖြင့် အ​ခွန်​ခံ​သူ​များ​သည်​ဘု​ရား​သ​ခင်​၏​ဖြောင့်​မှန် သော​ပြ​ဋ္ဌာန်း​ချက်​များ​ကို​လိုက်​နာ​၍ ယော​ဟန် ထံ​မှ​ဗတ္တိဇံ​မင်္ဂ​လာ​ကို​ခံ​ယူ​ခဲ့​သူ​များ​ဖြစ် ကြ​၏။-

30. သို့​ရာ​တွင်​ဖာ​ရိ​ရှဲ​နှင့်​ကျမ်း​တတ်​ဆ​ရာ​များ​မူ ကား မိ​မိ​တို့​အ​တွက်​ဘု​ရား​သ​ခင်​ထား​ရှိ​တော် မူ​သော​အ​ကြံ​အ​စည်​တော်​ကို​ပစ်​ပယ်​သူ​များ ဖြစ်​ကြ​သ​ဖြင့် ယော​ဟန်​ထံ​တွင်​ဗတ္တိ​ဇံ​ကို မ​ခံ​မ​ယူ​ကြ။

31. ကိုယ်​တော်​က ``ဤ​ခေတ်​လူ​တို့​ကို​အ​ဘယ်​သို့​ပုံ ဥ​ပ​မာ​ခိုင်း​နှိုင်း​ရ​မည်​နည်း။ သူ​တို့​သည်​အ​ဘယ် သူ​များ​နှင့်​တူ​ကြ​သ​နည်း။-

32. သူ​တို့​ကား​စျေး​ရပ်​ကွက်​တွင်​ထိုင်​လျက် `ငါ​တို့ သာ​ယာ​စွာ​တီး​မှုတ်​သော်​လည်း​သင်​တို့​သည် မ​က​မ​ခုန်။ ငါ​တို့​ငို​ချင်း​ကို​ဆို​သော်​လည်း သင်​တို့​သည်​မ​ငို​မ​ကြွေး' ဟု​အ​ချင်း​ချင်း အော်​ဟစ်​ပြော​ဆို​သော​က​လေး​သူ​ငယ်​များ နှင့်​တူ​၏။-

33. အ​ဘယ်​ကြောင့်​ဆို​သော်​ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန် သည်​အ​စား​အ​စာ​ကို​မ​စား၊ စ​ပျစ်​ရည်​ကို မ​သောက်​ဘဲ​လာ​သော​အ​ခါ​သင်​တို့​က `ဤ သူ​သည်​နတ်​မိစ္ဆာ​ပူး​ဝင်​သူ' ဟု​ဆို​ကြ​၏။-

34. လူ​သား​သည်​စား​လျက်​သောက်​လျက်​လာ​သော အ​ခါ​သင်​တို့​က `ကြည့်​လော့၊' ဤ​သူ​သည်​စား ကြူး​သူ​ဖြစ်​သည်။ အ​ခွန်​ခံ​သူ​များ​နှင့်​အ​ခြား အ​ပယ်​ခံ​သူ​များ​နှင့်​မိတ်​ဖွဲ့​သူ​ဖြစ်​သည်' ဟု ဆို​ကြ​၏။-

35. သို့​ရာ​တွင်​ဘု​ရား​သ​ခင်​၏​ရွှေ​ဉာဏ်​တော်​ကို လက်​ခံ​သူ​အ​ပေါင်း​တို့​က ထို​ရွှေ​ဉာဏ်​တော် သည်​မှန်​ကန်​ကြောင်း​ကို​ပြ​သ​ကြ​၏'' ဟု မိန့်​တော်​မူ​၏။

36. ဖာ​ရိ​ရှဲ​တစ်​ယောက်​သည်​ကိုယ်​တော်​အား​မိ​မိ နှင့်​အ​တူ​ည​စာ​သုံး​ဆောင်​တော်​မူ​ရန်​ပင့်​ဖိတ် ၏။ ကိုယ်​တော်​သည်​ဖာ​ရိ​ရှဲ​၏​အိမ်​သို့​ဝင်​၍​စား ပွဲ​တွင်​ထိုင်​တော်​မူ​၏။-

37. ထို​မြို့​တွင်​အ​ပြစ်​ကူး​သူ​အ​မျိုး​သမီး​တစ် ယောက်​ရှိ​၏။ သူ​သည်​ဖာ​ရိ​ရှဲ​၏​အိမ်​တွင်​ကိုယ်​တော် ည​စာ​သုံး​ဆောင်​တော်​မူ​ကြောင်း​ကို​သိ​သော​အ​ခါ ဆီ​မွှေး​ကျောက်​ဖြူ​ဘူး​တစ်​လုံး​ကို​ယူ​ဆောင်​ပြီး လျှင် ကိုယ်​တော်​၏​နောက်​၌​ခြေ​တော်​ရင်း​တွင် ရပ်​လျက်​ငို​ယို​ကာ​နေ​၏။-

38. သူ​၏​မျက်​ရည်​သည်​ကိုယ်​တော်​၏​ခြေ​များ အ​ပေါ်​သို့​ကျ​သည်​ရှိ​သော်​မိ​မိ​၏​ဆံ​ပင် ဖြင့်​သုတ်​၏။ ထို​နောက်​ထို​အ​မျိုး​သ​မီး​သည် ကိုယ်​တော်​၏​ခြေ​များ​ကို​နမ်း​ရှုပ်​ပြီး​လျှင် ဆီ​မွှေး​ဖြင့်​သုတ်​လိမ်း​လျက်​နေ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ လုကာ 7