ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

လုကာ 6:17-25 Common Language Bible (BCL)

17. ကိုယ်​တော်​သည်​တ​မန်​တော်​တို့​နှင့်​အ​တူ​တောင် ပေါ်​က​ဆင်း​သက်​တော်​မူ​၍​မြေ​ညီ​ရာ​သို့​ရောက် တော်​မူ​၏။ ထို​နေ​ရာ​မှာ​တ​ပည့်​တော်​စု​ကြီး တစ်​စု​အ​ပြင်၊ ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင် မြို့​မှ​လည်း​ကောင်း၊ ပင်​လယ်​ကမ်း​ခြေ​ရှိ​တု​ရု၊ ဇိ​ဒုန်​မြို့​များ​မှ​လည်း​ကောင်း​လာ​ကြ​သူ အ​မြောက်​အ​မြား​ရှိ​၏။-

18. ထို​သူ​တို့​သည်​ကိုယ်​တော်​၏​တ​ရား​တော်​ကို ကြား​နာ​ရန်​နှင့်​မိ​မိ​တို့​၏​အ​နာ​ရော​ဂါ​များ ပျောက်​ကင်း​စေ​ရန်​လာ​ရောက်​ကြ​ခြင်း​ဖြစ်​၏။ ညစ်​ညမ်း​သော​နတ်​ညှဉ်း​ဆဲ​ခြင်း​ခံ​ရ​သူ​များ လည်း​လာ​၍​အ​နာ​ရော​ဂါ​ပျောက်​ကင်း​သွား​၏။-

19. ကိုယ်​တော်​၏​ထံ​တော်​မှ​တန်​ခိုး​ထွက်​၍​အ​နာ ရော​ဂါ​များ​ကို​ပျောက်​ကင်း​စေ​သော​ကြောင့် လူ ပ​ရိ​သတ်​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​ကို​တို့ ထိ​နိုင်​ရန်​ကြိုး​စား​ကြ​၏။

20. သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​တို့​ကိုကြည့်​တော်​မူ​ပြီး​လျှင် ``ဆင်း​ရဲ​သူ​တို့၊ သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည်​သင်​တို့​၏​နိုင်​ငံ ဖြစ်​၏။

21. ``ယ​ခု​အ​ခါ​ဆာ​ငတ်​နေ​သူ​တို့၊သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။သင်​တို့​ဝ​ပြော​ရ​မည့်​အ​ချိန်​ရောက်​လိမ့်​မည်။``ငို​ကြွေး​နေ​ကြ​သူ​တို့၊သင်​တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​ရယ်​မော​ရ​မည့်​အ​ချိန်​ရောက်​လိမ့်​မည်။

22. ``လူ​သား​ကြောင့်​သင်​တို့​ကို​လူ​များ​မုန်း​ကြ​သော အ​ခါ​၌​လည်း​ကောင်း၊ ပစ်​ပယ်​ကြ​သော​အ​ခါ​၌ လည်း​ကောင်း၊ သင်​တို့​၏​ဂုဏ်​အ​သ​ရေ​ကို​ရှုတ်​ချ ကြ​သော​အ​ခါ​၌​လည်း​ကောင်း​သင်​တို့​သည်​မင်္ဂလာ ရှိ​ကြ​၏။-

23. ထို​သို့​တွေ့​ကြုံ​ခံ​စား​ရ​သော​အ​ခါ​ဝမ်း​မြောက် ကြ​လော့။ ရွှင်​မြူး​သ​ဖြင့်​က​ခုန်​ကြ​လော့။ ကောင်း ကင်​ဘုံ​တွင်​သင်​တို့​ရ​မည့်​အ​ကျိုး​ကား​ကြီး လှ​၏။ ဤ​သို့​သင်​တို့​အား​ပြု​ကျင့်​သူ​များ ၏​ဘိုး​ဘေး​များ​သည်​ရှေး​ပ​ရော​ဖက်​တို့​ကို ဤ​နည်း​အ​တိုင်း​ပင်​နှိပ်​စက်​ခဲ့​ကြ​၏။

24. ``သို့​သော်​ကြွယ်​ဝ​ချမ်း​သာ​သူ​တို့၊သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ​၏။သင်​တို့​သည်​ယ​ခု​ဘ​ဝ​၌​သက်​သာ​စွာ​နေ​ထိုင် ရ​ကြ​၏။

25. ``ယ​ခု​အ​ခါ​ဝ​စွာ​စား​သောက်​ရ​သူ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။သင်​တို့​ဆာ​ငတ်​ရ​မည့်​အ​ချိန်​ရောက်​လိမ့်​မည်။ယ​ခု​အ​ခါ​ရယ်​မော​ကြ​သူ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။သင်​တို့​ပူ​ဆွေး​ငို​ယို​ရ​မည့်​အ​ချိန်​ရောက်​လိမ့်​မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ လုကာ 6