1. သခင်ယေရှုသည်လူတို့အားဤသို့ဟောပြော သွန်သင်ပြီးနောက်ကပေရနောင်မြို့သို့ကြွ တော်မူ၏။-
2. ထိုမြို့တွင်တာဝန်ကျသောတပ်ခွဲမှူးတစ်ယောက် ၌အစေခံတစ်ယောက်ရှိ၏။ တပ်ခွဲမှူးသည်ထို အစေခံကိုအလွန်ချစ်မြတ်နိုး၏။ သူသည် ဖျားနာလျက်သေအံ့ဆဲဆဲဖြစ်၍နေ၏။-
3. တပ်ခွဲမှူးသည်သခင်ယေရှု၏သတင်းတော်ကို ကြားသောအခါ ယုဒအမျိုးသားခေါင်းဆောင် များကိုအထံတော်သို့စေလွှတ်ပြီးလျှင် ကိုယ် တော်ကြွ၍မိမိအစေခံအားကျန်းမာစေရန် လျှောက်စေ၏။-
4. သခင်ယေရှုထံသို့ရောက်သောအခါခေါင်းဆောင် က ``ထိုတပ်ခွဲမှူးသည်အရှင်၏ကျေးဇူးပြုခြင်း ကိုခံထိုက်သူဖြစ်ပါ၏။-
5. အကျွန်ုပ်တို့အမျိုးသားများကိုချစ်သောကြောင့် တရားဇရပ်တစ်ဆောင်ကိုဆောက်လုပ်ပေးသူ ဖြစ်ပါ၏'' ဟုလေးနက်စွာထောက်ခံလျှောက် ထားကြ၏။
6. သခင်ယေရှုသည်ထိုသူတို့နှင့်အတူကြွတော် မူ၍ တပ်ခွဲမှူး၏အိမ်နှင့်မလှမ်းမကမ်းသို့ရောက် တော်မူ၏။ ထိုအခါတပ်ခွဲမှူးသည်မိတ်ဆွေများ ကိုကိုယ်တော်၏ထံသို့စေလွှတ်ကာ ``အရှင်၊ ဒုက္ခ ရှာတော်မမူပါနှင့်။ အကျွန်ုပ်သည်မထိုက်မတန် သူဖြစ်ပါ၏။ အကျွန်ုပ်၏အိမ်မိုးအောက်သို့အရှင် ဝင်တော်မူရန်မသင့်လျော်ပါ။ ထို့အတူအကျွန်ုပ် သည်အရှင်၏အထံတော်သို့လာထိုက်သူမဟုတ် ဟုယူဆပါ၏။-
7. အမိန့်တော်ကိုသာပေးတော်မူပါလျှင် အကျွန်ုပ် ၏အစေခံသည်ကျန်းမာလာပါလိမ့်မည်။-
8. အကျွန်ုပ်ကိုယ်တိုင်ပင်အထက်အရာရှိအောက် တွင်အမှုထမ်းသူဖြစ်၍ အကျွန်ုပ်၏လက်အောက် တွင်လည်းစစ်သားများရှိပါ၏။ စစ်သားတစ် ယောက်အား `သွားလော့' ဟုဆိုလျှင်သူသည်သွား ပါ၏။ အခြားတစ်ယောက်အား `လာခဲ့' ဟုဆိုလျှင် လာပါ၏။ အကျွန်ုပ်၏ကျွန်အား `ဤအမှုကိုပြု လော့' ဟုဆိုလျှင်သူသည်ပြုပါ၏'' ဟုလျှောက် ထားစေ၏။ ဤစကားကိုသခင်ယေရှုကြား တော်မူလျှင်အံ့သြတော်မူ၏။
9. ကိုယ်တော်သည်နောက်တော်ကလိုက်လာကြ သော လူပရိသတ်တို့ကိုလှည့်ကြည့်တော်မူ လျက် ``ငါဆိုသည်ကားဤကဲ့သို့သောယုံကြည် ခြင်းကို ဣသရေလအမျိုးသားတို့အထဲမှာ ပင် ငါမတွေ့မကြုံဖူးသေး'' ဟုမိန့်တော်မူ၏။
10. တပ်ခွဲမှူးစေလွှတ်လိုက်သောသူများသည်အိမ် သို့ပြန်ရောက်ကြသောအခါထိုအစေခံသည် ကျန်းမာလျက်ရှိသည်ကိုတွေ့ကြ၏။
11. ထိုနောက်ကိုယ်တော်သည်နာဣနမြို့သို့ကြွတော် မူသောအခါ တပည့်တော်တို့နှင့်လူပရိသတ် ကြီးသည်လိုက်ပါလာကြ၏။-
12. မြို့တံခါးအနီးသို့ကိုယ်တော်ရောက်ချိန်၌ လူတို့ သည်မုဆိုးမတစ်ယောက်၏တစ်ဦးတည်းသော သား၏အလောင်းကိုသင်္ဂြိုဟ်ရန် မြို့ပြင်သို့ထုတ် ဆောင်လာကြ၏။ ထိုမုဆိုးမနှင့်အတူမြို့သူ မြို့သားတို့သည်လိုက်ပို့ကြ၏။-